17
အပြစ် 
 (မဿဲ ၁၈.၆–၇,၂၁–၂၂; မာကု ၉.၄၂)  
 1 ယေသျှုက၊ “လူသည် အပြစ်ပြုလုပ်နိုင်သည့်အကြောင်း မုချဟိ၏။ သို့သော်လည်း အပြစ်ပြုလုပ်ခြင်းကို ဖြစ်စီသူသည် အမင်္ဂလာဟိ၏။   2 ဤသူသည် သူငယ်တစ်ယောက်ကို လမ်းလွဲစီသည်ထက် မိမိလိုင်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲပြီး ပင်လယ်ထဲသို့ ပစ်ချခံရသည်ကား ပို၍ ကောင်း၏။   3 မ ၁၈.၁၅သို့ဖြစ်၍ ကိုယ့်ကိုကိုယ် သတိပြုကြလော့။  
“သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ့ကို ခွင့်ရွှတ်လော့။   4 တစ်နိ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှားပြီး ခုနစ်ကြိမ်တိုင်တိုင် သင့်ပါးသို့လာ၍ ‘ငါနောင်တရပါဗျာယ်’ ဟုဆိုလျှင် သင်သည် သူ၏အပြစ်ကို ခွင့်ရွှတ်ရမည်” ဟု တပည့်တော်ရို့အား မိန့်တော်မူ၏။   
ယုံကြည်ခြင်း 
  5 တမန်တော်ရို့က သခင်ဘုရားအား “အကျွန်ရို့၏ ယုံကြည်ခြင်းကို တိုးပွါးစီတော်မူပါ” ဟု လျှောက်ထားကြ၏။   
 6 သခင်ဘုရားက၊ “သင်ရို့သည် မုံညှင်းစိ့မျှသာ ယုံကြည်ခြင်းဟိလျှင် ဤပိုးစာပင်ကို ‘အမြစ်ပါကျွတ်ပြီး ပင်လယ်ထဲစိုက်နိန်လော့’ ဟု ဆိုလျှင် သင်ရို့စကားကို နားထောင်လိမ့်မည်။   
အခိုင်းအစီ၏ တာဝန်ဝတ္တရား 
  7 “သင်ရို့တွင် လယ်ထွန်သားဖြစ်စီ၊ သိုးကျောင်းသားဖြစ်စီ အခိုင်းအစီတစ်ယောက်ဟိသည်ဟု ဆိုပါစို့။ ထိုသူသည် လယ်ထဲက ပြန်လာသောအခါ ညစာစားဖို့ရန် အယင်လာထိုင် ဟု သင်ရို့ထဲက ဇာသူက ပြောမည်နည်း။   8 ထိုသို့မဆိုဘဲ၊ ‘ငါ့အတွက် ညစာကိုပျင်လိုက်၊ ငါစားသောက်နိန်စဉ် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ပြီးမှ သင်စားသောက်လော့’ ဟု ဆိုမည် မဟုတ်လော။   9 အခိုင်းအစီသည် မိမိအသျှင် စီခိုင်းသည့်အတိုင်း ဆောင်ရွက်သောကြောင့် သခင်သည် သူ့အား ကျေးဇူးတင်မည်လော။   10 ထိုနည်းတူ သင်ရို့ကလည်း မိမိရို့အား စီခိုင်းသောအရာအားလုံးကို ဆောင်ရွက်ပြီးစီးချိန်၌ ‘ငါရို့သည်လည်း သာမန်အခိုင်းအစီများပင် ဖြစ်ကြ၏။ ငါရို့ဆောင်ရွက်စရာ တာဝန်ဝတ္တရားကို ဆောင်ရွက်ခြင်းသာဖြစ်သည်’ ဟု ဆိုကြလော” ဟူ၍ မိန့်တော်မူ၏။   
နူနာသည် ဆယ်ဦးကို ယေသျှု ကျန်းမာစီတော်မူခြင်း 
  11 ယေသျှုသည် ယေရုဆလင်မြို့သို့ ခရီးပြုတော်မူစဉ် ယှာမာရိနယ်နှင့် ဂါလိလဲနယ်စပ်ကြားတလျှောက် ကြွတော်မူ၏။   12 ရွာတစ်ရွာသို့ ဝင်သောအခါ နူနာသည်ဆယ်ယောက်သည် ကိုယ်တော့်ကို ခရီးဦးကြိုပြုကြ၏။ သူရို့သည် အဝီးတွင်ရပ်လျက်၊   13 “ယေသျှု၊ အကျွန်ရို့ကို သနားတော်မူပါ” ဟု ဟစ်အော်ကြ၏။   
