14
သိုးသူငယ်တော်နှင့် သူ၏လူတိ
ဗျာ ၇.၃ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇိအုန်တောင်ထက်တွင် သိုးသူငယ်တော် ရပ်နိန်သည်ကို မြင်ရ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမ တော်ကို နဖူးထက်တွင် ရီးမှတ်ထားသော လူပေါင်း ၁၄၄,၀၀၀ ရို့သည် သိုးသူငယ်တော်နှင့်အတူ ဟိကြ၏။ ကောင်းကင်မှ သမုဒ္ဒရာဟုန်းသံနှင့် မိုးကြိမ်းသံကဲ့သို့သော အသံကို ငါကြားရ၏။ ထိုအသံသည် စောင်းသမားရို့တီးသည့် စောင်းသံနှင့်တူ၏။ ထိုလူ ၁၄၄,၀၀၀ ရို့သည် ပလ္လင်တော်ရှိ့၌ လည်းကောင်း၊ သက်ဟိသတ္တဝါလေးပါးနှင့် အကြီးအကဲရို့၏ ရှိ့၌ လည်းကောင်း ရပ်လျက် တေးခြင်းသစ်ကို သီဆိုကြ၏။ လူသားအပေါင်းရို့အထဲမှ ရွီးနုတ်ကယ်တင်ခြင်းခံရသောလူ ၁၄၄,၀၀၀ မှတစ်ပါး အခြားဇာသူမျှ ထိုတေးခြင်းကို မသီဆိုတတ်ကြ။ ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။ သူရို့နှုတ်၌ မုသားမဟိ။ အပြစ်ကင်းစင်သော သူတိဖြစ်ကြ၏။
ကောင်းကင်တမန်သုံးပါး
ထို့နောက် ကောင်းကင်အလယ်တွင် တခြားသော ကောင်းကင်တမန်တစ်ပါး ပျံလျက်နိန်သည်ကို ငါ မြင်ရ၏။ သူသည် တိုင်းနိုင်ငံအသီးသီး၌ဟိသော ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူအမျိုးအနွယ်ခပ်သိမ်းရို့အား ဟောပြောရန် ထာဝရနှင့်ဆိုင်သော သတင်းကောင်းကို ယူဆောင်လာ၏။ ထိုကောင်းကင်တမန်က “ဘုရားသခင်ကို ကြောက်ရွံ့ရိုသီ၍ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏ တရားစီရင်တော်မူရာ နိ့ရက်သည် ရောက်လာယာ။ ကောင်းကင်နှင့် မြီကြီးကိုလည်းကောင်း၊ ပင်လယ်နှင့် စမ်းရီပေါက်များကိုလည်းကောင်း ဖန်ဆင်းတော်မူသော အသျှင်ကို ကိုးကွယ်ကြလော့” ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
ဗျာ ၁၈.၂ထို့နောက် ဒုတိယ ကောင်းကင်တမန်သည် လာပြီး၊ “ဗာဗုလုန်မြို့ကြီး ပြိုကျလားယာ၊ ပြိုကျလားယာ။ ထိုမြို့သည် ကာမဂုဏ်လိုက်စားမှုတည်းဟူသော စပျစ်ရည်ကို လူမျိုးတကာရို့အား တိုက်လေယာ” ဟု ကြွေးကြော်၏။
ထို့နောက် တတိယ ကောင်းကင်တမန်သည် လာ၍ “သားရဲနှင့် ထိုသားရဲ၏ရုပ်တုကို ကိုးကွယ်ကာ ထိုသားရဲ၏ အမှတ်တံဆိပ်ကို နဖူး၌ ဖြစ်စီ၊ လက်၌ ဖြစ်စီ ရိုက်နှိပ်ထားသောသူသည်၊ 10 ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။ 11 ထို ညှဉ်းဆဲခြင်း၏ မီးခိုးသည် ထာဝရကာလပတ်လုံး အထက်သို့ တက်လျက်နိန်၏။ သားရဲနှင့် ၎င်း၏ရုပ်တုကို ကိုးကွယ်၍၊ ၎င်း၏နာမည် တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူ အပေါင်းရို့သည် နိ့ညမပြတ် သက်သာရာရလိမ့်မည် မဟုတ်” ဟု အသံကျယ်လောင်စွာ ကြွေးကြော်လေ၏။
