22
ယေသျှုကို သတ်ရန် ကြံစည်ခြင်း
(မဿဲ ၂၆.၁–၅; မာကု ၁၄.၁–၂; ယောဟန် ၁၁.၄၅–၅၃)
1 ပသခါပွဲဟု ခေါ်သော တဆီးမဲ့မုန့် ပွဲတော်အချိန် နီးလာလေ၏။ 2 ယဇ်ပုရောဟိတ်ကြီးရို့နှင့် ကျမ်းတတ်ဆရာရို့သည် လူတိကို ကြောက်သောကြောင့် ကိုယ်တော့်ကို လျှို့ဝှက်စွာသတ်ရန် နည်းလမ်း ရှာဖွီလျက်နိန်ကြ၏။
ယုဒသည် ကိုယ်တော့်ကို အပ်နှံရန် သဘောတူညီခြင်း
(မဿဲ ၂၆.၁၄–၁၆; မာကု ၁၄.၁၀–၁၁)
3 ထိုအခါ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်ထဲသို့ ဝင်လေ၏။ 4 ထို့ကြောင့် ယုဒသည် ယဇ်ပုရောဟိတ်ကြီးရို့နှင့် ဗိမာန်တော်မှူးရို့ပါးသို့ လား၍ ကိုယ်တော့်ကို မည်သည့်နည်းဖြင့် အပ်ရန် ဆွေးနွေးတိုင်ပင်ကြ၏။ 5 သူရို့သည် ဝမ်းမြောက်ကြ၍ ဖဲသာပီးမည်ဟု ဝန်ခံကြ၏။ 6 ယုဒသည် သဘောတူညီလျက် လူများမသိအောင် ယေသျှုအား သူရို့လက်သို့ အပ်ရန် အချိန်ကောင်းကို ရှာကြံလျက် နိန်၏။
ပသခါပွဲ ပျင်ဆင်ခြင်း
(မဿဲ ၂၆.၁၇–၂၅; မာကု ၁၄.၁၂–၂၁; ယောဟန် ၁၃.၂၁–၃၀)
7 တဆီးမဲ့မုန့် ပွဲတော်တွင် ပသခါသိုးသူငယ်ကိုသတ်၍ ပူဇော်ရာနိ့ရက် ကျရောက်လာ၏။ 8 ယေသျှုက ပေတရုနှင့် ယောဟန်ရို့အား “ငါရို့စားရန် ပသခါပွဲညစာကို လားပြီး ပျင်ဆင်ကြလော” ဟု ဆို၍ စီရွှတ်တော်မူ၏။
9 သူရို့က “ဇာအရပ်တွင် ပျင်ဆင်ရပါမည်နည်း” ဟု မိန်းလျှောက်ကြ၏။
10 ကိုယ်တော်က “သင်ရို့သည် မြို့တွင်းကို ဝင်သောအခါ ရီအိုးကို ထမ်းလာသော လူတစ်ယောက်က သင်ရို့ကို ကြိုဆိုလိမ့်မည်။ သူ့နောက်ကိုလိုက်ပြီး သူဝင်လားသော အိမ်ထဲသို့ ဝင်ကြလော့။ 11 အိမ်သျှင်အား ‘ငါနန့် ငါ့တပည့်တော်တိ ပသခါပွဲညစာကိုစားဖို့ အခန်းကား ဇာမာလဲ၊ ဆရာက မိန်းသည်’ ဟု ပြောပါ။ 12 ထိုသူက ပျင်ဆင်ထားသော ကျယ်ဝန်းသော အထက်ခန်းကို ပြလိမ့်မည်။ ထိုအခန်း၌ အသင့် ပျင်ဆင်ကြလော” ဟု မိန့်တော်မူ၏။
13 သူရို့သည် ထွက်လားပြီးနောက် ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွိ့ရကြသဖြင့် ပသခါပွဲတော်ကို အသင့်ပျင်ဆင်ကြ၏။
သခင်ဘုရား၏ ပွဲတော်မင်္ဂလာ
(မဿဲ ၂၆.၂၆–၃၀; မာကု ၁၄.၂၂–၂၆; ၁ ကောရိန္သု ၁၁.၂၃–၂၅)
