29
ဗာဗုလုန်မြို့ရှိယုဒအမျိုးသားတို့ထံသို့ ယေရမိပေးစာ
1 ငါသည်ယေရုရှလင်မြို့မှသုံ့ပန်းများအဖြစ် ဗာဗုလုန်မြို့သို့နေဗုခဒ်နေဇာဖမ်းဆီးခေါ် ဆောင်သွားသည့်ခေါင်းဆောင်များ၊ ယဇ်ပုရော ဟိတ်များနှင့်ပြည်သူအပေါင်းတို့ထံသို့ စာတစ်စောင်ပေးပို့လိုက်၏။-
2 ငါသည်ယေခေါနိမင်း၊ ထိုမင်း၏မယ်တော်၊ နန်းတွင်းအရာရှိများ၊ ယုဒပြည်နှင့်ယေရု ရှလင်မြို့မှခေါင်းဆောင်များ၊ အတတ်ပညာ သည်များနှင့်လုပ်ရည်ကိုင်ရည်ရှိသူအလုပ် သမားများသိမ်းသွားခြင်းကိုခံရသည့် နောက် ထိုစာကိုရေးသားလေသည်။-
3 ငါသည်စာကိုယုဒဘုရင်ဇေဒကိက နေဗုခဒ်နေဇာထံစေလွှတ်သော ရှာဖန်၏သား ဧလာသာနှင့်ဟိလခိ၏သားဂေမရိတို့ အားဖြင့်ပေးပို့လိုက်၏။ စာတွင်၊
4 ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယေရု ရှလင်မြို့မှ ဗာဗုလုန်မြို့သို့မိမိပြည်နှင် ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့အား၊-
5 `သင်တို့အိမ်ရာဆောက်လုပ်၍အတည်တကျ နေထိုင်ကြလော့။ ဥယျာဉ်များကိုစိုက်ပျိုး၍ ရရှိသည့်အသီးအနှံများကိုစားကြလော့။-
6 အိမ်ထောင်သားမွေးမှုတို့ကိုပြုစေကြလော့။ သင်တို့၏သားသမီးတို့အားသားသမီးမွေး ဖွားစေရန်အိမ်ထောင်ပြုစေကြလော့။ သင်တို့ တွင်လူဦးရေတိုးပွားစေရမည်။ မဆုတ်ယုတ် စေရ။-
7 သင်တို့အားသုံ့ပန်းများအဖြစ်ငါပို့ဆောင် လိုက်သည့်မြို့ကိုကောင်းကျိုးပြုကြလော့။ ထို မြို့ကောင်းစားလျှင်သင်တို့လည်းကောင်းစား မည်ဖြစ်၍ ထိုမြို့အတွက်ငါ၏ထံသို့ဆု တောင်းပတ္ထနာပြုကြလော့။-
8 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင် ငါထာဝရဘုရားသတိ ပေးတော်မူ၏။ သင်တို့သည်မိမိတို့အထဲမှ ပရောဖက်များ၊ အခြားအနာဂတ်ဟောသည့် ဆရာများ၏လိမ်လည်လှည့်စားမှုကိုမခံ ကြနှင့်။ သူတို့၏အိပ်မက်များကိုလည်းမည် သို့မျှပမာဏမပြုကြနှင့်။-
9 သူတို့သည်ငါ၏နာမကိုအမှီပြု၍မုသား စကားကိုပြောဆိုနေကြ၏။ သူတို့အားငါ မစေလွှတ်ခဲ့။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏' ဟုမိန့်တော်မူ၏။
10 ``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။-
11 သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
12 ထိုအခါသင်တို့သည်ငါ့အားဟစ်ခေါ်ကြ လိမ့်မည်။ ငါ့ထံသို့လာ၍ဆုတောင်းပတ္ထနာ ပြုကြလိမ့်မည်။ ငါသည်လည်းသင်တို့၏ပန် ကြားချက်ကိုနားညောင်းမည်။-
13 သင်တို့သည်စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာမည် ဖြစ်သဖြင့် ငါ့ကိုရှာ၍တွေ့ရှိကြလိမ့်မည်။-
