ဟေဗြဲ
အသင်းတော်သို့ ပီးစာ
နိဒါန်း
ဟေဗြဲ အသင်းတော်သို့ ပီးစာ သည် ဓမ္မဟောင်းကျမ်း၌ ပရောဖက်ပြုထားချက်များကို ယေသျှုက မည်သို့ ပြည့်စုံလာစီကြောင်း ဖော်ပြထားသော အားပီးတိုက်တွန်းစာ တစ်စောင် ဖြစ်ပါသည်။ ဤပီးစာကို တရားဟောချက် တစ်ခုကဲ့သို့ ရီးသားထားပါသည်။ ဟေဗြဲ အသင်းတော်သို့ ပီးစာ၌ ယေသျှုခရစ်တော်သည် ပရောဖက်တိ ဟောထားချက်များ မည်သို့ ပြည့်စုံလာကြောင်းကိုလည်းကောင်း၊ ယုဒလူမျိုး ယဇ်ပုရောဟိတ်မင်း၏ တာဝန်ကိုလည်းကောင်း ဓမ္မဟောင်းပါ ကျမ်းချက်ပေါင်း ၆၀ ကျော်ကို ကိုးကားလျက် ယှင်းလင်းစွာ ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာသည် ယုဒခရစ်ယာန်များကို အားပီးတိုက်တွန်းရန်အတွက် ဖြစ်သည်ဟု ဆိုနိုင်၏။ ဟေဗြဲအသင်းတော်သို့ ပီးစာ၌ ယဇ်ပုရောဟိတ်မင်းရို့သည် မည်သည့်အခါ၌မျှ နောက်တဖန် ယဇ်ပူဇော်ခြင်း မဟိကြစီရန် ယေသျှုခရစ်တော်သည် ပညတ်တရားကို မည်သို့ ပြည့်စုံစီခကြောင်းကို ဖော်ပြထားပါသည်။ ယေသျှုသည် တစ်ကြိမ် ပြစ်မှားမိသော အပြစ်များအတွက် သော်လည်းကောင်း၊ အခါခပ်သိမ်း၌ ပြစ်မှားမိသော အပြစ်များအတွက် သော်လည်းကောင်း၊ အပြစ်အားလုံးအတွက် ပူဇော်ပီးခသော ယဇ်ဖြစ်၏။ ဂနိ့ ခရစ်ယာန်များ ဘုရားသခင်ကို ယုံကြည်ကိုးစားကြစီခြင်းငှာ လည်းကောင်း၊ ယေသျှုခရစ်တော်ကို ယုံကြည်ကိုးစားကြစီခြင်းငှာ လည်းကောင်း၊ ငါရို့အတွက် ပူဇော်သကာယဇ်ကို ပူဇော်ပီးခသော သူတည်းဟူသော ယေသျှုခရစ်တော်နောက်ကို လိုက်ပါကြစီခြင်းငှာလည်းကောင်း အားပီးတိုက်တွန်းချက်များကို ဟေဗြဲအသင်းတော်သို့ ပီးစာ၌ တွိ့နိုင်၏ (၁၂.၂)။
ဟေဗြဲအသင်းတော်သို့ ပီးသောစာကို ဇာသူ ရီးခကြောင်းကို မသိကြပေ။ သို့သော် ပညာသျှင်ရို့က တမန်တော် ပေါလု သို့မဟုတ် လုကာ သို့မဟုတ် ဗာနဗ ဖြစ်နိုင်ကြောင်း ခန့်မှန်းကြပါသည်။ မည်သည့်အချိန်က ရီးခကြောင်းကို မသိကြသော်လည်း ခရစ်တော်မွီးဖွားပြီးနောက် ၇၀ ခုနှစ် မတိုင်ခင်က ရီးခသည်ဟု ပညာသျှင်အများစုက ယုံကြည်ကြပါသည်။ ယေရုဆလင်မြို့သည် ခရစ်တော်မွီးဖွားပြီးနောက် ၇၀ ခုနှစ်တွင် ဖျက်ဆီးခြင်းကို ခံရ၏။ သို့ရာတွင် ဤစာကို ရီးသားသော စာရေးသူသည် ယေရုဆလင်မြို့ အကြောင်းကို ပြောဆိုထားသည်ဖြစ်၍ ယေရုဆလင်မြို့ ဖျက်ဆီးမခံရခင် ဤစာကို ရီးခ ဟန်ဟိ၏။ ဟေဗြဲအသင်းတော်သို့ ပီးသောစာကို ရောမမြို့၌ ရီးသားခပြီး (၁၃.၂၄)၊ ဤပီးစာသည် အသင်းတော်များ၌ ပြန့်နှံ့ခလေ၏။