14 ထိုအချိန် ရောက်လာသောအခါ ယေသျှုသည် တမန်တော်ရို့နှင့်အတူ စားပွဲတွင် ထိုင်တော်မူ၏။ 15 ကိုယ်တော်က၊ “ငါသည် အသီမခံရခင် ဤပသခါပွဲညစာကို သင်ရို့နှင့်အတူစားဖို့ အလွန်အလိုဟိ၏။ 16 ငါဆိုသည်ကား၊ ပသခါပွဲ၏ ရည်ရွယ်ချက်သည် ဘုရားသခင်၏ နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ မရောက်ခင်အထိ နောက်တဖန် ငါစားလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။
17 ထို့နောက် ယေသျှုသည် ခွက်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းတော်မူပြီးလျှင် “ဤခွက်ကိုယူပြီး အချင်းချင်း မျှဝီကြလော့။ 18 သင်ရို့အား ငါဆိုသည်ကား၊ အဂုမှစ၍ ဘုရားသခင်၏ နိုင်ငံတော်မတည်မချင်း ဤစပျစ်ရည်ကို နောက်တဖန် ငါသောက်လိမ့်မည် မဟုတ်” ဟု မိန့်တော်မူလျက်၊
19 ကိုယ်တော်သည် မုန့်ကိုယူ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ တပည့်တော်ရို့အား ပီးတော်မူပြီးလျှင် “ဤမုန့်ကား သင်ရို့အတွက်စွန့်သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကို အောက်မိ့ဖို့ ဤသို့ပြုကြလော့” ဟု မိန့်တော်မူ၏။ 20 ထိုနည်းတူ ညစာစားပြီးနောက် ခွက်ကို ယူတော်မူလျက် “ဤခွက်ကား သင်ရို့အဖို့ သွန်းသော ငါ၏အသွီးနှင့်ပြုသည့် ပဋိညာဉ်တရားသစ်ဖြစ်၏။*တချို့သော မူရင်းကျမ်းတွင် အငယ် ၁၉ နှင့် အငယ် ၂၀ အားလုံး၌ ဤအရာသည် ငါ၏ ကိုယ်ခန္ဓာဖြစ်၏၊ ဟူသော ယေသျှု၏စကားတော် မပါဟိပေ။
21 “သို့သော်လည်း ကြည့်ရှုကြလော့။ ငါ့ကို ရန်သူလက်သို့ အပ်မည့်သူသည် ငါနန့်အတူ စားပွဲ၍ ဟိ၏။ 22 လူသားသည် ဘုရားသခင် ခန့်ခွဲမှတ်သားတော်မူသည်အတိုင်း အသီခံရန် အမှန်ပင်လားရမည်။ သို့သော်လည်း လူသားကို ရန်သူလက်သို့ အပ်နှံသူသည် အမင်္ဂလာဟိ၏” ဟု မိန့်တော်မူ၏။
23 တပည့်တော်ရို့သည် မိမိရို့အထဲမှ ဇာသူက ဤအမှုကို ပြုလိမ့်မည်နည်းဟု အချင်းချင်း မိန်းမြန်းကြ၏။
မည်သူ ကြီးမြတ်ကြောင်း အငြင်းပွားခြင်း
24 မ ၁၈.၁; မာ ၉.၄၆; လု ၉.၄၆တပည့်တော်ရို့သည် မိမိရို့ထဲတွင် ဇာသူက အကြီးမြတ်ဆုံးဖြစ်သနည်းဟု ငြင်းခုံကြ၏။ 25 မ ၂၀.၂၅–၂၇; မာ ၁၀.၄၂–၄၄ယေသျှုက၊ “လောကီမင်းရို့သည် တိုင်းသူပြည်သားတိအထက်၌ သြဇာအာဏာဟိကြ၏။ အာဏာပိုင်တိကလည်း မိမိရို့ကို ‘ကျေးဇူးသျှင်များ’ ဟု အခေါ်ခံတတ်ကြ၏။” 26 မ ၂၃.၁၁; မာ ၉.၃၅သင်ရို့သည် ထိုသို့ မဖြစ်သင့်။ သင်ရို့ထဲ၌ အကြီးမြတ်ဆုံး ဖြစ်သောသူက အငယ်ဆုံးသောသူကဲ့သို့ ဖြစ်ရလိမ့်မည်။ ခေါင်းဆောင်ဖြစ်သောသူက အစီခံကဲ့သို့ ဖြစ်ရမည်။ 27 ယော ၁၃.၁၂–၁၅စားပွဲ၌ထိုင်နိန်သူနှင့် လုပ်ကျွေးသောသူထဲက ဇာသူက သာ၍ ကြီးမြတ်သူ ဖြစ်သနည်း။ စားပွဲ၌ ထိုင်သူ မဟုတ်လော။ သို့သော်လည်း ငါက သင်ရို့ထဲ၌ လုပ်ကျွေးသူပိုင်ဖြစ်၏။