12 ဤကား ဘုရားသခင်၏ပညတ်တော်ကို နာခံလိုက်လျှောက်၍ ယေသျှု၌ သစ္စာဟိကြသော ဘုရားသခင်၏လူရို့အဖို့ သည်းခံနိုင်ခြင်း ဟိစီရန်ပင် ဖြစ်၏။
13 တဖန် “ရီးမှတ်ထားလော့။ အဂုအချိန်မှစ၍ သခင်ဘုရား၌ သီလွန်သောသူရို့သည် မင်္ဂလာဟိကြ၏” ဟု ဆိုသော ကောင်းကင်မှ အသံကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “အမှန်ပင်ဖြစ်၏။ သူရို့သည် ဆင်းရဲပင်ပန်းစွာ လုပ်ဆောင်ခြင်းမှ အနားယူခွင့်ကို ရဟိကြလိမ့်မည်။ အကြောင်းမူကား သူရို့၏ လုပ်ဆောင်သောအကျိုးသည် သူရို့နှင့်အတူ လိုက်ပါလျက် ဟိသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
မြီကြီး၏ အသီးအနှံများကို ရိတ်သိမ်းခြင်း
14 ထို့နောက် ငါ ကြည့်လိုက်သောအခါ ဖြူသောမိုးတိမ်တစ်ခုကို မြင်ရ၏။ ထိုမိုးတိမ်ထက်တွင် လူသားနှင့်တူသော သူတစ်ဦးသည် ထိုင်နိန်၏။ သူ၏ ဦးဂေါင်း၌ ရွှီသရဖူကို ဆောင်းထား၏။ လက်ထဲတွင် ပြတ်သောတန်းစဉ်ကို ကိုင်ထား၏။ 15 ထို့နောက် တခြားသော ကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်မှ ထွက်လာ၍ မိုးတိမ်ထက်တွင် ထိုင်နိန်သောသူအား “မြီကြီးထက်၌ စပါးရိတ်သိမ်းရန် အချိန်ရောက်လာပြီ ဖြစ်သောကြောင့်၊ ကိုယ်တော်၏ တန်းစဉ်ကို ယူ၍ ရိတ်သိမ်းတော်မူပါ” ဟု အသံကျယ်လောင်စွာပြောဆို၏။ 16 ထို့ကြောင့် မိုးတိမ်ထက်တွင် ထိုင်နိန်သောသူက မိမိ၏တန်းစဉ်ကို မြီကြီးထက်သို့ ဝှေ့ယမ်းကာ မြီကြီးမှ စပါးများကို ရိတ်တော်မူ၏။
17 ထို့နောက် တခြားသော ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ဘုံ၌ ဟိသော ဗိမာန်တော်မှ ထွက်လာ၏။ ထိုသူသည်လည်း ပြတ်သော တန်းစဉ်ကို ကိုင်ထား၏။
18 ထို့နောက် မီးကို အစိုးရသော ကောင်းကင်တမန်သည် ယဇ်ပလ္လင်တော်မှ ထွက်လာ၏။ သူသည် တန်းစဉ်ကို ကိုင်ထားသည့် ကောင်းကင်တမန်အား “မြီကြီးထက်၌ စပျစ်သီး မှည့်နိန်ယာဖြစ်သောကြောင့် သင်၏ တန်းစဉ်ကို ယူ၍ စပျစ်သီးများကို ရိတ်သိမ်းလော့” ဟု ကျယ်လောင်သောအသံဖြင့် ပြော၏။ 19 သို့ဖြစ်၍ ထိုကောင်းကင်တမန်သည် မိမိတန်းစဉ်ကို ယူ၍ မြီကြီးထက်က စပျစ်သီးများကို ရိတ်သိမ်းလေ၏။ ထို့နောက် စပျစ်သီးများကို ဘုရားသခင်၏ အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာ ကျင်းထဲသို့ သွန်ချလိုက်၏။ 20 ဗျာ ၁၉.၁၅ထိုစပျစ်သီးများကို မြို့ပြင်တွင် နယ်၍ စပျစ်သီးနယ်ရာ တွင်းမှ မြင်းဇက်ကြိုးထိတိုင်အောင် သွီးချောင်းစီးထွက် လာ၏။ ထိုသွီးချောင်းသည် အလျားမိုင် ၂၀၀၊ အနက် ငါးပေခန့် ဟိသတည်း။

14:1 ဗျာ ၇.၃

14:8 ဗျာ ၁၈.၂

14:20 ဗျာ ၁၉.၁၅