၁ ယောဟန်
ယောဟန်ဆေမှ ပထမပေးစာ
နိဒါန်း
ယောဟန်ဆေမှ ပထမပေးစာ ဟို ခရစ်တော် မွေးဖွားပင်းနောက် ၅၀ နဲ့ ၁၀၀ ခုနှစ်ကြားတွင် တမန်တော် ယောဟန်ဟ ရေးသားခဲ့အယ်။ ယောဟန်ဟ သူ့တတ်တိုင်း စာရေးဆရာအဖြစ် မသတ်မှတ်ထားသော်လည်း ပထမအခန်းတွင် သူဟ ယေရှုရဲ့ အသက်နဲ့ ဆှင်ပြန်ထမြောက်ခြင်းအတွက် မျက်မြင်သက်သေ ဖြစ်အယ် (၁.၁–၃)။ ယောဟန် ပထမစာစောင်ပါ စာရေးဟန်ဟ ယောဟန်အရ ခရစ်ဝင်ကျမ်းတွင် တွေ့ရသော အရေးအသားပုံစံနဲ့လည်း နီးစပ်အယ်။ ယောဟန်ဟ ဧဖက်မြို့တွင် နေထိန်စဉ် ယောဟန်နဲ့ ယောဟန် ပထမပေးစာ၊ ယောဟန် ဒုတိယပေးစာနဲ့ ယောဟန် တတိယပေးစာလို့နဲ့အညီ ခရစ်ဝင်ကျမ်း သုံးစောင်ဟို ရေးသားခဲ့တာဟု ယုံကြည်ကြအယ်။
ယောဟန်ဟ နော့စ်တစ်ဟု ခေါ်သော အသင်းတော်မှ ပြဿနာတက်နေချိန်တွင် ခရစ်ယာန်များအားလုံးဆေ ဟေစာဟို ရေးခဲ့အယ်။ ဟေလူများသည် ယေရှုဟ လုံးလုံး ဘုရားသခင် ဖြစ်တာဟို ယုံကြည်ကြသော်လည်း မြေကြီးပေါ်ဆိစဉ် အသွေးအသားဆိသော လူသားတယောက် မဟုတ်ဟု ယုံကြည်ကြအယ်။ အဲအကျောန်းကျောန့် ယောဟန်ဟ ယေရှုရဲ့ အသက်တာနှိုက် မျက်မြင်သက်သေဖြစ်ခြင်း အကျောန်းနဲ့ သူရဲ့ လက်နဲ့ ယေရှုဟို ထိမိကျောန်း ရေးသားခဲ့အယ် (၃.၁–၃)။ ဟေစာဟို ရေးသော ယောဟန်ရဲ့ ရည်ရွယ်ချက်မှာ သူရဲ့ ဝမ်းမြောက်မှုကို ပြည့်စုံရန် (၁.၄)၊ ယုံကြည်သူများဟို အပစ်ကျူးလွန်ခြင်းမှ တားဆီးရန် (၂.၁)၊ ယုံကြည်သူများအား မားယွင်းသော သွန်သင်ခြင်းမှ ကာကွယ်ရန် (၂.၂၆)၊ ယုံကြည်သူများအား ကယ်တင်ခြင်းဟို ရောက်ကျောန်း အာမခံရန် စသည်လို့ ဖြစ်ကြအယ် (၅.၁၃)။
အကျောန်းအရာ အကျဉ်းချုပ်
၁။ ယောဟန်ဟ သူ့စာဟို မိတ်ဆက်ပင်း ဟေစာ ရေးရခြင်းရဲ့ ရည်ရွယ်ချက်ဟို ပေးအယ် (၁.၁–၄)
၂။ အဲနောက် ဘုရားသခင်ဟ အလင်းပြပုံနဲ့ ငါလို့ဟ ယေရှုလို အသက်ဆှင်ရမယ်ဟို ဆှင်းပြအယ် (၁.၅—၃.၁၀)
၃။ အဲပင်းနောက်၊ တယောက်နဲ့ တယောက် ချစ်ကြရန် မိန့်ကြားကျောန်းဟို ပြန်လည် သတိပေးအယ် (၃.၁၁—၅.၁၂)
