ယောဟန်ပါးသို့ ဖွင့်ပြသော
ဗျာဒိတ်တော်
နိဒါန်း
ယောဟန်ပါးသို့ ဖွင့်ပြသော ဗျာဒိတ်တော်စာအုပ်သည် ဓမ္မသစ်ကျမ်းတွင် နောက်ဆုံးသော စာအုပ်တစ်အုပ်ဖြစ်၏။ ဤစာအုပ်သည် ခရစ်တော်မွီးဖွားပြီးနောက် ၉၅ ခုနှစ် ဝန်းကျင်တွင် တမန်တော် ယောဟန်က ရီးသားခခြင်းဖြစ်သည် (၁.၁)။ ယောဟန်သည်ကား ယောဟန်ပြုစုထားသော သတင်းကောင်းစာအုပ်နှင့် ယောဟန်ပီးစာ ပထမ၊ ဒုတိယနှင့် တတိယ စာအုပ်များကိုလည်း ရီးသားခသူဖြစ်၏။ ထိုယောဟန်ကို လူအများက “ယေသျှု၏ အချစ်ကို ခံရသောသူ” အဖြစ် သိကြသည် (ယော ၁၃.၂၃)။ သူသည် ဤစာအုပ်ကို ပတ်မုကျွန်း၌ ဟိနိန်စဉ် ရီးသားခခြင်းဖြစ်သည်။ ထိုကျွန်း၌ ဟိနိန်သည့်အကြောင်းမှာ သူသည် ယေသျှုခရစ်တော်၏ သတင်းကောင်းတရားကို ဟောပြောသောကြောင့် ထိုကျွန်းသို့ ပြည်နှင်ဒဏ်ခံရသောကြောင့် ဖြစ်၏ (၁.၉)။
ဤဗျာဒိတ်တော်စာအုပ်ကို ယောဟန်ရီးသားရသည့် ရည်ရွယ်ချက်မှာ စာဖတ်သောသူရို့အား ယေသျှုခရစ်တော်၌ သစ္စာဟိစွာ ယုံကြည်ရန် အားပီးတိုက်တွန်းခြင်းနှင့် ယေသျှု ပြန်လည်ကြွလာမည့်အချိန်သည် နီးကပ်လာပြီ ဖြစ်ကြောင့် ထိုသူရို့အား မျှော်လင့်ခြင်းကို ပီးထားခြင်းပင် ဖြစ်၏ (၁.၃; ၂၂.၇)။ သူသည် ခရစ်ယာန်ဘာသာဝင်အားလုံးပါးသို့ ရီးသားခပြီး အခန်းကြီး ၂—၃ တွင် အသင်းတော် ခုနစ်ပါး ပါးသို့လည်း တိတိကျကျ ရီးသားခခြင်းဖြစ်၏။ ယောဟန်သည် မိမိ၏ စာအရီးအသား များကို ပရောဖက်ပြုထားသကဲ့သို့ ရီးသားထား (၁.၃) ပြီး သူမြင်ခသမျှသောအရာတိကို ဤစာအုပ်တွင် ဖော်ပြရာ၌ ပုံရိပ်များစွာကို အသုံးပြုထားသည်။ ဤစာအုပ်၏ အချို့သော အပိုင်းများမူကား ဓမ္မဟောင်းကျမ်းမှ အထူးသဖြင့် ဇာခရိ ၆.၁–၈ နှင့် အလားသဏ္ဌာန်တူညီနိန်သည်။ တံပိုးခုနစ်လုံးနှင့် မီးခွက်ခုနစ်လုံးတိကလည်း အဲဂုတ္တုပြည်ကို အပြစ်စီရင်ခြင်းငှာ ဘုရားသခင် စီရွှတ်သော ဘေးဒဏ်ကြီးများနှင့် လွန်စွာ အလားသဏ္ဌာန်တူနိန်၏ (ထွက်မြောက်ရာကျမ်း ၇–၉)။ ဗျာဒိတ်ကျမ်းတွင် အချိန်ကာလ၏ အဆုံးသတ်အကြောင်းကို ပြောပြထားပြီး ထိုအကြောင်းအရာသည်ကား ယေသျှုသည် အောင်နိုင်သောသူဖြစ်လာ၍ ထိုသူ၌ ယုံကြည်သောသူအားလုံးသည် ထိုသူနှင့်အတူ ထာဝရ အသက်ရှင်လိမ့်မည်။ ဤစာအုပ်သည်ကား ယေသျှုသည် မကြာမီပြန်လာမည့်အကြောင်း သင့်အဖို့ သတိပီးခြင်းနှင့် မျှော်လင့်ခြင်းကို ပီးပါစီသောဝ်။
