24
1 ယောယကိမ်နန်းစံချိန်၌ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယုဒပြည်သို့ချင်းနင်း ဝင်ရောက်လာ၏။ ယောယကိမ်သည်လည်းသုံး နှစ်တိုင်တိုင် သူ၏ထံတွင်အညံ့ခံလျက်နေ ပြီးမှပုန်ကန်လေ၏။-
2 ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
3-4 ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။
5 ယောယကိမ်လုပ်ဆောင်ခဲ့သည့်အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေးထား သတည်း။-
6 ယောယကိမ်ကွယ်လွန်သောအခါသူ၏သား တော်ယေခေါနိသည် ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
7 အီဂျစ်ဘုရင်နှင့်သူ၏တပ်မတော်သည်နောင် အဘယ်အခါ၌ အီဂျစ်ပြည်မှမထွက်ခွာရ ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော်ဥဖရတ် မြစ်မှအီဂျစ်ပြည်မြောက်ဘက်နယ်စပ်တိုင် အောင် အီဂျစ်ပိုင်နယ်မြေရှိသမျှကိုဗာဗုလုန် ဘုရင်ကထိန်းသိမ်းအုပ်ချုပ်လျက်နေသော ကြောင့်ဖြစ်၏။
ယုဒဘုရင်ယေခေါနိ
(၆ရာ၊ ၃၆:၉-၁၀)
8 ယေခေါနိသည်အသက်တစ်ဆယ့်ရှစ်နှစ်ရှိ သောအခါ ယုဒဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်သုံးလမျှနန်းစံရ လေသည်။ သူ၏မယ်တော်မှာယေရုရှလင် မြို့သားဧလနာသန်၏သမီးနဟုတ္တဖြစ်၏။-
9 ယေခေါနိသည်မိမိခမည်းတော်၏လမ်း စဉ်ကိုလိုက်၍ ထာဝရဘုရားအားပြစ် မှား၏။-
10 နေဗုခဒ်နေဇာ၏တပ်မှူးများကွပ်ကဲသည့် ဗာဗုလုန်တပ်မတော်သည် ယေရုရှလင်မြို့ ကိုဝိုင်းရံထားသည်မှာယေခေါနိမင်း၏ လက်ထက်၌ဖြစ်၏။-
11 ယင်းသို့ဝိုင်းရံထားချိန်၌နေဗုခဒ်နေဇာကိုယ် တိုင်ပင် ယေရုရှလင်မြို့သို့ရောက်ရှိလာလေသည်။-
12 ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
13 ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
14 နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သူမြို့သား များ၊ မင်းညီမင်းသားရှိသမျှနှင့်အမျိုးသား ခေါင်းဆောင်ရှိသမျှ စုစုပေါင်းလူတစ်သောင်း ကိုသုံ့ပန်းများအဖြစ်ဖမ်းဆီးသွား၏။ သူသည် အလွန့်အလွန်ဆင်းရဲသူများကိုသာလျှင် ယုဒပြည်တွင်ချန်ထားပြီးလျှင်ပန်းပဲဆရာ များမှစ၍ အတတ်ပညာသည်အပေါင်းကို ခေါ်ဆောင်သွားလေသည်။
15 နေဗုခဒ်နေဇာသည်ယေခေါနိမှစ၍သူ၏ မယ်တော်၊ မိဖုရားများ၊ မှူးမတ်များ၊ ယုဒ အမျိုးသားခေါင်းဆောင်များကို ဗာဗုလုန်မြို့ သို့ဖမ်းဆီးခေါ်ဆောင်သွားလေသည်။-
16 သူသည်အရေးပါအရာရောက်သူစုစုပေါင်း လူခုနစ်ထောင်ကို ဗာဗုလုန်ပြည်သို့ဖမ်းဆီး ခေါ်ဆောင်သွား၏။ ထို့ပြင်ပန်းပဲဆရာများ အပါအဝင်အတတ်ပညာသည်တစ်ထောင် ကိုလည်းခေါ်ဆောင်သွား၏။ ထိုသူအားလုံးပင် ကိုယ်လက်သန်စွမ်း၍စစ်မှုထမ်းနိုင်သူများ ဖြစ်ကြသတည်း။
17 နေဗုခဒ်နေဇာသည်ယေခေါနိ၏ဘထွေး တော်မဿနိအား ယုဒဘုရင်အဖြစ်နန်း တင်ပြီးလျှင်ဇေဒကိဟုနာမည်ပြောင်း ၍ခေါ်တွင်စေ၏။
ယုဒဘုရင်ဇေဒကိ
(၆ရာ၊ ၃၆:၁၁-၁၂။ ယေ၊ ၅၂:၁-၃က)
18 ဇေဒကိသည်အသက်နှစ်ဆယ့်တစ်နှစ်ရှိသော အခါ ယုဒဘုရင်အဖြစ်နန်းတက်၍ယေရုရှလင် မြို့တွင် တစ်ဆယ့်တစ်နှစ်နန်းစံရလေသည်။ သူ၏ မယ်တော်မှာလိဗနမြို့သားယေရမိ၏သမီး၊ ဟာမုတာလဖြစ်၏။-
19 ဇေဒကိမင်းသည်ယောယကိမ်နည်းတူပင် ထာဝရဘုရားကိုပြစ်မှားလေသည်။-
20 ထာဝရဘုရားသည်ယေရုရှလင်မြို့သားများ နှင့် ယုဒပြည်သူတို့အားလွန်စွာအမျက်ထွက် တော်မူသဖြင့်ရှေ့တော်မှနှင်ထုတ်တော် မူ၏။