 14 ယေသျှုသည် ထိုသူရို့ကို မြင်တော်မူလျှင်၊ “သင်ရို့သည် ယဇ်ပုရောဟိတ်တိပါးသို့ လား၍ ကိုယ်ကိုပြကြလော့” ဟု မိန့်တော်မူ၏။  
သူရို့သည် လားနိန်စဉ် သန့်ယှင်းခြင်းသို့ ရောက်ကြ၏။*သန့်ယှင်းခြင်းသို့ ရောက်ကြ၏၊ ရှု ၅.၁၂။   15 သူရို့အထဲက တစ်ယောက်သည် ရောဂါပျောက်ကင်းကြောင်းကို သိမြင်သောအခါ အထံတော်သို့ ပြန်လာ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ကျယ်သောအသံဖြင့် ချီးမွမ်းလေ၏။   16 ထို့နောက် ယေသျှု၏ ခြီတော်ရင်းတွင် ပြပ်ဝပ်လျက် ကျေးဇူးတော် ချီးမွမ်းလေ၏။ ထိုသူကား ယှာမာရိအမျိုးသားဖြစ်၏။   17 ယေသျှုက “တစ်ကျိပ်သောလူရို့သည် သန့်ယှင်းခြင်းသို့ ရောက်ကြသည် မဟုတ်လော။ ကျန်သော ကိုးယောက်ကား ဇာမှာ ဟိကြသနည်း။   18 ဤတစ်ပါးအမျိုးသား မှတစ်ပါး ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းရန် ပြန်လာသောသူ တစ်ယောက်မျှ မဟိသလော” ဟု မိန်းတော်မူ၏။   19 ထို့နောက် ယေသျှုက “သင်ထ၍ လားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ရောဂါကို ပျောက်စီ ဗျာယ်” ဟု ထိုသူအား မိန့်တော်မူ၏။   
နိုင်ငံတော်တည်ခြင်း 
 (မဿဲ ၂၄.၂၃–၂၈,၃၇–၄၁)  
 20 ဖာရိယှဲတချို့က၊ ဘုရားသခင်၏ နိုင်ငံတော်သည် ဇာအချိန်၌ တည်မည်နည်း၊ ဟု ယေသျှုအား မိန်းလျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က “ဘုရားသခင်၏ကောင်းကင် နိုင်ငံတော်သည် မြင်နိုင်သည့်အရပ်၌ မတည်။   21 ဤအရပ်၌ကြည့်လော့၊ ထိုအရပ်၌လည်း ကြည့်လော့ဟု မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်ရို့အထဲ၌†သင်ရို့အထဲ၌၊ သို့မဟုတ် သူရို့အလယ်၌၊ သို့မဟုတ် သင်ရို့အလယ်၌ ချက်ချင်းပေါ်လာလိမ့်မည်။ တည်လျက်ဟိသည်” ဟု မိန့်တော်မူ၏။   
 22 ကိုယ်တော်က တပည့်တော်ရို့အား “လူသား၏ နိ့ရက်တစ်ရက်ကို မြင်တွိ့ချင်သော်လည်း မမြင်တွိ့ရသော အချိန်ကာလ ရောက်လိမ့်မည်။   23 လူတိက ‘လူသားသည် ဤအရပ်၌ ဟိ၏။ ထိုအရပ်၌ ဟိ၏’ ဟု ဆိုသော်လည်း လိုက်ပြီး မရှာကတ်ကေ့။   24 ကောင်းကင်တစ်ဖက်မှ လျှပ်ပြက်သော အလင်းရောင်သည် ကောင်းကင်တစ်ခွင်လုံး ထွန်းတောက်သကဲ့သို့ လူသားသည် မိမိနိ့ရက်၌ ဖြစ်တော်မူလိမ့်မည်။   25 သို့သော်လည်း လူသားသည် များစွာသော ဒုက္ခဝေဒနာတိကိုလည်းကောင်း၊ ဤခေတ် လူတိ ငြင်းပယ်ခြင်းကိုလည်းကောင်း ဦးစွာခံရလိမ့်မည်။   26 နောဧလက်ထက်၌ ဖြစ်ပျက်သကဲ့သို့ လူသားလက်ထက်တွင်လည်း ဖြစ်လိမ့်မည်။   27 သင်္ဘောထဲသို့ နောဧဝင်ပြီးနောက် ရီလွှမ်းမိုးလာသဖြင့် လူအားလုံး သီကြီပျက်စီးသည့်နိ့ တိုင်အောင် လူအပေါင်းရို့သည် စားသောက်လျက်၊ အိမ်ထောင်ပြုလျက်နိန်ကြ၏။   28 ယင်းနည်းတူ လောတလက်ထက်၌ လူအပေါင်းရို့သည် စားသောက် ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နိန်ကြ၏။   29 သောဒုံမြို့မှ လောတ ထွက်ခွါလားသောနိ့တွင် ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍ သူရို့အားလုံးသည် သီကြီပျက်စီးကြ၏။   30 လူသား ပေါ်ထွန်းတော်မူသော နိ့တွင်လည်း ဤကဲ့သို့ ဖြစ်လိမ့်မည်။   
 31 မ ၂၄.၁၇–၁၈; မာ ၁၃.၁၅–၁၆“ယင်းနိ့ရက်၌ အိမ်ခေါင်ထက်တွင် ဟိသောသူသည် အိမ်ထဲ၌ဟိသော ဥစ္စာပစ္စည်းကို ယူဖို့ မဆင်းစီကေ့။ ယင်းနည်းတူ လယ်ထဲ၌ဟိသောသူသည် အိမ်မပြန်စီကေ့။   32 လောတ၏မယားကို အောက်မိ့ကြလော့။   33 မ ၁၀.၃၉; ၁၆.၂၅; မာ ၈.၃၅; လု ၉.၂၄; ယော ၁၂.၂၅မိမိအသက်ကို ကယ်လိုသောသူသည် အသက်ယှုံးလိမ့်မည်။ ကိုယ့်အသက်ကို ဆုံးယှုံးရသောသူမူကား အသက်ကို ကယ်ဆယ်လိမ့်မည်။   34 သင်ရို့ကို ငါဆိုသည်ကား၊ ယင်းနိ့ည၌ အိပ်ရာတစ်ခုထဲတွင် အိပ်နိန်သူ လူနှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်ကို ထားခလတ္တံ့။   35 ကြိတ်ဆုံကြိတ်နိန်သော မိန်းမနှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူပြီး တစ်ယောက်ကို ထားခလတ္တံ့” ဟု မိန့်တော်မူ၏။   36 ‡တချို့ လက်ရီးမူရင်းကျမ်းများ၌ အခန်းငယ် ၃၆၊ လယ်ထဲ၌ အလုပ်လုပ်နိန်သူ နှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူပြီး တစ်ယောက်ကို ထားခလတ္တံ့၊ ဟု ပေါင်းထည့်ထားသည် (ရှု မ ၂၄.၄၀)။  
 37 တပည့်တော်ရို့က “အသျှင်၊ ဇာအရပ်တွင် ဤအရာတိ ဖြစ်ပျက်ပါမည်နည်း” ဟု မိန်းလျှောက်ကြလျှင်၊  
ယေသျှုက “အသီကောင်ဟိသောအရပ်၌ လင်းတတိ စုရုံးလာကြလိမ့်မည်” ဟု မိန့်တော်မူ၏။   
17:3 မ ၁၈.၁၅
*17:14 သန့်ယှင်းခြင်းသို့ ရောက်ကြ၏၊ ရှု ၅.၁၂။
†17:21 သင်ရို့အထဲ၌၊ သို့မဟုတ် သူရို့အလယ်၌၊ သို့မဟုတ် သင်ရို့အလယ်၌ ချက်ချင်းပေါ်လာလိမ့်မည်။
17:31 မ ၂၄.၁၇–၁၈; မာ ၁၃.၁၅–၁၆
17:33 မ ၁၀.၃၉; ၁၆.၂၅; မာ ၈.၃၅; လု ၉.၂၄; ယော ၁၂.၂၅
‡17:36 တချို့ လက်ရီးမူရင်းကျမ်းများ၌ အခန်းငယ် ၃၆၊ လယ်ထဲ၌ အလုပ်လုပ်နိန်သူ နှစ်ယောက်ထဲက တစ်ယောက်ကို သိမ်းယူပြီး တစ်ယောက်ကို ထားခလတ္တံ့၊ ဟု ပေါင်းထည့်ထားသည် (ရှု မ ၂၄.၄၀)။