ရာဇဝင်ချုပ်ပထမစောင်
နိဒါန်း
ရာဇဝင်ချုပ်ပထမစောင်နှင့်ဒုတိယစောင် သည် ဋ္ဌမ္မရာဇဝင်ကျမ်းများထဲတွင်မှတ်တမ်း တင်ထားသောအဖြစ်အပျက်များကိုများ သောအားဖြင့် ပြန်လည်ဖော်ပြချက်များဖြစ် သော်လည်းတင်ပြချက်အမြင်ချင်းကွဲပြား ပေသည်။ ရာဇဝင်ချုပ်ကျမ်းစောင်များထဲတွင် ဣသရေလအမျိုးသားတို့၏ရှင်ဘုရင်များ သမိုင်းအကြောင်းကို အဋ္ဌိကရည်ရွယ်ချက် နှစ်ခုအားဖြင့်ထိန်းချုပ်ထားသည်။
၁။ ဣသရေလနှင့်ယုဒနိုင်ငံများအပေါ် သို့ဘေးဥပဒ်များကျရောက်နေစေကာမူ၊ ဘုရားသခင်သည်ယုဒနိုင်ငံတွင်နေထိုင် လျက်ရှိသောသူများအားဖြင့် ကိုယ်တော် ရှင်၏လူမျိုးတော်အတွက်ကိုယ်တော်ရှင်၏ အကြံအစည်တော်ကိုအကောင်အထည် ဖော်လျက်ရှိကြောင်း၊ ထိုနိုင်ငံအပေါ်ထား ခဲ့သောကတိတော်ကိုလည်း အကောင်အထည် ဖော်လျက်ရှိကြောင်းတင်ပြရန်ဖြစ်သည်။ ဤ အာမခံချက်ကိုအခြေခံသည့်အနေဖြင့် စာရေးသူသည်ဒါဝိဒ်၊ ရှောလမုန်တို့၏ ကြီးမားသောအောင်မြင်မှုများကိုလည်း ကောင်း၊ ယောရှဖတ်မင်း၊ ဟေဇကိမင်းနှင့် ယောရှုမင်းတို့၏အသစ်ပြုပြင်ပြောင်း လဲမှုများကိုလည်းကောင်း၊ ဘုရားသခင် အားဆက်လက်၍သစ္စာစောင့်သောသူများ ကိုလည်းကောင်းဖော်ပြသည်။
၂။ ယေရုရှလင်မြို့ရှိဗိမာန်တော်တွင်ဘုရားသခင်အားကိုးကွယ်ဝတ်ပြုမှုစတင်ဖြစ် ပေါ်လာပုံကိုလည်းကောင်း၊ အထူးသဖြင့် ကိုးကွယ်ခြင်းအစီအစဉ်ကိုဆောင်ရွက်ကြ သောယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်များ၏အဖွဲ့အစည်းစတင်ဖွဲ့စည်းပုံ ကိုလည်းကောင်းတင်ပြရန်ဖြစ်သည်။ ဗိမာန် တော်ကြီးကိုတည်ဆောက်သောသူမှာ ရှောလမုန်မင်းဖြစ်သော်လည်း၊ ဘာသာရေး အခမ်းအနားများနှင့်ဗိမာန်တော်ကို စတင်တည်ဆောက်သူအစစ်အမှန်မှာ ဒါဝိဒ်မင်းသာဖြစ်ကြောင်းတင်ပြထား သည်။
အကြောင်းအရာအကျဉ်းချုပ်
ဆွေစဉ်မျိုးဆက်ဆင်းသက်လာပုံနှင့်စာရင်းများ ၁:၁-၉:၄၄
ရှောလုမင်းကွယ်လွန်ခြင်း ၁၀:၁-၁၄
ဒါဝိဒ်မင်းအုပ်စိုးစဉ်ကာလ ၁၁:၁-၂၉:၃၀
(က) ဒုက္ခများနှင့်အောင်မြင်မှုများ ၁၁:၁-၂၂:၁
(ခ) ဗိမာန်တော်ကိုတည်ဆောက်ရန်ပြင်ဆင်ခြင်း ၂၂:၂-၂၉:၃၀
1
အာဒံမှသည်အာဗြဟံသို့
(က၊ ၅:၁-၃၂၊ ၁၀:၁-၃၂၊ ၁၁:၁၀-၂၆)
1 အာဒံ၏သားသည်ရှေသ၊ ရှေသ၏သားမှာ ဧနုတ်၊ ဧနုတ်၏သားကားကာဣနန်ဖြစ်၏။-
2 ကာဣနန်၏သားသည်မဟာလေလ၊ မဟာ လေလ၏သားကားယာရက်တည်း။-
3 ယာရက်၏သားသည်ဧနောက်၊ ဧနောက်၏သား မှာမသုရှလ၊ မသုရှလ၏သားကားလာမက် ဖြစ်၏။-
4 လာမက်၏သားသည်နောဧဖြစ်၍နောဧတွင် ရှေမ၊ ဟာမ၊ ယာဖက်ဟူသောသားသုံးယောက် ရှိ၏။
5 ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
