15
ယေသျှုကို ဘုရင်ခံပိလတ်မင်းထံသို့ ပို့ဆောင်ခြင်း 
 (မဿဲ ၂၇.၁,၂,၁၁–၁၄; လုကာ ၂၃.၁–၅; ယောဟန် ၁၈.၂၈–၃၈)  
 1 မိုးထစောစော၌ ယဇ်ပုရောဟိတ်အကြီးအကဲသည် ကျမ်းပြုဆရာတိ၊ လူအကြီးအကဲတိ၊ ယုဒတရားလွှတ်တော် အဖွဲ့ဝင်တိနှင့် အလျင်အမြန် တွိ့ဆုံကာ စည်းဝေးတိုင်ပင်ကြ၏။ ထို့နောက် ယေသျှုအား ကြိုးဖြင့်တုပ်ပြီးလျှင် ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။   2 ပိလတ်မင်းက “သင်သည် ယုဒသျှင်ဘုရင်ဆိုသည်မှာ မှန်သလော” ဟု ကိုယ်တော့်ကို မိန်းလေ၏။  
ယေသျှုက “မင်းကြီးပြောသည့်အတိုင်း အမှန်ပင်ဖြစ်၏” ဟု မိန့်တော်မူ၏။   
 3 ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုကို အမျိုးမျိုး ပြစ်တင်စွပ်စွဲကြ၏။   4 ထို့ကြောင့် ပိလတ်မင်းသည် ကိုယ်တော့်ကို “သင်သည် တစ်ခွန်းမျှမဖြေဘဲ နိန်ပါသည်တကား။ သင့်ကို ဇာလောက် အပြစ်တင်စွပ်စွဲ နိန်ကြသည်ကို ကြည့်ပါ” ဟု ဆို၏။   
 5 ယေသျှုသည် စကားတစ်ခွန်းကိုမျှ ပြန်၍ ဖြေတော်မမူသဖြင့် ပိလတ်မင်းသည် အံ့သြလေ၏။   
ယေသျှုကို သီဒဏ်စီရင်ခြင်း 
 (မဿဲ ၂၇.၁၅–၂၆; လုကာ ၂၃.၁၃–၂၅; ယောဟန် ၁၈.၃၉—၁၉.၁၆)  
 6 ပိလတ်မင်းသည် ပသခါပွဲအချိန်ကျတိုင်း လူရို့တောင်းဆိုသော ထောင်သားတစ်ယောက်ကို လွတ်ငြိမ်းခွင့် ပီးလေ့ဟိ၏။   7 ထိုအချိန်တွင် ဗာရဗ္ဗအမည်ဟိသော သူတစ်ယောက်သည် ဆူပူအုံကြွမှု၌ ပုန်ကန်မှု နှင့် လူသတ်မှုဖြင့် အခြားသောပုန်ကန်သူများနှင့်အတူ ထောင်ကျလျက် ဟိ၏။   8 လူအပေါင်းရို့သည် ပွဲတော်အချိန်အခါ၌ ပြုလေ့ဟိသည့်အတိုင်း ပြုစီခြင်းငှာ ပိလတ်မင်းထံ စုရုံးပြီး တောင်းဆိုကြ၏။   9 ထိုအခါ ပိလတ်မင်းက “သင်ရို့၊ ယုဒသျှင်ဘုရင်ကို လွတ်စီချင်သလော” ဟု မိန်း၏။   10 ထိုသို့ မိန်းရသည့်အကြောင်းမှာ ယဇ်ပုရောဟိတ်အကြီးအကဲရို့သည် ယေသျှုအား မနာလိုသောစိတ်နှင့် မိမိထံသို့ အပ်နှံကြကြောင်းကို သိသောကြောင့်ဖြစ်၏။   
 11 သို့ရာတွင် ယဇ်ပုရောဟိတ်အကြီးအကဲရို့က ယေသျှုကို မလွတ်စီဘဲ၊ ဗာရဗ္ဗကိုသာ လွတ်စီခြင်းငှာ ပိလတ်မင်းအား တောင်းဆိုကြရန် လူစုလူဝေးကို ပို၍လှုံ့ဆော်ကြ၏။   12 တဖန် ပိလတ်မင်းက “သင်ရို့ ‘ယုဒသျှင်ဘုရင်’ ဟု ခေါ်သောသူကို ဇာပိုင်လုပ်ရမည်နည်း” ဟု ပြန်၍မိန်းလျှင်၊   
 13 လူအုပ်ကြီးက “ယင်းသူကို လက်ဝါးကပ်တိုင်ထက်မှာ တင်၍ထားပါ” ဟု အော်ကြ၏။   
 14 ပိလတ်မင်းကလည်း “ဤသူ ဇာအပြစ်ကို လုပ်ထားသနည်း” ဟု မိန်းတော်မူလျှင်၊  
