28
မေလိတေကျွန်းသို့ ရောက်ဟိခြင်း
အကျွန်ရို့သည် အသက်ဘေးမှလွတ်၍ ကမ်းထက်သို့ ရောက်သောအခါ ၎င်းကို မေလိတေကျွန်းဟု ခေါ်ကြောင်း သိရကြ၏။ ထိုကျွန်းသူကျွန်းသားရို့သည် အကျွန်ရို့အား အလွန်ရင်းနှီးစွာ ချစ်ခင်ကြင်နာမှုကို ပြသကြ၏။ မိုးရွာ၍ ချမ်းသောကြောင့် ထိုသူရို့သည် မီးပုံတစ်ပုံကို ဖိုပြီး အကျွန်ရို့အား ကြိုဆိုကြ၏။ ပေါလုသည် ထင်းကို စုသိမ်း၍ မီးထဲ၌ ထည့်လေ၏။ ထိုအခါ မြွီတစ်ကောင်သည် မီးအပူဟိန်ကြောင့် ထွက်လာ၍ ပေါလု၏လက်ကို တွယ်တက်လျက်နိန်၏။ ထိုအခါ ကျွန်းသားရို့က ပေါလုလက်၌ မြွီတွယ်တက်နိန်သည်ကို မြင်လျှင် “ဤသူသည် လူသတ်သမားဖြစ်မည်။ ပင်လယ်၌ အသက်ဘေးမှ လွတ်မြောက်လာသော်လည်း၊ ကံတရားက သူ့အား အသက်ရှင်ခြင်းငှာ အခွင့်မပီး” ဟု အချင်းချင်း ပြောဆိုကြ၏။ သို့သော် ပေါလု၌ ဇာဘေးမျှ မဖြစ်ဘဲ ထိုမြွီကို မီးထဲသို့ ခါချလိုက်၏။ ဒေသခံရို့မူကား ပေါလုခန္ဓာသည် ရောင်ရမ်းလာပြီး လဲကျကာ သီဆုံးလားမည်ဟု ထင်မှတ်၍ စောင့်ကြည့်နိန်ကြ၏၊ သို့ရာတွင် အချိန်ကြာမြင့်စွာ စောင့်ကြည့်နိန်သော်လည်း ပေါလု၌ ထူးခြားသော‌ဖီး တစ်ခုမျှ ဖြစ်မလာသည်ကို မြင်ကြသောအခါ သူရို့၏ထင်မှတ်ချက်သည် ပြောင်းလဲ၍ “ဤသူသည် နတ်ဘုရားတစ်ပါး ဖြစ်၏” ဟု ပြောဆိုကြ၏။
ထိုအရပ်နှင့် မနီးမဝီးတွင် ပုဗလိအမည်ဟိသော ကျွန်းသူကြီး ပိုင်ဆိုင်သော မြီယာများ ဟိ၏။ ထိုသူကြီးသည် အကျွန်ရို့ကို ချစ်ခင်ကြင်နာစွာ ကြိုဆိုပြီး၊ သုံးရက်ပတ်လုံး ကောင်းစွာ ဧည့်ခံကျွေးမွေးလေ၏။ ပုဗလိ၏ အဖသည် အပြင်းဖျားနှင့် ဝမ်းကိုက်ရောဂါများကို ခံစားရပြီး အိပ်ရာ၌ လဲနိန်၏။ ပေါလုသည်လည်း သူ၏အခန်းထဲသို့ လား၍ ဆုတောင်းပြီးနောက် သူ့အထက်၌ မိမိ၏လက်ကို တင်ကာ ကျန်းမာလာစီ၏။ ထိုအခြင်းအရာများကြောင့် ကျွန်းထက်၌ဟိသော တခြား မကျန်းမာသောသူ အားလုံးသည်လည်း ပေါလုပါးသို့ ရောက်လာကြ၍ ကျန်းမာခြင်းကို ရကြလေ၏။ 10 သူရို့သည် များစွာသော လက်ဆောင်များကို အကျွန်ရို့အား ပီးကြလေ၏။ အကျွန်ရို့သည် ထိုမှ ရွက်ရွှင့်ကြသောအခါလည်း လမ်းခရီး၌ လိုအပ်သော စားနပ်ရိက္ခာများကို သင်္ဘောထက်သို့ တင်ပီးကြ၏။
မေလိတေကျွန်းမှ ရောမမြို့သို့
11 သုံးလလွန်သောအခါ အကျွန်ရို့သည် “နတ်သားအမြွှာ” ဟု ခေါ်သော အာလေဇန္ဒြိမြို့မှ လာသော သင်္ဘောကို စီး၍ ရွက်ရွှင့်ကြ၏။ ထိုသင်္ဘောသည် ဆောင်းကာလပတ်လုံး ထိုကျွန်း၌ နီခဖူးသော သင်္ဘောဖြစ်၏။ 12 အကျွန်ရို့သည် သုရကုတ်မြို့သို့ ရောက်လျှင် သုံးရက်မျှနီထိုင်ကြ၏။ 13 ထိုမြို့မှ ရွက်ရွှင့်ပြန်ရာ ရီဂျုန်မြို့သို့ ရောက်ကြ၏။ နောက်တစ်နိ့တွင် တောင်လီသည် စတင် တိုက်ခတ်လာသောကြောင့်၊ နှစ်ရက်အကြာ၌ ပေါတယောလိမြို့သို့ ရောက်ကြ၏။ 14 ထိုမြို့၌ တချို့သော ယုံကြည်သူများနှင့် တွိ့၍ အကျွန်ရို့အား တစ်ပတ်ခန့်မျှ သူရို့နှင့်အတူ နီထိုင်ပီးစီခြင်းငှာ တောင်းပန်သည့်အတိုင်း နီကြလေ၏။ ထို့နောက်မှ အကျွန်ရို့သည် ရောမမြို့သို့ ခရီးပြုကြ၏။ 15 ရောမမြို့၌ ဟိသော ယုံကြည်သူများသည် အကျွန်ရို့၏ သတင်းကို ကြားကြလျှင်၊ ကြိုဆိုခြင်းငှာ တချို့သည် အပ္ပိဈီးတိုင်အောင်လည်းကောင်း၊ တချို့သည် ဧည့်ရိပ်သာသုံးဆောင်ဟု ခေါ်သော အရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူရို့ကို မြင်သောအခါ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ကြီးစွာ စိတ်အားတက်လေ၏။
ရောမမြို့၌ အမှုတော်ဆောင်ခြင်း
16 အကျွန်ရို့သည် ရောမမြို့သို့ ရောက်သောအခါ၊ ပေါလုသည် မိမိအား အစောင့်စစ်သား တစ်ယောက်နှင့်အတူ နီရသောအခွင့်ကို ရ၏။
17 သုံးရက်လွန်သောအခါ၊ ပေါလုသည် ဒေသခံ ယုဒ ခေါင်းဆောင်တိကို တွိ့ဆုံခြင်းငှာ ခေါ်လေ၏။ ထိုသူရို့သည် စုရုံးလာကြသောအခါ ပေါလုက “ငါ၏ ညီအစ်ကို ဣသရေလလူမျိုးရို့၊ ငါသည် မိမိအမျိုးသားရို့ကိုလည်းကောင်း၊ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးခသော ထုံးတမ်းဓလေ့ကို သော်လည်းကောင်း မဆန့်ကျင်ခ သော်လည်း၊ ယုဒအမျိုးသားရို့သည် ငါ့ကို ယေရုဆလင်မြို့၌ ဖမ်းဆီးပြီး ရောမလူမျိုးရို့၏ လက်သို့ အပ်လိုက်ကြ၏။ 18 သူရို့သည် ငါ့ကို စစ်ဆီးပြီးမှ ငါ၌ သီထိုက်သော အပြစ်တစ်စုံတစ်ခုမျှ မတွိ့သောကြောင့် လွတ်စီလိုကြ၏။ 19 တ ၂၅.၁၁သို့ရာတွင် ယုဒလူမျိုးရို့က ဆန့်ကျင်သောကြောင့် ငါသည် ဧကရာဇ်ဘုရင်ထံ၌ အယူခံဝင်ပါမည်ဟု ဆိုရပါ၏။ ထိုသို့ ပြုရခြင်းမှာ မိမိလူမျိုးရို့ကို အပြစ်တင်စွပ်စွဲစရာ တစ်စုံတစ်ခု ဟိသောကြောင့် မဟုတ်။ 20 ထို့ကြောင့် သင်ရို့အား တွိ့ဆုံခွင့်နှင့် ပြောဆိုခွင့်ကို ဤသို့ တောင်းရခြင်းဖြစ်ပါ၏။ ငါသည် ဤကဲ့သို့ သံကြိုးများဖြင့် တုပ်နှောင်ခြင်းကို ခံရသည်မှာ ဣသရေလအမျိုးသားရို့ မျှော်လင့်နိန်သော အသျှင်ကြောင့်သာ ဖြစ်၏” ဟု ပြောလေ၏။
21 သူရို့ကလည်း “သင်၏အကြောင်းကို ယုဒပြည်မှ ရီး၍ပီးလိုက်သော ဇာစာကိုမျှ အကျွန်ရို့ မရဘဲ၊ အကျွန်ရို့၏ လူတိလည်း သင်၏အကြောင်းနှင့်ပတ်သတ်၍ မကောင်းသောအရာ တစ်စုံတစ်ခုကိုမျှ သတင်းပို့သောသူ သို့မဟုတ် ပြောသောသူ တစ်ယောက်မျှ မဟိကြပါ။ 22 သို့ပင်သျှောင် သင်၏ အယူအဆ အကြောင်းကိုမူ ငါရို့ နားထောင်လိုပါ၏။ အကြောင်းမူကား ဤဂိုဏ်းခွဲကို အရပ်ရပ်၌ ဟိသောလူတိက ဆန့်ကျင်ပြောဆိုနိန်ကြသည်ကို ငါရို့သိကြ၏” ဟု ဆိုကြ၏။