14 သင်တို့သည်အမှန်ပင်ငါ့ကိုတွေ့ရှိကြလိမ့် မည်ဟူ၍လည်းကောင်း၊ ငါသည်လည်းသင်တို့ အားမိမိတို့ပြည်သို့ပြန်လည်ပို့ဆောင်ပေး မည်ဟူ၍လည်းကောင်းငါဆို၏။ ငါသည်သင် တို့အားမိမိကွဲလွင့်စေခဲ့သည့်နိုင်ငံတကာ အရပ်တကာတို့မှပြန်လည်စုသိမ်းမည်။ ထို နောက်သင်တို့အားသုံ့ပန်းအဖြစ်ငါအဖမ်း ခံစေခဲ့ရသည့်ပြည်သို့ပြန်လည်ပို့ဆောင် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏' ဟူ၍လည်းမိန့်တော် မူ၏။
15 ``သင်တို့ပြည်သူများကမိမိတို့အဖို့ ထာဝရဘုရားသည် ဗာဗုလုန်မြို့တွင် ပရောဖက်များကိုပေါ်ထွန်းစေတော်မူ လေပြီဟုဆိုကြ၏။-
16 ဒါဝိဒ်၏ရာဇပလ္လင်တွင်ထိုင်သည့်ဘုရင်အား လည်းကောင်း၊ သင်တို့နှင့်အတူသုံ့ပန်းများ အဖြစ်အဖမ်းမခံခဲ့ရသောသင်တို့၏ ဆွေမျိုးညာတိများဖြစ်သူ ဤမြို့မှမြို့သူ မြို့သားတို့အားလည်းကောင်းရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။-
17 အနန္တတန်ခိုးရှင်ထာဝရဘုရားက`ငါသည် သူတို့အပေါ်သို့စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးတို့ကိုသက် ရောက်စေမည်။ သူတို့အားစား၍မဖြစ်အောင် ပုပ်သည့်သင်္ဘောသဖန်းသီးများကဲ့သို့ဖြစ် စေမည်။-
18 ငါသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး နှင့်အနာရောဂါဘေးတို့ကိုသက်ရောက်စေ မည်။ သူတို့အားနှိပ်စက်မည်။ ထို့ကြောင့်လူမျိုး တကာတို့သည်သူတို့ကိုမြင်၍ ကြောက်လန့် တုန်လှုပ်ကြလိမ့်မည်။ သူတို့အားငါပျံ့လွင့် စေသည့်အရပ်မှန်သမျှ၌ သူတို့သည်ထိုသူ တို့တွေ့ကြုံရသည့်ဘေးဒုက္ခကိုမြင်၍လန့် ဖျပ်တုန်လှုပ်၍သွားကြလိမ့်မည်။ သူတို့ကို လည်းပြက်ရယ်ပြုလျက် သူတို့အမည်နာမ ကိုကျိန်ဆဲရာတွင်အသုံးပြုကြလိမ့်မည်။-
19 သူတို့သည်ငါ၏အစေခံပရောဖက်များ အားဖြင့် အဖန်ဖန်အထပ်ထပ်ငါပေးပို့ခဲ့ သည့်ဗျာဒိတ်တော်ကိုမလိုက်နာခဲ့ကြ။ သို့ ဖြစ်၍ဤသို့အမှုရောက်ရကြပေလိမ့်မည်။ သူတို့သည်ထိုဗျာဒိတ်တော်ကိုနားထောင် ရန်ငြင်းဆန်ခဲ့ကြ၏။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။-
20 ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ငါပြည် နှင်ဒဏ်ပေးလိုက်သည့်လူအပေါင်းတို့၊ သင် တို့သည်ငါထာဝရဘုရားမိန့်တော်မူသည့် စကားကိုနားထောင်ကြလော့' ဟူ၍မိန့်တော် မူ၏။
21 ``ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် သင်တို့ အားကိုယ်တော်၏နာမတော်ကိုအမှီပြု၍ လိမ်လည်ဟောပြောနေသူ ကောလာယ၏သား အာဟပ်နှင့် မာသေယ၏သားဇေဒကိတို့ကို ရည်မှတ်၍ဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော် ကမိမိသည်ထိုသူတို့အားဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ၏လက်သို့ပေးအပ်မည်ဖြစ် ၍ ထိုဘုရင်သည်လည်းသူတို့အားသင်တို့ ၏မျက်မှောက်၌ပင်ကွပ်မျက်လိမ့်မည်ဟု မိန့်တော်မူလေပြီ။-