6 ဂေါမာမှဆင်းသက်လာသူများမှာအာရှ ကေနတ်၊ ရိဖတ်နှင့်တောဂါမအမျိုးသား များဖြစ်သတည်း။-
7 ယာဝန်မှဆင်းသက်လာသူများသည်ဧလိရှာ၊ တာရှု၊ ကိတ္တိမ်နှင့်ဒေါဒါနိမ်အမျိုးသားများ ဖြစ်ကြ၏။
8 ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
9 ကုရှမှဆင်းသက်လာသူများမှာသေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမနှင့်သတ္တေခါ အမျိုးသားများဖြစ်ပေသည်။ ရာဂမမှ ဆင်းသက်လာသူများသည်ရှေဘနှင့် ဒေဒန်အမျိုးသားများဖြစ်ကြ၏။-
10 (ကုရှတွင်နိမ်ရောဒနာမည်ရှိသောသားတစ် ယောက်ရှိ၏။ သူသည်ကမ္ဘာပေါ်တွင်ပထမ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။-)
11 အီဂျစ်မှဆင်းသက်လာသူများမှာလုဒိန်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်၊-
12 ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
13 ခါနာန်၏သားအကြီးဇိဒုန်နှင့်သားငယ် ဟေသတို့မှဆင်းသက်လာသူများမှာ မိမိ တို့၏အမည်နာမအသီးသီးကိုဆောင် ကုန်သောအမျိုးသားများဖြစ်ကြ၏။-
14-16 ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
17 ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-
18 အာဖာဇဒ်၏သားသည် ရှာလ၊ ရှာလ၏သား မှာဟေဗာဖြစ်၏။-
19 ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ဖာလက်ဟုနာမည်တွင်၏။ အဘယ်ကြောင့်ဆို သော်သူ၏လက်ထက်တွင် ကမ္ဘာပေါ်ရှိလူတို့ သည်ကွဲသွားကြသောကြောင့်ဖြစ်၏။ အခြား သားတစ်ယောက်သည်ယုတ္တန်ဟုနာမည်တွင်၏။-
20 ယုတ္တန်မှဆင်းသက်လာသူများမှာ အာလ မောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊-
21 ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
22-23 သြဗာလ၊ အဘိမေလ၊ ရှေဘ၊ သြဖိရ၊ ဟဝိလနှင့်ယောဗပ်အမျိုးသားများဖြစ် သတည်း။
24 ရှေမမှအာဗြဟံအထိဆွေစဉ်မျိုးဆက် များမှာ ရှေမ၊ အာဖာဇဒ်၊ ရှာလ၊-
25-27 ဟေဗာ၊ ဖာလက်၊ ရာဂေါ၊- စေရောက်၊ နာခေါ်၊ တေရ နှင့်၊-အာဗြဟံဟုလည်းနာမည်တွင်သောအာဗြံ တို့ဖြစ်ကြ၏။
ဣရှမေလ၏သားမြေးများ
(က၊ ၂၅:၁၂-၁၆)
28 အာဗြဟံတွင်ဣဇာက်နှင့်ဣရှမေလဟူ၍ သားနှစ်ယောက်ရှိ၏။-
29 ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊-
30 မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊-
31 ယေတုရ၊ နာဖိရှ၊ ကေဒမာဟူ၍ဖြစ်သတည်း။
32 အာဗြဟံ၏မယားနှောင်းနာမည်မှာကေတုရ ဖြစ်၏။ သူသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်နှင့်ရှုအာဟူသောသားခြောက်ယောက် ကိုဖွားမြင်လေသည်။ ယုတ်ရှန်တွင်ရှာဘနှင့် ဒေဒန်ဟူသောသားနှစ်ယောက်ရှိ၏။-