အကြောင်းအရာ အကျဉ်းချုပ်
၁။ စာရီးသူက ယေသျှုသည် ဘုရားသခင်၏ ပရောဖက်တိထက် လည်းကောင်း၊ ကောင်းကင်တမန်တိထက်လည်းကောင်း ကြီးမြတ်သောသူဖြစ်ကြောင်း ဖော်ပြထားခြင်း (၁.၁—၄.၁၃)
၂။ ထို့နောက် သူက ယေသျှုသည် ယေရုဆလင်မြို့ ဗိမာန်တော်၌ အမှုထမ်းလျက်ဟိကြသော ယဇ်ပုရောဟိတ်မင်းတိထက်လည်း ကြီးမြတ်သောသူ ဖြစ်ကြောင်းကို ဆက်လက်၍ ဖော်ပြထားခြင်း (၄.၁၄—၇.၂၈)
၃။ ယေသျှု၏ သာသနာတော်သည် ဘုရားသခင်က မောသျှေအား ပီးခသော ပညတ်တရားအားဖြင့် မိမိ၏လူတိနှင့် ပြုခသော ကတိတော်ဟောင်းထက်လည်း ကြီးမြတ်တော်မူကြောင်း ဖော်ပြထားခြင်း (၈.၁—၁၀.၃၁)
၄။ စာရီးသူက ယေသျှုသည် ခပ်သိမ်းသောအရာတိုင်း၌ ကြီးမြတ်တော်မူကြောင်းကို ယှင်းပြပြီးနောက် လက်တွိ့ကျင့်သုံးမှုဆိုင်ရာ သွန်သင်ချက်များစွာကိုလည်း ဖော်ပြထားခြင်း (၁၀.၃၂—၁၃.၁၇)
၅။ နောက်ဆုံး၌ စာရီးသူက အားပီးတိုက်တွန်းခြင်းများ၊ နှုတ်ဆက်စကားပြောခြင်းများဖြင့် ဤစာစောင်ကို နိဂုံးချုပ်ထားခြင်း (၁၃.၁၈–၂၅)
1
သားတော်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်
ဘုရားသခင်သည် အတိတ်ကာလ၌ ပရောဖက်တိမှတစ်ဆင့် ငါရို့ အဖိုး အဖီးတိကို နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် မိန့်မှာတော်မူခ၏။ သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။ သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
ဘုရားသခင်သားတော်၏ ကြီးမြတ်တော်မူခြင်း
ဘုရားသခင်သည် ထိုသားတော်အား ကောင်းကင်တမန်ရို့ရသော ဘွဲ့နာမထက် သာ၍ ကြီးမြတ်တော်မူသော ဘွဲ့နာမတော်ကို ချီးမြှောက်တော်မူသည်နှင့်အညီ ကိုယ်တော်သည် ထိုကောင်းကင်တမန်တိထက် သာ၍ ကြီးမြတ်တော်မူ၏။ အကြောင်းမူကား ဘုရားသခင်က၊
“သင်သည် ငါ့သား ဖြစ်၏၊
အေနိ့၌ ငါသည် သင်၏အဖ ဖြစ်၏” ဟူ၍လည်းကောင်း၊
 