ထိုသူအပေါင်းရို့သည် “ယင်းသူကို လက်ဝါးကပ်တိုင်ထက်မှာ တင်ထားပါ” ဟု ပို၍ အော်ဟစ်ကြ၏။   
 15 ပိလတ်မင်းသည်လည်း လူအပေါင်းရို့၏စိတ်ကို ကြေနပ်စီလို၍ သူရို့အဖို့ ဗာရဗ္ဗကို လွတ်စီပြီးလျှင် ယေသျှုကိုမူ ကြာပွတ်ဖြင့် ရိုက်စီပြီး လက်ဝါးကပ်တိုင်ထက်၌ သတ်ခြင်းငှာ အပ်လိုက်လေ၏။   
ယေသျှုကို စစ်သားတိက သရော်ကြခြင်း 
 (မဿဲ ၂၇.၂၇–၃၁; ယောဟန် ၁၉.၂–၃)  
 16 ထိုအခါ စစ်သားရို့သည် ယေသျှုအား အိမ်ဝင်းအတွင်းသို့ ခေါ်ဆောင်လားပြီးလျှင် စစ်သားတိကို စုရုံးစီပြီးမှ၊   17 ကိုယ်တော့်ကို နီမောင်းသောအဝတ်ကို ဝတ်စီပြီးလျှင် ဆူးဖြင့် ရက်သောသရဖူကို ဆောင်းစီ၏။   18 ထို့နောက် “ယုဒသျှင်ဘုရင် အသက်တော်ရှည်ပါစီ” ဟု ပျက်ရယ်ပြုလျက်၊ အရိုအညွှတ် ပြုကြ၏။   19 ဦးဂေါင်းတော်ကို ကျူလုံးနှင့် ရိုက်ပုတ်ပြီးလျှင်၊ တန်းထွီးဖြင့် ထွီးကာ ရှိ့တော်၌ ဒူးထောက်လျက် ဦးညွှတ်ရှိခိုးကြ၏။   20 ထိုသို့ သရော်ကြပြီးလျှင် နီမောင်းသောအဝတ်ကို ချွတ်၍၊ ကိုယ်တော်၏အဝတ်ကို ပြန်၍ ဝတ်စီပြီး၊ လက်ဝါးကပ်တိုင်ထက်၌ သတ်ခြင်းငှာ ထုတ်လားကြ၏။   
ယေသျှုကို လက်ဝါးကပ်တိုင်ထက်၌ တင်၍သတ်ခြင်း 
 (မဿဲ ၂၇.၃၂–၄၄; လုကာ ၂၃.၂၆–၄၃; ယောဟန် ၁၉.၁၇–၂၇)  
 21 ရော ၁၆.၁၃ထိုအချိန်၌ အာလေဇန္ဒြုနှင့် ရုဖုရို့၏အဖ သျှိမုန်အမည်ဟိသော ကုရေနေပြည်သား တစ်ယောက်သည် တောရွာမှ မြို့သို့လာ၏။ စစ်သားရို့ကလည်း ထိုသူအား အတင်းခေါ်၍ ယေသျှုထမ်းသော လက်ဝါးကပ်တိုင်ကို ထမ်းစီကြ၏။   22 ထို့နောက် ယေသျှုကို ဦးဂေါင်းခွံအရပ်ဟု ခေါ်တွင်သော ဂေါလဂေါသအရပ်သို့ ခေါ်ဆောင်လားကြ၏။   23 သူရို့သည် မုရန်နှင့် ရောစပ်ထားသော စပျစ်ရည်ကို ကိုယ်တော့်ကို သောက်စီခြင်းငှာ တိုက်ကြ၏။ သို့ရာတွင် ကိုယ်တော်သည် သောက်တော်မမူ။   24 ထို့နောက် သူရို့သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်ထက်၌ ရိုက်ထားကြ၏။ အဝတ်တော်ကိုကား မဲနှိုက်၍ ခွဲဝီယူကြ၏။   25 ကိုယ်တော့်ကို လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားသောအချိန်ကား မိုးထဖက် ကိုးနာရီအချိန်၌ ဖြစ်၏။   26 အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာဟူမူကား “ယုဒသျှင်ဘုရင်” ဟု ရီးထားကာ၊ ကိုယ်တော်၏ဦးဂေါင်းတော်ထက်၌ ကပ်ထား၏။   27 ကိုယ်တော်နှင့်အတူ ဒါးပြနှစ်ယောက်ကိုလည်း လက်ယာတော်ဖက်၌ တစ်ယောက်၊ လက်ဝဲတော်ဖက်၌ တစ်ယောက် ထား၍ လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြ၏။   28 *အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၈ ကို၊ ဤသို့ဖြင့် ကိုယ်တော်သည် ရာဇဝတ်မှု ကျူးလွန်သောသူရို့နှင့် ရီတွက်ခြင်းသို့ ဝင်၏ ဟူသော ကျမ်းစာတော်မြတ်သည် ပြည့်စုံလာ၏၊ ဟူ၍ ပေါင်းထည့်ထားသည် (ရှု လု ၂၂.၃၇)။  