၄။ သူ့စာဟို နိဂုံးချုပ်အယ် (၅.၁၃–၂၁)
1
အသက်ဆှင်လဲ့ နှုတ်ကပတ်တော်
1 အစဦးဟပင် ဆိသောအရာ၊ ငါလို့ ကြားရသောအရာ၊ ကိုယ့်မျက်စေ့ဖြင့် မျော်ရသောအရာ၊ ငါလို့ ကျေ့ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာ တည်းဟူသော အသက်ဆှင်လဲ့ နှုတ်ကပတ်တော်နဲ့ ဆိုင်သောအရာဟို နင်လို့အား ပြသကြအယ်။
2 အဲအသက်ဟ ထင်ဆှားခဲ့ပီ၊ ငါလို့လည်း မျော်ရကြပီ၊ ခမည်းတော်နဲ့အတူ ဆိဖူးယွေ့ ငါလို့အား ထင်ဆှားခဲ့ပင်းသော အဲထာဝရ အသက်ဟို ငါလို့ဟ နင်လို့အား သက်သေခံယွေ့ ပြသကြအယ်။
3 ငါလို့ မျော်ရ ကြားရသောအရာဟို နင်လို့အား ပြောကြားရခြင်းမှာ နင်လို့ဟလည်း ငါလို့နဲ့ မိတ်သဟာယဖွဲ့ခြင်းဟ ခမည်းတော်နဲ့ လည်းကောင်း၊ သူ့ရဲ့ သားတော် ယေရှု ခရစ်တော်နဲ့ လည်းကောင်း မိတ်သဟာယ ဖွဲ့ခြင်း ဖြစ်အယ်။
4 ငါလို့ရဲ့ ဝမ်းမြောက်ခြင်း ပြေ့ဝစုံလင်စေရန် ဟေအရာများဟို ငါလို့ ရေးလိုက်အယ်။
ဘုရားသခင်ဟ အလင်းဖြစ်ခြင်း
5 ဘုရားသခင်ဟ အလင်း ဖြစ်အယ်၊ ကိုယ်တော်နှိုက် မိုက် လုံးဝမဆိဟူသော တရားစကားဟို ငါလို့ဟ ကိုယ်တော်ရဲ့ သားတော်ဆေမှ ကြားသိရသဖြင့် နင်လို့အား ကြေညာအယ်။
6 ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။
7 အားပေမဲ့ ဘုရားသခင်ဟ အလင်းနှိုက် ဆိသလို ငါလို့ဟလည်း အလင်းနှိုက် အသက်ဆှင် ဆော့က်လှမ်းရင် ငါလို့ဟ အချင်းချင်းနှိုက် မိတ်သဟာယဖွဲ့ခြင်း ဆိယွေ့ ဘုရားသခင်ရဲ့ သားတော် ယေရှုရဲ့ အသွေးတော်ဟ ငါလို့ဟို အပစ်ဆိသမျှလို့မှ စင်ကြယ်စေအယ်။
8 ငါလို့နှိုက် အပစ်မဆိဟု ငါလို့ဆိုရင် ငါလို့ဟ ကိုယ့်တတ်တိုင်း လှည့်စားနေတာ ဖြစ်ယွေ့ သမ္မာတရားဟ ငါလို့နှိုက် မဆိ။
9 ငါလို့ဟ ကိုယ့်အပစ်များဟို ဖော်ပြဝန်ခံရင် ဘုရားသခင် သစ္စာနဲ့ ပြေ့စုံယွေ့ ဖြောင့်မတ်သောသူ ဖြစ်သောကျောန့် ငါလို့ရဲ့ အပစ်များဟို ခွင့်လွှတ်ပင်း ငါလို့ဟို မတရားမှု ဆိသမျှဆေမှ စင်ကြယ်စေအယ်။
10 အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။