28 “သင်ရို့သည် ငါနန့်အတူ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ခသူတိ ဖြစ်ကြ၏။ 29 ခမည်းတော်က ငါ့အား အုပ်စိုးခွင့်ကို ပီးအပ်တော်မူသကဲ့သို့ ငါသည်လည်း သင်ရို့အား အုပ်စိုးခွင့်ကို ပီး၏။ 30 မ ၁၉.၂၈သင်ရို့သည် နိုင်ငံတော်ထဲတွင် ငါ့စားပွဲဝိုင်း၌ စားသောက်ရကြလိမ့်မည်။ ပြီးလျှင် ပလ္လင်ထက်၌ ထိုင်၍ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရကြလိမ့်မည် ဟု မိန့်တော်မူ၏။”
ယေသျှုသည် ပေတရုငြင်းဆိုမည်ကို ကြိုတင်ဖော်ပြတော်မူခြင်း
(မဿဲ ၂၆.၃၁–၃၅; မာကု ၁၄.၂၇–၃၁; ယောဟန် ၁၃.၃၆–၃၈)
31 ယေသျှုကလည်း၊ “သျှိမုန်၊ သျှိမုန်၊ နားထောင်လော့။ လယ်သမားသည် ကောင်းသောဂျုံစပါးမှ မကောင်းသော ဂျုံစပါးကို ဆန်ခါနှင့် ချသကဲ့သို့ သင်ရို့အားလုံးကို စုံစမ်းရန် စာတန်က အခွင့်ရလီဗျာယ်။ 32 ယေကေလေ့ သျှိမုန်၊ သင်၏ ယုံကြည်ခြင်း မပျက်စီးစီရန် ငါဆုတောင်းနိန်၏။ သင်သည် သတိပြန်ရကြသောအခါ သင်၏ ညီအစ်ကိုတိကို ခိုင်ခန့်စီလော” ဟု မိန့်တော်မူ၏။
33 ပေတရုက၊ “သခင်ဘုရား၊ အကျွန်သည် ထောင်ထဲ၌ဖြစ်စီ၊ သီရဖို့ပင်ဖြစ်စီ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ဟိပါ၏” ဟု လျှောက်၏။
34 ကိုယ်တော်က၊ “ပေတရု၊ ငါပြောမည်၊ ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကို မသိဟု ဆိုပြီး သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ဖဲသာအိတ်၊ လွယ်အိတ်နှင့်ဓါး
35 မ ၁၀.၉–၁၀; မာ ၆.၈–၉; လု ၉.၃; ၁၀.၄ထို့နောက် ယေသျှုက “ငါသည် သင်ရို့အား ဖဲသာအိတ်၊ လွယ်အိတ်နှင့် ဖိနပ်ကိုမယူဘဲ စီရွှတ်ခသောအခါ တခုခုလိုသိမ့်လား” ဟု မိန်းလျှင်၊
“တစ်ခုလေ့ မလိုပါ” ဟု တပည့်တော်ရို့က လျှောက်ကြ၏။
36 ယေသျှုက “အဂုကား ဖဲသာအိတ်၊ လွယ်အိတ်ဟိလျှင် ယူလာလိုက်။ ဒါးမဟိလျှင် အဝတ်ကိုရောင်း၍ ဒါးကိုဝယ်ကတ်။ 37 သင်ရို့အား ငါဆိုသည်ကား၊ ‘ထိုသူသည် ပြစ်မှုကျူးလွန်သူများနှင့် ရီတွက်ခြင်းခံရ၏’ ဟု ကျမ်းစာက ပြောသည်အတိုင်း ငါခံရမည်။ ဇာကြောင့်ဆိုသော် ငါ့အကြောင်းကို ရီးသားထားသော ကျမ်းစာအတိုင်း ဖြစ်ပျက်နိန်သောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
