5
မသန့်စင်သူများ
1 ထာဝရဘုရားသည်မောရှေအား၊
2 ``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
3 ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
4 ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
မတော်မတရားမှုအတွက်လျော်ကြေး
5-6 ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-
7 ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
8 အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
9 ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
10 ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။
မျောက်မထားသောဇနီး
11-14 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသ ရေလအမျိုးသားတို့အား အောက်ပါညွှန်ကြား ချက်များကိုပေးတော်မူ၏။ ခင်ပွန်းသည်တစ်ဦး သည်မိမိ၏ဇနီးသစ္စာဖောက်၍ အခြားယောကျာ်း နှင့်ပြစ်မှားခဲ့သည်ဟုခင်ပွန်းသည်ကမယုံ သင်္ကာဖြစ်အံ့။ သို့သော်လည်းဇနီးသည်ထို အမှုကိုလျှို့ဝှက်ထား၍သော်လည်းကောင်း၊ မျက်မြင်သက်သေမရှိ၍သော်လည်းကောင်း၊ လက်ပူးလက်ကြပ်မမိ၍သော်လည်းကောင်း ခင်ပွန်းကအတိအကျမစွပ်စွဲနိုင်။ သို့ တည်းမဟုတ်ဇနီးသည်အခြားသူတစ်ဦး နှင့်မဖောက်ပြန်သော်လည်း ခင်ပွန်းသည်က မယားအားမယုံသင်္ကာဖြစ်အံ့။-
15 မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။
16 ယဇ်ပုရောဟိတ်သည်ထိုအမျိုးသမီးကို ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်နေစေရမည်။-
17 သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။-
18 ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။-
19 ထိုနောက်သူသည်အမျိုးသမီးအားဤသို့ ကျိန်စာတိုက်ရမည်။ ``သင်သည်အခြားသော ယောကျာ်းနှင့်မဖောက်ပြန်မကူးလွန်ခဲ့သည် ရှိသော် ဤသစ္စာရေကြောင့်ကျရောက်မည့်ဘေး ဒဏ်နှင့်ကင်းလွတ်ပါစေသား။-
20 သို့သော်သင်သည်သစ္စာဖောက်ခဲ့လျှင်၊
21 သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။-
22 ဤရေသည်သင်၏ဝမ်းထဲသို့ရောက်၍ဝမ်း ဗိုက်ကိုဖောင်းပွလာစေလျက် သင်၏မိန်းမ အင်္ဂါကိုခြောက်ကပ်စေလိမ့်မည်။
ထိုအခါအမျိုးသမီးက``ဤသစ္စာတည်ပါ စေသော'' ဟုဝန်ခံရမည်။
23 ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုကျိန်စာကို ရေးသား၍စာကိုရေခါးထဲတွင်ချေဖျက် ရမည်။-
24 အမျိုးသမီးအား ပြင်းပြသောဝေဒနာ ဖြစ်စေနိုင်မည့်ရေကိုမတိုက်မီ၊-
25 ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။-
26 ထိုနောက်သူသည်မုန့်ညက်လက်တစ်ဆုပ်စာမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ နောက် ဆုံးတွင်ယဇ်ပုရောဟိတ်သည် အမျိုးသမီးအား သစ္စာရေကိုသောက်စေရမည်။-
27 အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
28 သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
29-30 အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-
31 ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။