“ငါသည် သူ၏အဖ ဖြစ်လိမ့်မည်၊
သူသည်လည်း ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း
မိမိ၏ မည်သည့် ကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။
 
သို့ရာတွင် ဘုရားသခင်က မိမိ၏ သားဦးကို ဤလောကထဲသို့ စီရွှတ်တော်မူသောအခါ၌၊
“ဘုရားသခင်၏ ကောင်းကင်တမန်အပေါင်းရို့သည် ကိုယ်တော့်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ဘုရားသခင်က ကောင်းကင်တမန်တိ အကြာင်းကို မိန့်တော်မူသည်ကား၊
“ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်ရို့ကို လီကဲ့သို့ လည်းကောင်း၊
မိမိ၏အခိုင်းအစီများကို မီးတောက် မီးလျှံကဲ့သို့ လည်းကောင်း ဖြစ်စီတော်မူ၏” ဟူ၍ ဖြစ်သည်။
 
သို့သော်လည်း သားတော်အကြောင်းနှင့်ပတ်သတ်၍ မိန့်တော်မူသည်မှာ၊ “အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်။*အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်၊ သို့မဟုတ် ဘုရားသခင်သည် ကိုယ်တော်၏ နိုင်ငံတော်ဖြစ်၏။ ကိုယ်တော်သည် မိမိ၏ ကိုယ်တော်၏၊ အချို့သော လက်ရီးမူကျမ်း၌ မိမိ၏၊ ဟု ပါဟိ၏။ လူတိကို တရားမျှတစွာ အုပ်စိုးတော်မူ၏။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်တော်မူ၍ မတရားသောအမှုကို မုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော့်ကို ရွီးချယ်၍ မိမိ၏ အပေါင်းအဖော်ရို့ထက် ပို၍ ချီးမြှောက်ကာ ဝမ်းမြောက်ခြင်းကို ပီးတော်မူသည်” ဟု မိန့်တော်မူ၏။
 
10 ထို့နောက် ကိုယ်တော့်ကို တဖန် မိန့်တော်မူသည်မှာ၊
“သခင်ဘုရား ကိုယ်တော်သည် အစဦး၌ မြီးကြီးကို ဖန်ဆင်းတော်မူပြီး၊
မိမိလက်တော်ဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
11 ထိုအရာများသည် ပျောက်ကွယ်လားကြသော်လည်း ကိုယ်တော်သည် အမြဲ တည်တော်မူ၏။
ထိုအရာအားလုံးသည် အဝတ်များကဲ့သို့ ဟောင်းနွမ်းလားကြလိမ့်မည်။
12 ကိုယ်တော်သည် ထိုအရာများကို ဝတ်ရုံကဲ့သို့ လိပ်တော်မူလိမ့်မည်ဖြစ်၍
ထိုအရာများသည် အဝတ်ကဲ့သို့ ပြောင်းလဲလားသော်လည်း၊
ကိုယ်တော်သည် ထာဝရ တည်တော်မူလိမ့်မည်။
ကိုယ်တော်၏ အသက်တော်သည် မည်သည့်အခါမျှ ကုန်ဆုံးလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
 
13 ဘုရားသခင်သည်၊
“သင်၏ရန်သူတိကို သင်၏ ခြီအောက်၌
သင်၏ ခြီတင်ရာခုံ အဖြစ် ငါ ချထားသည့်တိုင်အောင်
ငါ၏ လက်ယာဖက်၌ ထိုင်နိန်လော့” ဟု ဇာကောင်းကင်တမန်ကိုမျှ မပြောဖူးခပေ။
14 သို့ဖြစ်၍ ကောင်းကင်တမန်တိကား ဇာသူတိလဲ၊ ထိုသူရို့သည် ကယ်တင်ခြင်းကို အမွီခံရမည့်သူရို့အား ကူညီရန် ဘုရားသခင် စီရွှတ်တော်မူသော ကိုယ်တော်၏အစီခံ ဝိညာဉ်များ ဖြစ်ကြ၏။

*1:8 အို ဘုရားသခင် ကိုယ်တော်၏ နိုင်ငံတော်သည် အစဉ်ထာဝရ တည်လိမ့်မည်၊ သို့မဟုတ် ဘုရားသခင်သည် ကိုယ်တော်၏ နိုင်ငံတော်ဖြစ်၏။

1:8 ကိုယ်တော်၏၊ အချို့သော လက်ရီးမူကျမ်း၌ မိမိ၏၊ ဟု ပါဟိ၏။