38 တပည့်တော်ရို့က “သခင်ဘုရား၊ ကြည့်တော်မူပါ၊ ဤမှာ ဒါးနှစ်လက် ဟိပါ၏” ဟု လျှောက်သော်၊
ကိုယ်တော်က “လုံလောက်ပြီ”†လုံလောက်ပြီ၊ သို့မဟုတ် ဤအရာ လုံလောက်သည်။ ဟု မိန့်တော်မူ၏။
ယေသျှုသည် သံလွင်တောင်ထက်တွင် ဆုတောင်းတော်မူခြင်း
(မဿဲ ၂၆.၃၆–၄၆; မာကု ၁၄.၃၂–၄၂)
39 ယေသျှုသည် မြို့မှထွက်လာပြီးနောက် ပြုလေ့ဟိသည်အတိုင်း သံလွင်တောင်သို့ ကြွတော်မူ၏။ တပည့်တော်ရို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။ 40 ထိုအရပ်သို့ ရောက်တော်မူလျှင် ကိုယ်တော်က “သင်ရို့သည် စုံစမ်းသွီးဆောင်ရာသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
41 ထို့နောက် တပည့်တော်ရို့နှင့် ကျောက်ခဲ တစ်ပစ်စာလောက် ဝီးသောအရပ်သို့ ကြွတော်မူပြီး ဒူးထောက်လျက်၊ 42 “အိုအဖ၊ အလိုတော်ဟိလျှင် ဤဒုက္ခဝေဒနာခွက်ကို အကျွန်နှင့် ဝီးစီတော်မူပါ။ သို့သော်လည်း အကျွန့်အလိုတိုင်း မဖြစ်ပါစီကေ့။ အဖ၏အလိုတော်တိုင်းသာ ဖြစ်စီတော်မူပါ” ဟု ဆုတောင်းတော်မူ၏။ 43 ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော့်ကို အားပီးလေ၏။ 44 ကိုယ်တော်သည် ပြင်းစွာသောဝေဒနာကို ခံစားပြီး အထူးကြိုးစား၍ ဆုတောင်းတော်မူသောကြောင့် ကိုယ်တော်၏ချွေးပေါက်များသည် မြီကြီးတွင်ကျသော သွီးစက်ကဲ့သို့ဖြစ်၏။‡တချို့သော မူရင်းကျမ်းစာများတွင် အငယ် ၄၃–၄၄ ကို မတွိ့ရပေ။
45 ကိုယ်တော်သည် ဆုတောင်းရာမှ ထတော်မူပြီးလျှင် တပည့်တော်ရို့ဟိရာသို့ ပြန်ကြွတော်မူသောအခါ သူရို့သည် ညှိုးငယ်သောစိတ်နှင့် အိပ်ပျော် နိန်ကြသည်ကို မြင်တော်မူ၏။ 46 ကိုယ်တော်က၊ “သင်ရို့ဇာကြောင့် အိပ်ပျော် နိန်ကြသနည်း။ ထကြလော့။ စုံစမ်းသွီးဆောင်ခြင်းသို့ မကျရောက်စီရန် ဆုတောင်းကြလော့” ဟု မိန့်တော်မူ၏။
ယေသျှုကို ဖမ်းဆီးခြင်း
(မဿဲ ၂၆.၄၇–၅၆; မာကု ၁၄.၄၃–၅၀; ယောဟန် ၁၈.၃–၁၁)
47 ထိုသို့ ယေသျှုသည် မိန့်တော်မူစဉ် တပည့်တော် တစ်ဆယ့်နှစ်ပါး အပါဝင်ဖြစ်သော ယုဒသျှကာရုတ်သည် လူထုကြီးကို ဦးဆောင်၍ ရောက်လာပြီး၊ ယေသျှုအား နမ်းခြင်းငှာ ချဉ်းကပ်လာ၏။ 48 ယေသျှုက “ယုဒ၊ သင်သည် နမ်းခြင်းကိုပြု၍ လူသားအား ရန်သူလက်သို့ အပ်သလော” ဟု မိန်းတော်မူ၏။