23 ထို့ကြောင့် သူရို့သည် ပေါလုကို ရက်ချိန်းပီးကြပြီး၊ ထိုနိ့ရက် ရောက်လာသောအခါ များစွာသောလူရို့သည် ပေါလုတည်းခိုရာသို့ ရောက်လာကြ၏။ ပေါလုကလည်း ထိုသူရို့အား မိုးထဖက်မှ စ၍ ညမိုးချုပ်သည်ထိတိုင်အောင် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ယှင်းပြဟောပြောလေ၏။ ယေသျှု၏ အကြောင်းကို နားလည်ယုံကြည်စီခြင်းငှာ မောသျှေ၏ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းများမှ ကိုးကား၍ ကြိုးစားကာ ဟောပြောလေ၏။ 24 လူတချို့သည် ပေါလုဟောပြောချက်ကို နားလည်သဘောပေါက် လာကြသော်လည်း၊ အချို့မူကား မယုံကြည်ကြ။ 25 ထို့ကြောင့် သူရို့သည် အချင်းချင်း သဘောထားကွဲ၍ ထွက်လားကြသည်မှာ ပေါလု၏ နောက်ဆုံးသောစကားကို ကြားကြသောကြောင့် ဖြစ်၏။ ထိုစကားမူကား “သန့်ယှင်းသောဝိညာဉ်တော်သည် သင်ရို့၏ အဖိုးအဖီးရို့ကို ပရောဖက် ဟေသျှာယအားဖြင့် မိန့်တော်မူခသော စကားသည်ကား၊
26 “ ‘ဤလူမျိုးပါးသို့ လား၍ ဟောပြောကြလော။
သင်ရို့သည် နားထောင်ပြီးယင်း နားထောင်သော်လည်း၊ နားမလည်ကြ။
သင်ရို့သည် ကြည့်ပြီးယင်း ကြည့်ကတ်သော်လည်း၊ မတွိ့မြင်ကြ။
27 အကြောင်းမူကား ဤလူရို့၏စိတ်နှလုံးသည် မာကြောလျက်၊
နားသည်လည်း ထိုင်းလျက်၊
မျက်စိသည်လည်း ပိတ်လျက် ဟိကြ၏။
ထိုသို့ မဟုတ်ဘဲ၊ သူရို့မျက်စိသည် မြင်ကြလျက်၊
သူရို့၏ နားသည်လည်း ကြားကြပြီး၊
သူရို့၏ စိတ်နှလုံးသည် နားလည်ကြလျှင်၊
သူရို့သည် ငါ့ပါးသို့ လှည့်လာ၍
ငါသည်လည်း သူရို့၏ အနာရောဂါကို ကျန်းမာစီမည် ဟူ၍ ဘုရားသခင် မိန့်တော်မူ၏’ ဟု ဆိုလေ၏။”
28 ထို့နောက် ပေါလုကလည်း “သို့ဖြစ်၍ ငါသည် သင်ရို့ကို သိစီလိုသည်မှာ၊ ငါ့ဘုရားသခင်၏ ကယ်တင်ခြင်းတရားသည် တခြားလူမျိုးရို့အား ပီးလိုက်သည်ဖြစ်၍ သူရို့သည် နားထောင်ကြလိမ့်မည်” ဟု ဟောပြောကာ အဆုံးသတ်လေ၏။ 29 *အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၉ ကို၊ ဤအရာကို ပေါလု ပြောပြီးနောက်၊ ယုဒအမျိုးသားများသည် မိမိရို့အချင်းချင်း၌ ပြင်းစွာငြင်းခုံပြီး ပြန်လားလေ၏၊ ဟူ၍ ဖြည့်စွက်ထားသည်။
30 ပေါလုသည် ထိုမြို့တွင် မိမိ ငှားထားသောအိမ်၌ နှစ်နှစ်ပတ်လုံး နီ၍၊ မိမိအား လာရောက်တွိ့လိုသောသူ မှန်သမျှကို ကြိုဆိုလက်ခံလေ၏။ 31 ထိုသူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းနှင့် အသျှင်ယေသျှုခရစ်တော်၏ အကြောင်းအလုံးစုံကို ရဲရင့်စွာ လွတ်လွတ်လပ်လပ် ဟောပြောသွန်သင်လေ၏။

28:19 တ ၂၅.၁၁

*28:29 အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၉ ကို၊ ဤအရာကို ပေါလု ပြောပြီးနောက်၊ ယုဒအမျိုးသားများသည် မိမိရို့အချင်းချင်း၌ ပြင်းစွာငြင်းခုံပြီး ပြန်လားလေ၏၊ ဟူ၍ ဖြည့်စွက်ထားသည်။