4
အာဗြဟံ၏ ယုံကြည်ခြင်း စံနမူနာ
ထိုသို့ဖြစ်လျှင် ငါရို့ အမျိုး၏အဖ အာဗြဟံနှင့် ပတ်သက်၍ ငါရို့ဇာပိုင် ပြောရပါမည်နည်း။ သူ၏အတွိ့အကြုံကား ဇာပိုင်ဟိခလဲ။ အာဗြဟံသည် မိမိကျင့်သော အကျင့်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ရာသို့ ရောက်ခလျှင် သူသည် ဝါကြွားစရာ အကြောင်းဟိလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ မျက်မှောက်တော်၌ ထိုသို့ မဟုတ်။ ဂလာ ၃.၆ကျမ်းစာလာသည်ကား၊ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူကို ဖြောင့်မတ်သည်ဟု လက်ခံတော်မူခ၏” အလုပ် လုပ်သောသူတိအား လုပ်ခကို ပီးကြရ၏၊ ထိုလုပ်ခကို လက်ဆောင်ဟု မသတ်မှတ်ကြပေ။ ထိုလုပ်ခသည် ထိုသူရို့ ရသင့်ရထိုက်သော လုပ်အားခသာ ဖြစ်၏။ သို့ရာတွင် မိမိရို့ကျင့်သည့်အကျင့်ကို အားမကိုးဘဲ အပြစ်ဟိသောသူတိကို အပြစ်မဟိဟု သဘောထားတော်မူသော ဘုရားသခင်ကို ယုံကြည် အားကိုး၏၊ ဘုရားသခင်သည် ထိုသူရို့၏ ယုံကြည်ခြင်းကို ဖြောင့်မတ်သည်ဟု မှတ်ယူတော်မူလေ၏။ လူ၏အကျင့်ကို မထောက်ဘဲ ဖြောင့်မတ်သောသူတစ်ယောက်အဖြစ် ဘုရားသခင်လက်ခံတော်မူခြင်းကို ခံရသောသူသည် မင်္ဂလာဟိကြောင်းကို ဒါဝိဒ် မြွတ်ဆိုသည်ကား၊
“မိမိပြစ်မှားသော အပြစ်ကို ခွင့်ရွှတ်ခြင်းခံရ၍
အပြစ်မှ လွတ်မြောက်ခွင့်ရသော သူရို့သည် မင်္ဂလာဟိကြ၏။
ထာဝရဘုရားက မိမိ၏အပြစ်ကို မှတ်ယူခြင်းမခံရသော သူသည် မင်္ဂလာဟိ၏” ဟု ဆိုသတည်း။
တဖန် ဒါဝိဒ်မြွတ်ဆိုသော မင်္ဂလာတရား၌ အရီဖျားလှီးခြင်းခံသောသူတိသာ ပါဝင်သလော။ လုံးဝ မဟုတ်ပါ။ အရီဖျားလှီးခြင်းမခံသောသူတိလည်း ပါဝင်၏။ ကျမ်းစာကို ကိုးကား၍ ပြောဆိုရပါမူ “အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူ၏။” 10 ဤအရာသည် ဇာအချိန်က ဖြစ်ခသနည်း။ အာဗြဟံအား အရီဖျားလှီးခြင်းကို ခံယူပြီးမှ လက်ခံတော်မူခသလား၊ သို့မဟုတ် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက လက်ခံတော်မူခသလား၊ အရီဖျားလှီးခြင်းကို ခံယူပြီးမှ သူ့အား လက်ခံတော်မူခသည် မဟုတ်၊ မခံယူခင်ကတည်းက လက်ခံတော်မူခ၏။ 11 အာဗြဟံသည် အရီဖျားလှီးခြင်းကို မခံယူခင်ကတည်းက သူ၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူခ၏။ ထို့ကြောင့် အရီဖျားလှီးခြင်းသည်ကား ယုံကြည်ခြင်းကို ဖော်ပြသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်၏။ ထို့အပြင် အာဗြဟံသည် အရီဖျားလှီးခြင်း မခံယူဘဲ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သောသူ ဖြစ်လာသောသူအားလုံး၏ဖခင် ဖြစ်လေ၏။ 12 ငါရို့အဖ အာဗြဟံသည် အရီဖျားလှီးခြင်းကို ခံယူထားသောသူများ၏ အဖ ဖြစ်၏။ ထို့အပြင် သူသည် အရီဖျားလှီးခြင်းကို မခံယူခင် ယုံကြည်ခြင်းဖြင့် အသက်ရှင်ခသည့်နည်းတူ ထိုသို့ ယုံကြည်ခြင်းဖြင့် အသက်ရှင်ကြသောသူ အားလုံး၏ အဖလည်းဖြစ်၏။
ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကတိတော်ကို ခံရခြင်း