22 ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
23 ထိုသူတို့၏ကံကြမ္မာသည်ဤနည်းအတိုင်း ပင်ဖြစ်ရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိုက်မဲစွာပြုကျင့်ကြသောကြောင့် ဖြစ်၏။ သူတို့သည်သူတစ်ပါး၏သားမယား ကိုပြစ်မှားကြလျက် ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လိမ်လည်ဟောပြောကြ၏။ ဤအပြုအမူကားထာဝရဘုရား၏ အလိုတော်နှင့်မကိုက်ညီ။ ကိုယ်တော်သည် သူတို့ပြုသည့်အမှုကိုသိတော်မူသည်ဖြစ်၍ ဒိဌသက်သေဖြစ်တော်မူ၏။ ဤကားထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟူ၍ ပါရှိလေသည်။
ရှေမာယ၏စာ
24-25 ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားသည် နေဟေလံ ရွာသားရှေမာယအားပြောကြားရန်ငါ့အား စေခိုင်းတော်မူ၏။ သူသည်မိမိကိုယ်တိုင်လက် မှတ်ရေးထိုး၍ ယေရုရှလင်မြို့သားအပေါင်း တို့ထံသို့စာရေးသားပေးပို့ခဲ့၏။ ယဇ်ပုရော ဟိတ်မာသေယ၏သားဇေဖနိနှင့်အခြား ယဇ်ပုရောဟိတ်များထံသို့ ရှေမာယရေး သောစာတွင်၊-
26 ``ထာဝရဘုရားသည်သင့်အားယောယဒ နေရာတွင် ယဇ်ပုရောဟိတ်အဖြစ်ခန့်ထားသည် ဖြစ်၍ ယခုသင်သည်ဗိမာန်တော်အုပ်ချုပ်ရေး မှူးဖြစ်၍လာလေပြီ။ ပရောဖက်ဟန်ဆောင် သည့်သူရူးမှန်သမျှကို သံပတ်တပ်၍သံကြိုး နှင့်ချည်နှောင်ထားရန်အလုပ်မှာသင်၏တာဝန် ပင်ဖြစ်ပေသည်။-
27 သင်သည်လူတို့အားပရောဖက်ပြု၍ ဟော ပြောနေသည့်အာနသုတ်မြို့သားယေရမိကို အဘယ်ကြောင့်ပြစ်တင်ဆုံးမမှု မပြုပါ သနည်း။-
28 ယေရမိသည်ဗာဗုလုန်မြို့တွင်ရှိသည့်လူတို့ အား သူတို့သည်သုံ့ပန်းများအဖြစ်ဖြင့်ကာလ ကြာမြင့်စွာနေရကြမည်ဖြစ်၍ အိမ်ရာများ ဆောက်လုပ်ကာအတည်တကျနေထိုင်ကြရန် နှင့် ဥယျာဉ်များစိုက်ပျိုး၍ရရှိသည့်အသီး အနှံများကိုစားကြရန်ဆင့်ဆိုပြောကြား ခဲ့၏'' ဟုဖော်ပြပါရှိ၏။
29 ထိုစာကိုဇေဖနိသည်ငါ့အားဖတ်ပြ၏။-
30-32 ထိုအခါထာဝရဘုရားက``ငါထာဝရ ဘုရားသည်ရှေမာယနှင့်သူ၏သားမြေး တို့ကိုအပြစ်ဒဏ်ခတ်မည်။ သူ့ကိုငါမစေ လွှတ်ခဲ့သော်လည်းသူသည်ပရောဖက်တစ် ပါးဖြစ်လေဟန်ဖြင့်ဟောပြောကာ သင်တို့ အားမုသားစကားကိုယုံကြည်စေသည် ဖြစ်၍ သူနှင့်သူ၏သားမြေးတစ်စုံတစ်ယောက် မျှမကျန်ငါဒဏ်ခတ်လိမ့်မည်။ သူသည်ငါ၏ လူမျိုးတော်အားငါ့ကိုပုန်ကန်ရန်လှုံ့ဆော် ပြောဆို၏။ ထို့ကြောင့်သူသည်ထိုသူတို့အား ငါချပေးမည့်ကောင်းကျိုးချမ်းသာကိုတွေ့ မြင်ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟု ရှေမာယနှင့်ပတ်သက်၍မိန့်မြွက်တော်မူ သောစကားကို ဗာဗုလုန်မြို့ရှိသုံ့ပန်း အပေါင်းတို့အားအကြောင်းကြားရန် ငါ့အားမိန့်မှာတော်မူ၏။