 29 မာ ၁၄.၅၈; ယော ၂.၁၉လမ်း၌ လား၊ လာနိန်ကြသောသူ များကလည်း “လွန်း၊ ဗိမာန်တော်ကို ဖြိုဖျက်ပြီး၊ သုံးရက်အတွင်းမှာ ပြန်ပြီးတည် ဆောက်ပြမည့်သူ၊   30 ကိုယ့်ကိုယ်ကို ကယ်တင်ပါလား၊ လက်ဝါးကပ်တိုင်ထက်က ဆင်းလာပါလား” ဟု ခေါင်းတညိတ်ညိတ်ဖြင့် ကဲ့ရဲ့ကာ အော်ဟစ်ပြောဆိုကြ၏။   
 31 ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ကျမ်းတတ်ဆရာရို့ကလည်း “ဤသူသည် သူတစ်ပါးကို ကယ်တင်တတ်ပြီးလျှင် ကိုယ့်ကိုယ်ကို မကယ်တင်နိုင်ပါတကား၊   32 ဣသရေလသျှင်ဘုရင်၊ မေသျှိယသည် ကိုယ့်ကိုယ်ကို ကယ်တင်ကာ လက်ဝါးကပ်တိုင်ထက်မှ အဂု ဆင်းလာပါ။ ယင်းပိုင် ဆင်းလာလျှင် ငါရို့ယုံကြည်မည်” ဟု အချင်းချင်း ပြောဆို၍ လှောင်ပြောင်သရော်ကြ၏။  
ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ထက်၌ ရိုက်ထားခြင်းကို ခံရသူတိကလည်း ထိုသို့ သရော်ကြ၏။   
ယေသျှု အသက်ချုပ်တော်မူခြင်း 
 (မဿဲ ၂၇.၄၅–၅၆; လုကာ ၂၃.၄၄–၄၉; ယောဟန် ၁၉.၂၈–၃၀)  
 33 မွန်းတည့်အချိန်မှ စ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြီကြီးတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။   34 မွန်းလွဲ သုံးနာရီအချိန်၌ ယေသျှုသည် “ဧလိ၊ ဧလိ၊ လာမ ရှာဗခသာနိ” ဟု အသံကျယ်စွာ အော်ကြွီးတော်မူ၏။ အဓိပ္ပာယ်ကား “အကျွန့် ဘုရားသခင်၊ အကျွန့် ဘုရားသခင်၊ အကျွန့်ကို ဇာကြောင့် စွန့်ပစ်သနည်း” ဟူ၍ဖြစ်၏။   
 35 အနီးအပါး၌ ရပ်နိန်သော လူတချို့သည် ထိုစကားကို ကြားလျှင် “နားထောင်လော့၊ သူသည် ဧလိယကို ခေါ်သည်” ဟု ဆိုကြ၏။   36 လူတစ်ယောက်သည် ဗြီးလာ၍ ပုံးရည်ကို ရီမြုပ်ဖြင့် စုပ်ယူပြီးနောက် ထိုရီမြုပ်ကို ကျူလုံးဖျား၌ တပ်၍ ကိုယ်တော့်ကို သောက်စီခြင်းငှာ ပီးလျက်၊ “ဧလိယက လက်ဝါးကပ်တိုင်မှ သူ့ကိုကယ်ဖို့လာမည်၊ မလာမည်ကို ငါရို့ ကြည့်နိန်ကြကုန်အံ့” ဟု ဆိုကြ၏။   
 37 ယေသျှုသည် ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးနောက် အသက်တော်ကို စွန့်လေ၏။   