အကြောင်းအရာ အကျဉ်းချုပ်
၁။ ယောဟန်က မိမိသည် ဇာသူဖြစ်ကြောင်းနှင့် ဤပရောဖက်နှင့်ဆိုင်သော ရူပါရုံကို သူသည် ဇာပိုင်ရဟိကြောင်းကို ပြောကြားခြင်းဖြင့် အစပြုခြင်း (၁.၁—၁.၂၀)
၂။ သူသည် အသင်းတော်ခုနစ်ပါး ပါးသို့ ယေသျှုထံမှ တိုက်ရိုက်ရဟိသော သတင်းစကားတစ်ခုကို ပီးခြင်း (၁.၁—၃.၂၂)
၃။ ထို့နောက်တွင် သူသည် တံဆိပ်ခုနစ်မျိုးနှင့် တံပိုးခရာခုနစ်လုံးတိကို ဖော်ပြခြင်း (၄.၁—၁၁.၁၉)
၄။ ထိုအရာများကို ဖော်ပြပြီးနောက်၊ ဂေါင်းခုနစ်လုံးဟိသော နဂါးနှင့် သိုးသူငယ်၏ စစ်ပွဲကို ယောဟန်ဖော်ပြခြင်း (၁၂.၁—၁၄.၂၀)
၅။ ထို့နောက်၊ သူသည် အမျက်တော်ဖလားခွက် ခုနစ်လုံး အကြောင်းကို ရီးသားထားခြင်း (၁၅.၁—၁၆.၁၈)
၆။ ထို့အပြင်၊ ယောဟန်က ဘုရားသခင်သည် မိမိ၏ ရန်သူတိကို ကောင်းကင်ဘုံ၌ ဇာပိုင် အောင်နိုင်ခကြောင်းကို ဖော်ပြခြင်း (၁၇.၁—၂၀.၁၅)
၇။ နောက်ဆုံး၊ အဆုံးသတ်ကာလ၌ ကောင်းကင်သစ်နှင့် မြီကြီးသစ် ဖြစ်ပေါ်လာမည့်အကြောင်းကို ယောဟန် ဖော်ပြခြင်း (၂၁.၁—၂၂.၂၁)
1
ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော့်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။ ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှုခရစ်တော်၏ သက်သီခံတော်မူချက်တိကို မိမိမြင်တွိ့ရသည်အတိုင်း သက်သီခံလေ၏။ ကာလအချိန် နီးကပ်ပြီဖြစ်၍ ဤ ပရောဖက်ပြုဟောပြောထားသော စကားတိကို ဖတ်ရှုသောသူနှင့် ဤစကားတိကို ကြား၍ လိုက်နာကျင့်သုံးသောသူရို့သည် မင်္ဂလာဟိကြ၏။
အသင်းတော် ခုနစ်ပါးသို့ နှုတ်ဆက်ခြင်း
ဗျာ ၄.၅ငါ ယောဟန်ပါးမှ၊
အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊ သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။
 
ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊ ဗျာ ၅.၁၀မိမိ၏ခမည်းတော် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်နိုင်စီရန် ငါရို့အား နိုင်ငံတော်သားအရာ၌ လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌ လည်းကောင်း ခန့်ထားတော်မူသော ယေသျှုခရစ်တော်သည် ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး ကြီးတော်မူပါစီသတည်း။ အာမင်။
မ ၂၄.၃၀; မာ ၁၃.၂၆; လု ၂၁.၂၇; ၁ သက် ၄.၁၇; ယော ၁၉.၃၄,၃၇; မ ၂၄.၃၀ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော့်ကို လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။
ဗျာ ၂၂.၁၃အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ ဟိတော်မူသော အနန္တတန်ခိုးသျှင် ဘုရားသခင်က “ငါသည် အစနှင့်အဆုံး ဖြစ်၏” ဟု မိန့်တော်မူ၏။
ရူပါရုံအားဖြင့် ခရစ်တော်ကို မြင်ခြင်း
ငါ ယောဟန်သည်ကား သင်ရို့၏ အစ်ကိုဖြစ်ပြီး ယေသျှု၏နောက်လိုက် တစ်ယောက်ဖြစ်သည့်နည်းတူ နိုင်ငံတော်နှင့် စပ်ဆိုင်သောကြောင့် ခံရသည့် ဒုက္ခဆင်းရဲကို သင်ရို့နှင့်အတူ သည်းခံနိန်ရသောသူလည်း ဖြစ်၏။ ငါသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေသျှု ဖော်ပြသော သမ္မာတရားကို ဟောပြောကြေညာသည့်အတွက် ပတ်မုကျွန်းသို့ အပို့ခံရ၏။ 10 သခင်ဘုရား၏ နိ့တွင် ငါသည် ဝိညာဉ်တော်ကို ခံရ၍ တံပိုးခရာသံနှင့်တူသော အသံကြီး တစ်ခုကို ငါ့နောက်၌ ကြားရ၏။ 11 ထိုအသံက “သင် မြင်ရသည့်အရာကို စာစောင်တွင် ရီးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များ၌ဟိသော အသင်းတော်ခုနစ်ပါးသို့ ပီးပို့လော့” ဟု ဆို၏။
12 ထိုသို့ ငါ့အား ပြောနိန်သောအသံသည် ဇာသူ၏အသံ ဖြစ်ပါသနည်းဟု လှည့်၍ ငါ ကြည့်လိုက်သောအခါ ရွှီမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊ 13 ထိုမီးခွက်တိအလယ်၌ လူသားနှင့်တူသော သူတစ်ဦးကိုလည်းကောင်း ငါတွိ့ရ၏။ ထိုသူသည် ဝတ်ရုံကို ခြီဖျားတိုင်အောင် ခြုံ၍ ရွှီရင်စည်းကို ဝတ်ဆင်ထား၏။ 14 သူ၏ဆံပင်သည် မိုးပွင့်ကဲ့သို့ လည်းကောင်း၊ သိုးမွီးကဲ့သို့ လည်းကောင်း ဖြူ၏။ သူ၏မျက်လုံးများသည်လည်း မီးလျှံကဲ့သို့ တောက်ပလျက် နိန်၏။ 15 သူ၏ခြီသည် မီးဖြင့် ချွတ်ထားသည့် တောက်ပသော ကြီးဝါနှင့် တူ၏။ သူ၏အသံမှာ ကြီးမားသော ရီတံခွန်၏ အသံနှင့် တူ၏။ 16 သူသည် လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ထား၏။ သူ၏ခံတွင်းမှ ပြတ်သောသန်လျက် ထွက်လာ၏။ သူ၏မျက်နှာသည်လည်း တန်ခိုးနှင့် ထွန်းတောက်သည့် မွန်းတည့်နီ၏ အလင်းကဲ့သို့ ဖြစ်၏။ 17 ဗျာ ၂.၈; ၂၂.၁၃ထိုသူကို တွိ့သောအခါ ငါသည် သူ၏ခြီတော်ရင်း၌ လဲကျလားပြီး လူသီကဲ့သို့ ဖြစ်လေ၏။ ထိုသူသည် ငါ့အထက်၌ လက်ယာလက်တော်ကို တင်တော်မူပြီးလျှင် “မကြောက်ကေ့၊ ငါသည် အစနှင့် အဆုံးဖြစ်၏။ 18 ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။ 19 သင် မြင်တွိ့ရသည့် အမှုအရာများမှာ အဂု ဖြစ်ပျက်နိန်သော အမှုအရာများနှင့် နောင်အခါ၌ ဖြစ်ပျက်မည့် အမှုအရာများသာ ဖြစ်၏။ ထိုအကြောင်းအရာများကို ရီးထားလော့။ 20 ငါ၏ လက်ယာလက်တော်တွင် သင် မြင်တွိ့ရသည့် ကြယ်ခုနစ်လုံးနှင့် ရွှီမီးခွက် ခုနစ်လုံး၏ လျှို့ဝှက်သည့် အနက်အဓိပ္ပာယ်မှာ မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၍၊ ကြယ်ခုနစ်လုံးသည် ထိုအသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်တိ ဖြစ်သတည်း” ဟု မိန့်တော်မူ၏။

1:4 ဗျာ ၄.၅

1:6 ဗျာ ၅.၁၀

1:7 မ ၂၄.၃၀; မာ ၁၃.၂၆; လု ၂၁.၂၇; ၁ သက် ၄.၁၇; ယော ၁၉.၃၄,၃၇; မ ၂၄.၃၀

1:8 ဗျာ ၂၂.၁၃

1:17 ဗျာ ၂.၈; ၂၂.၁၃