49 တပည့်တော်ရို့သည် အခြေအနေကို မြင်သောအခါ ယေသျှုအား “သခင်ဘုရား၊ အကျွန်ရို့ဓါးနှင့် ခွတ်ရပါမည်လော” ဟု မိန်းတော်မူ၏။ 50 တပည့်တော်တစ်ယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခွတ်လိုက်လျှင် ထိုသူ၏ ညာဖက်နားရွက် ပြတ်လေ၏။
51 ထိုအခါ ယေသျှုက “တန်ဖိ” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ထိုသူ၏နားရွက်ကို လက်တော်နှင့် တို့တော်မူ၍ အနာကို ပျောက်စီတော်မူ၏။
52 ထို့နောက် ယေသျှုက မိမိအားဖမ်းဆီးရန် ရောက်လာကြသည့် ယဇ်ပုရောဟိတ်အကြီးအကဲတိ၊ ဗိမာန်တော်စောင့်တပ်မှူးတိ၊ လူအကြီးအကဲတိအား “သင်ရို့သည် ဒါးပြကို ဖမ်းစွာပိုင် ငါ့ကိုဖမ်းဖို့ ဒါးတိ၊ တုတ်တိနှင့် လာကြသလော။ 53 လု ၁၉.၄၇; ၂၁.၃၇ငါသည် ဗိမာန်တော်ထဲ၌ နိ့တိုင်းဟိသောအခါ သင်ရို့သည် ငါ့ကို မဖမ်းဆီးကတ်။ ယေဒါလည်း ဤအချိန်ကား သင်ရို့၏ အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုး ကြီးစိုးရာ အချိန်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။
ပေတရုက ယေသျှုကို ငြင်းဆိုခြင်း
(မဿဲ ၂၆.၅၇–၅၈,၆၉–၇၅; မာကု ၁၄.၅၃–၅၄,၆၆–၇၂; ယောဟန် ၁၈.၁၂–၁၈,၂၅–၂၇)
54 ထိုသူရို့သည် ယေသျှုကို ဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ ခေါ်ဆောင်လားကြ၏။ ပေတရုသည် မနီးမဝီးမှနိန်၍ လိုက်လာ၏။ 55 အိမ်တော်ဝင်းအလယ်၌ လူအပေါင်းရို့သည် မီးဖို၍ ထိုင်နိန်ကြ၍ ပေတရုကလည်း သူရို့အထဲ၌ ထိုင်နိန်၏။ 56 ထိုသို့ ပေတရုထိုင်နိန်သည်ကို မြင်သော အစီခံမိန်းမတစ်ယောက်သည် စိ့စိ့ကြည့်၍ “ဤသူသည် ယေသျှု၏ အပေါင်းအပါဖြစ်သည်” ဟု ဆို၏။
57 သို့ရာတွင် ပေတရုက “အချင်းမိန်းမ ထိုသူကိုငါမသိ” ဟု ငြင်းဆို၏။
58 ထို့နောက် တအောင့်ကြာပြီးမှ လူတစ်ယောက်သည် ပေတရုကိုမြင်သဖြင့် “သင်လည်း ထိုသူရို့ထဲက တစ်ယောက်ဖြစ်၏” ဟု ဆိုသော်၊
ပေတရုက၊ “အချင်းလူ၊ ငါသည် သူရို့ထဲက မဟုတ်” ဟု ဆို၏။
59 ထို့နောက် တစ်နာရီလောက် ကြာပြီးသောအခါ အခြားသော လူတစ်ယောက်က “ဤသူသည် ဂါလိလဲလူဖြစ်ပြီး ယေသျှု၏ အပေါင်းအပါဖြစ်သည်ကို ယုံမှားစရာမဟိ” ဟု အခိုင်အမာဆို၏။