13 ဂလာ ၃.၂၉ဘုရားသခင်က ဤလောကကို အမွီခံစီမည်ဟု အာဗြဟံနှင့် သူ၏အမျိုးအနွယ်တိအား ကတိပီးသောအခါ အာဗြဟံသည် ပညတ်တရားကို ကျင့်သောကြောင့် ပီးခသည် မဟုတ်၊ ယုံကြည်ခြင်းကြောင့် ဘုရားသခင်က သူ့ကို ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူသောကြောင့် ထိုကတိတော်ကို ပီးခခြင်းဖြစ်၏။ 14 ဂလာ ၃.၁၈အကြောင်းမူကား၊ ပညတ်တရားကို ကျင့်သောသူများသာ ဘုရားသခင်၏ကတိတော်ကို ခံစားကြရမည်ဆိုလျှင် ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဟိ၊ ဘုရားသခင်၏ ကတိတော်သည်လည်း အချည်းနှီးဖြစ်၏။ 15 ပညတ်တရားသည် ဘုရားသခင်၏အမျက်တော်ကို ယူဆောင်လာ၏။ သို့ရာတွင် ပညတ်တရားမဟိလျှင် ထိုပညတ်တရားကို လွန်ကျူးစရာအကြောင်းမဟိပေ။
16 ဂလာ ၃.၇ထို့ကြောင့် ကတိတော်သည် အာဗြဟံ၏ အမျိုးအနွယ်အားလုံးကို ဘုရားသခင်၏အခမဲ့ လက်ဆောင်အဖြစ်ဖြင့် အာမခံဟိစီခြင်းငှာ ယုံကြည်ခြင်းပေါ်တွင် အခြေခံထားခြင်းဖြစ်၏။ ထိုကတိတော်သည် ပညတ်တရားကို ကျင့်သောသူတိ အတွက် မဟုတ်၊ အာဗြဟံကဲ့သို့ ယုံကြည်သောသူတိ အတွက် ဖြစ်၏။ အာဗြဟံသည်ကား ငါရို့ယုံကြည်သူအားလုံး၏ ယုံကြည်ခြင်းဖခင် ဖြစ်၏။ 17 ကျမ်းစာ လာသည်ကား “ငါသည် သင့်ကို များစွာသော လူမျိုးအပေါင်း၏ အဖ ဖြစ်စီပြီ” ဟူ၍ ဖြစ်၏။ ထို့ကြောင့် ထိုအာဗြဟံသည်ကား၊ သီသောသူကို အသက်ရှင်စီတော်မူထသော၊ မဖြစ်သိမ့်သောအရာတိကို ဖြစ်စီတော်မူထသော၊ သူယုံကြည်သည့် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့၏ အဖဖြစ်လေ၏။ 18 အာဗြဟံသည် မျှော်လင့်စရာအကြောင်း မဟိသော်လည်း ယုံကြည်၍ မျှော်လင့်လျက်နိန်သောကြောင့် သူအား “သင်၏အမျိုးအနွယ်ကို ဤသို့ ဖြစ်စီလိမ့်မည်” ဟု မိန့်တော်မူခသည့်အတိုင်း လူမျိုးအပေါင်း၏ အဖ ဖြစ်လာခ၏။ 19 သူသည် အသက် ၁၀၀ ခန့် ပြည့်ပြီဖြစ်၍ မိမိသည် သီဆုံးခါနီးပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိ၏မယား စာရာသည် အချေမရနိုင်သည်ကိုလည်းကောင်း စဉ်းစားမိသော်လည်း သူ၏ ယုံကြည်ခြင်းကို မလျှော့ပေ။ 20 သူသည် သံသယကင်းစွာဖြင့် ဘုရားသခင်၏ကတိတော်ကို ယုံကြည်သည်ဖြစ်၍ သူ၏ယုံကြည်ခြင်းသည် သူ့ကို တန်ခိုးနှင့် ပြည့်စုံစီပြီးလျှင် ဘုရားသခင်ကိုလည်း ချီးမွမ်းလေ၏။ 21 ထို့ပြင် အာဗြဟံက ဘုရားသခင်သည် မိမိကတိပီးထားသည့်အတိုင်း လုပ်ဆောင်တော်မူသောဘုရားဖြစ်သည်ဟု အပြည့်အဝ ယုံကြည်ခလေ၏။ 22 ထိုသို့ ယုံကြည်ခြင်းအားဖြင့် “ဘုရားသခင်သည် အာဗြဟံအား ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူ၏။”
23 ထိုသို့ “သူ့အား ဖြောင့်မတ်သောသူအဖြစ် လက်ခံတော်မူ၏၊” ဟူသော စကားရပ်သည် အာဗြဟံတစ်ယောက်တည်းအတွက်သာ ရီးသားထားသည် မဟုတ်။ 24 ငါရို့ အသျှင်ယေသျှုအား သီခြင်းမှ ထမြောက်စီတော်မူသော ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ခြင်းခံရသည့် ငါရို့အတွက်ပါ ရီးထားခြင်းဖြစ်၏။ 25 ထိုအသျှင်ယေသျှုသည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၍ ငါရို့ကို ဖြောင့်မတ်ရာသို့ ရောက်စီခြင်းငှာ သီခြင်းမှ ထမြောက်တော်မူလာခြင်း ဖြစ်၏။

4:3 ဂလာ ၃.၆

4:13 ဂလာ ၃.၂၉

4:14 ဂလာ ၃.၁၈

4:16 ဂလာ ၃.၇