42
ဗိမာန်တော်အနီးရှိအဆောက်အအုံနှစ်ခု
1-2 ထိုလူသည်ငါ့အားတံတိုင်းအပြင်ဝင်း အတွင်းသို့ခေါ်ဆောင်ကာဗိမာန်တော်မြောက် ဘက်၌ရှိသောအဆောက်အအုံသို့ခေါ် ဆောင်သွား၏။ ထိုအဆောက်အအုံသည် အလျားတစ်ရာခုနစ်ဆယ်ပေ၊ အနံရှစ် ဆယ့်ငါးပေရှိ၍ဗိမာန်တော်အနောက် ဘက်၌ရှိသည့်အဆောက်အအုံနှင့် မဝေးချေ။-
3 ယင်းသည်တစ်ဖက်ဗိမာန်တော်နှင့်ယှဉ်၍သုံး ဆယ့်လေးပေကျယ်သောမြေကွက်လပ်ကို လည်းကောင်း၊ တံတိုင်းအပြင်ဝင်း၏နောက် ဘက်မှကျောက်သမံတလင်းခင်းလမ်းကို လည်းကောင်းမျက်နှာမူ၍နေ၏။ ထိုအဆောက် အအုံကိုအဆင့်ဆင့်မြင့်တက်လာသော မြေပြင်သုံးဆင့်အပေါ်တွင်တည်ဆောက် ထားလေသည်။-
4 မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။-
5 အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။-
6 မြေပြင်သုံးဆင့်စလုံး၌ရှိသောအခန်း တို့သည်မြေပြန့်ကုန်းမြင့်များပေါ်တွင်တည် ဆောက်ထားသဖြင့်ယင်းတို့သည်တံတိုင်း အပြင်ဝင်းအတွင်းမှအခြားအဆောက် အအုံများမှာကဲ့သို့ကျောက်တိုင်များ မရှိချေ။-
7-8 အနိမ့်ပိုင်းတွင်ရှိသည့်အဆောက်အအုံ ၏နံရံသည်အလျားတစ်ဝက်မှာရှစ်ဆယ့် ငါးပေဖြစ်၏။ ကျန်သောရှစ်ဆယ့်လေးပေ တွင်အခန်းများရှိ၏။ ဗိမာန်တော်နှင့်ကပ် လျက်ရှိသောဘက်တွင် ပေတစ်ရာ့ခုနစ်ဆယ် ရှိသည်။ အဆင့်ထိပ်ဆုံးမြေပြင်တွင်အဆောက် အအုံတစ်လျှောက်လုံး၌အခန်းများရှိ၏။-
9-10 ဤအခန်းများအောက်အဆောက်အအုံ၏ အရှေ့စွန်းပိုင်းတံတိုင်းအပြင်ဝင်းအစ ပြုသည့်နေရာ၌တံတိုင်းအပြင်ဝင်းသို့ ထွက်ပေါက်ရှိ၏။
ဗိမာန်တော်တောင်ဘက်အပြင်တံတိုင်းတစ် လျှောက် ဗိမာန်တော်အပြင်ဝင်းနှင့်ဆက်၍ တံတိုင်းနံရံ၏ဆန့်ကျင်ဘက်တွင် အဆောက် အအုံများရှိလေသည်။-
11 အခန်းများ၏ရှေ့တွင်မြောက်ဘက်မှာကဲ့ သို့ပင်လမ်းတစ်သွယ်ရှိ၏။ ထိုအခန်းတို့ ၏အတိုင်းအတာ၊ ပုံပန်းသဏ္ဌာန်နှင့်တံခါး ပေါက်များသည်မြောက်ဘက်ရှိအခန်းများ အတိုင်းပင်ဖြစ်၏။-
12 ဤအဆောက်အအုံ၏တောင်ဘက်ပိုင်း ရှိအခန်းများအောက်တွင်တံတိုင်းအစ ပြုသည့်အရှေ့စွန်း၌တံခါးတစ်ခုရှိ၏။
13 ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
14 ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
ဗိမာန်တော်မြေယာအကျယ်အဝန်း
15 ထိုလူသည်ဗိမာန်တော်အတွင်းပိုင်းအကျယ် အဝန်းကိုတိုင်းတာပြီးနောက် ငါ့အားအရှေ့ တံခါးမှခေါ်ဆောင်ကာအပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။-
16 သူသည်ကူရိုးကိုယူ၍အပြင်ပိုင်းကို တိုင်းရာရှစ်ရာလေးဆယ်ပေရှိလေသည်။-
17-19 ထိုနောက်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အနောက် ပိုင်းတို့ကိုတိုင်းတာ၏။ ယင်းတို့အားလုံး အလျားပေရှစ်ရာလေးဆယ်စီရှိကြ၏။-
20 သို့ဖြစ်၍တံတိုင်းသည်စတုရန်းပေရှစ်ရာ လေးဆယ်ရှိသောမြေကိုကာရံ၍ထားလေ သည်။ ဤတံတိုင်းကသန့်ရှင်းသောအရပ်နှင့် မသန့်ရှင်းသောအရပ်တို့ကိုပိုင်းခြား၍ ထားသတည်း။