60 သို့သော်လည်း ပေတရုက “အချင်းလူ၊ သင်ပြောသည့်အကြောင်းကို ငါမသိ” ဟု ဆို၏။ ဤသို့ ပေတရုပြောနိန်စဉ် ကြက်တွန်လေ၏။ 61 သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို စိ့စိ့ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် “ဤနိ့ည ကြက်မတွန်ခင် သင်သည် ငါ့ကိုမသိဟု သုံးကြိမ်တိုင်အောင် ဆိုလိမ့်မည်” ဟူသော သခင်ဘုရား ပြောခသည်ကို ပြန်၍ သတိရသဖြင့်၊ 62 ပေတရုသည် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွီးလေ၏။
ယေသျှုကို လှောင်ပြောင်ရိုက်ပုတ်ခြင်း
(မဿဲ ၂၆.၆၇–၆၈; မာကု ၁၄.၆၅)
63 ယေသျှုကို စောင့်ကြပ်နိန်သူရို့က လှောင်ပြောင်၍ ရိုက်ပုတ်ကြ၏။ 64 သူရို့သည် ကိုယ်တော်၏ မျက်နှာတော်ကို ဖုံးပြီးလျှင် “သင့်အား ဇာသူ ရိုက်ပုတ်ကြောင်းကို ပြောပါ” ဟု ဆိုကြ၏။ 65 သူရို့သည် ကိုယ်တော့်ကို အခြားသော စကားများဖြင့်လည်း စော်ကားကြ၏။
တရားလွှတ်တော်၌ ယေသျှု
(မဿဲ ၂၆.၅၉–၆၆; မာကု ၁၄.၅၅–၆၄; ယောဟန် ၁၈.၁၉–၂၄)
66 မိုးလင်းသောအခါ ယုဒခေါင်းဆောင်တိ၊ ယဇ်ပုရောဟိတ်ကြီးတိနှင့် ကျမ်းတတ်ဆရာရို့သည် စုဝေးကြ၍ ကိုယ်တော့်ကို တရားလွှတ်တော်သို့ ခေါ်ဆောင်လားကြ၏။ 67 သူရို့က “သင်သည် မေသျှိယဖြစ်သလော၊ ငါရို့ကိုပြောပါ” ဟု ဆိုကြ၏။
ကိုယ်တော်က “ငါပြောလျှင် သင်ရို့ ယုံကြမည် မဟုတ်။ 68 သင်ရို့အား ငါ မိန်းသော်လည်း သင်ရို့ဖြေမည် မဟုတ်။ 69 အဂုကစပြီး လူသားသည် အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာဖက်၌ ထိုင်တော်မူလတ္တံ” ဟု မိန့်တော်မူ၏။
70 ထိုသူရို့ကလည်း “ထိုသို့ဆိုသော် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်ပါသလော” ဟု မိန်းကြလျှင်၊
ကိုယ်တော်ကလည်း၊ “သင်ရို့ ပြောသည့်အတိုင်း မှန်၏” ဟု မိန့်တော်မူ၏။
71 ထိုအခါ သူရို့က၊ “ဇာသက်သီ လိုသိမ့်လဲ၊ ငါရို့ကိုယ်တိုင် သူ၏စကားကို ကြားရဗျာယ်” ဟု ဆိုကြ၏။
*22:20 တချို့သော မူရင်းကျမ်းတွင် အငယ် ၁၉ နှင့် အငယ် ၂၀ အားလုံး၌ ဤအရာသည် ငါ၏ ကိုယ်ခန္ဓာဖြစ်၏၊ ဟူသော ယေသျှု၏စကားတော် မပါဟိပေ။
22:24 မ ၁၈.၁; မာ ၉.၄၆; လု ၉.၄၆
22:25 မ ၂၀.၂၅–၂၇; မာ ၁၀.၄၂–၄၄
22:26 မ ၂၃.၁၁; မာ ၉.၃၅
22:27 ယော ၁၃.၁၂–၁၅
22:30 မ ၁၉.၂၈
22:35 မ ၁၀.၉–၁၀; မာ ၆.၈–၉; လု ၉.၃; ၁၀.၄
†22:38 လုံလောက်ပြီ၊ သို့မဟုတ် ဤအရာ လုံလောက်သည်။
‡22:44 တချို့သော မူရင်းကျမ်းစာများတွင် အငယ် ၄၃–၄၄ ကို မတွိ့ရပေ။
22:53 လု ၁၉.၄၇; ၂၁.၃၇