33 မိဒျန်တွင်ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ နှင့်ဧလဒါဟူသောသားငါးယောက်ရှိ၏။
ဧသော၏သားမြေးများ
(က၊ ၃၆:၁-၁၉)
34 အာဗြဟံ၏သားဣဇာက်တွင် ဧသောနှင့် ယာကုပ်ဟူ၍သားနှစ်ယောက်ရှိ၏။-
35 ဧသော၏သားများကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ နှင့်ကောရဖြစ်၏။-
36 ဧလိဖတ်သည် တေမန်၊ သြမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက်အနွယ်တို့၏ ဘိုးဘေးဖြစ်လာ၏။-
37 ရွေလသည်လည်း၊ နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇ အနွယ်တို့၏ဘိုးဘေးဖြစ်လာ၏။
ဧဒုံပြည်တွင်မူလနေထိုင်ကြသူများ
(က၊ ၃၆:၂၀-၃၀)
38-42 ဧဒုံပြည်တွင်မူလနေထိုင်ကြသူများသည် အောက်ဖော်ပြပါစိရ၏သားများဖြစ်ကြ သောလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့မှဆင်းသက်လာသူများ ဖြစ်ပေသည်။
လောတန်သည်ဟောရိနှင့်ဟေမံသားချင်းတို့၏ ဘိုးဘေးဖြစ်၏။ (လောတန်တွင်တိမနနာမည် တွင်သောနှမတစ်ယောက်ရှိ၏။)
ရှောဗလသည် အာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖောနှင့်သြနံသားချင်းစုတို့၏ဘိုးဘေး ဖြစ်၏။
ဇိဘောင်မှာအာယနှင့်အာနနာမည်တွင်သော သားနှစ်ယောက်ရှိ၏။
အာန၏သားသည်ဒိရှုန်ဖြစ်၏။
ဒိရှုန်သည် ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် သားချင်းစုတို့၏ဘိုးဘေးဖြစ်၏။
ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်သား ချင်းစုတို့၏ဘိုးဘေးဖြစ်၏။
ဒိရှန်သည်ဥဇနှင့်အာရန်သားချင်းစုတို့၏ ဘိုးဘေးဖြစ်၏။
ဧဒုံပြည်ဘုရင်များ
(က၊ ၃၆:၃၁-၄၃)
43-50 ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။
ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊
ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊
တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊
သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။
(သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။)
မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊
အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊
(သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။
မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။)
51 ဧဒုံပြည်သူများတွင်ပါဝင်ကြသောအနွယ် များမှာ တိမနာ၊ အာလဝ၊ ယေသက်၊-
52-54 အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊- ကေနတ်၊ တေမန်၊ မိဗဇ၊-မာဂဒေလနှင့်ဣရံတို့ဖြစ်သတည်း။