 38 ထိုအချိန်၌ ဗိမာန်တော်၏ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းထိတိုင် နှစ်ခြမ်းကွဲလေ၏။   39 ကိုယ်တော်၏ရှိ့တွင် ရပ်နိန်သောတပ်မှူးသည် ကိုယ်တော်၏ အသက်တော်ချုပ်†အသက်တော်ချုပ်၊ အချို့ မူရင်းလက်ရီးမူကျမ်းများတွင် အော်ကြွီးပြီး အသက်တော်ချုပ်လေ၏၊ ဟူ၍ ပါဟိ၏။ပုံကို မြင်သဖြင့် “ဤသူကား၊ စင်စစ် ဘုရားသခင်၏ သားတော်ဖြစ်၏” ဟု ဆိုလေ၏။   
 40 လု ၈.၂,၃မိန်းမတချို့သည် အဝီးမှ ရပ်၍ ကြည့်နိန်ကြ၏။ ထိုမိန်းမရို့တွင် မာဂဒလမြို့သူ မာရိ၊ လူငယ်ယာကုပ်နှင့် ယောသေ ရို့၏အမိ မာရိနှင့် သျှာလုံ ရို့လည်းပါ၏။   41 ထိုမိန်းမရို့ကား၊ ကိုယ်တော်သည် ဂါလိလဲပြည်၌ ဟိတော်မူခစဉ် နောက်တော်သို့ လိုက်၍ အလုပ်အကျွေးပြုကြသူများ ဖြစ်ကြ၏။ သူမရို့သာမက ကိုယ်တော်နှင့်အတူ ယေရုဆလင်မြို့သို့ လိုက်ပါလာသော အခြားမိန်းမများလည်း ထိုအရပ်၌ ဟိနိန်ကြ၏။   
ယေသျှုကို သင်္ဂြိုဟ်ခြင်း 
 (မဿဲ ၂၇.၅၇–၆၁; လုကာ ၂၃.၅၀–၅၆; ယောဟန် ၁၉.၃၈–၄၂)  
 42-43 ထိုနိ့ကား အဖိတ်နိ့ဖြစ်၏။ ညအချိန် ရောက်သောအခါ၊ အသရေဟိသော လွှတ်အရာဟိ၊ အရိမဿဲမြို့သား ယောသပ်သည် ဘုရားသခင်၏ နိုင်ငံတော်ကို မျှော်လင့်နိန်သော သူဖြစ်သည်အလျောက်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာ ဝင်ပြီးလျှင် ယေသျှု၏အလောင်းတော်ကို တောင်းလေ၏။   44 ကိုယ်တော်၏ အသက်ချုပ်တော်မူကြောင်းကို ပိလတ်မင်းကြားလျှင် အံ့ဩခြင်းဟိသဖြင့် တပ်မှူးကို ခေါ်၍ ယေသျှုသီလားသည်ကား ကြာဗျာလောဟု မိန်းလေ၏။   45 သီကြောင်းကို တပ်မှူးအားဖြင့် သိရလျှင် အလောင်းတော်ကို ယောသပ်အား ပီးလေ၏။   46 ယောသပ်သည် ပိတ်ချောထည်ကို ဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ထက်မှ ချ၍ ပိတ်စထည်ဖြင့်ပတ်၏။ ထို့နောက် ကျောက်၌ထွင်းထားသော သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ပြီးလျှင် ဂူဝ၌ ကျောက်တုံးကြီးကို လှိမ့်၍ ပိတ်ထားလေ၏။   47 မာဂဒလမြို့သူ မာရိနှင့် ယောသေ၏အမိ မာရိ ရို့သည် အလောင်းတော်အား သင်္ဂြိုဟ်သောနီရာကို တွိ့မြင်ကြ၏။   
15:21 ရော ၁၆.၁၃
*15:28 အချို့သော မူရင်းလက်ရီးမူကျမ်းများတွင် အခန်းငယ် ၂၈ ကို၊ ဤသို့ဖြင့် ကိုယ်တော်သည် ရာဇဝတ်မှု ကျူးလွန်သောသူရို့နှင့် ရီတွက်ခြင်းသို့ ဝင်၏ ဟူသော ကျမ်းစာတော်မြတ်သည် ပြည့်စုံလာ၏၊ ဟူ၍ ပေါင်းထည့်ထားသည် (ရှု လု ၂၂.၃၇)။
15:29 မာ ၁၄.၅၈; ယော ၂.၁၉
†15:39 အသက်တော်ချုပ်၊ အချို့ မူရင်းလက်ရီးမူကျမ်းများတွင် အော်ကြွီးပြီး အသက်တော်ချုပ်လေ၏၊ ဟူ၍ ပါဟိ၏။
15:40 လု ၈.၂,၃