27
ယဇ်ပလ္လင်
(ထွ၊ ၃၈:၁-၇)
1 ``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
2 ပလ္လင်လေးထောင့်တွင်ဦးချိုသဏ္ဌာန်အတက် လေးခုရှိစေရမည်။ ထိုဦးချိုတို့သည်ပလ္လင် နှင့်တစ်သားတည်းရှိ၍ တစ်ခုလုံးကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
3 ပြာနှင့်အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီး ကျီးခံအိုးအစရှိသောယဇ်ပလ္လင်နှင့်ဆိုင်ရာ တန်ဆာရှိသမျှတို့ကိုကြေးဝါဖြင့်ပြုလုပ် ရမည်။-
4 ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
5 ပလ္လင်အမြင့်ထက်ဝက်နေရာ၌ဆန်ခါကိုတပ် ဆင်ရမည်။-
6 ပလ္လင်ကိုထမ်းရန်အကာရှသစ်သားဖြင့်ထမ်း ပိုးများပြုလုပ်၍၊ ထိုထမ်းပိုးများကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
7 ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
8 တောင်ပေါ်တွင်ငါပြသောပုံစံအတိုင်းယဇ်ပလ္လင် ကို ဟင်းလင်းပေါက်ဖြစ်စေရန်ပျဉ်ပြားဖြင့်ပြု လုပ်ရမည်။
စံတော်မူရာတဲတော်ဝင်းအတွက်အကာအရံ
(ထွ၊ ၃၈:၉-၂၀)
9 ``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။-
10 ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
11 မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
12 တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-
13 တဲတော်တံခါးဝတည်ရှိရာအရှေ့ဘက်တွင် လည်း၊ နှစ်ဆယ့်ငါးကိုက်ရှည်သောအကာအရံ ရှိစေရမည်။-
14-15 အဝင်ဝတစ်ဘက်တစ်ချက်တွင်ခုနစ်ကိုက်ခွဲ ရှည်သောကန့်လန့်ကာနှင့်တိုင်သုံးတိုင်၊ ဖိနပ် သုံးခုရှိစေရမည်။-
16 တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
17 တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-
18 တဲတော်ဝင်းအကာအရံသည်အလျားပေတစ် ရာ့ငါးဆယ်၊ အနံခုနစ်ဆယ့်ငါးပေနှင့်အမြင့် ခုနစ်ပေခွဲရှိရမည်။ ကန့်လန့်ကာများကိုပိတ် ချောဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါ ဖြင့်လည်းကောင်းပြုလုပ်ရမည်။-
19 တဲတော်အတွက်အသုံးအဆောင်ပစ္စည်းအား လုံးကိုလည်းကောင်း၊ တဲတော်နှင့်တဲတော်အကာ အရံအတွက်ကြက်ဆူးရှိသမျှကိုလည်းကောင်း၊ ကြေးဝါဖြင့်ပြုလုပ်ရမည်။
ဆီမီးတိုင်နှင့်ဆိုင်သောပညတ်ချက်
(ဝတ်၊ ၂၄:၁-၄)
20 ``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-
21 အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။