10
1 ရှင်ဘုရင် အာရွှေရု သည်မြေကြီး ပေါ် ၌၎င်း၊ ပင်လယ် တွင်ရှိသောကျွန်း တို့ပေါ်၌၎င်း  ၊ ငွေတော်ခွဲ ကြောင်း အစရှိသော၊  
2 အာဏာ တန်ခိုးတော်နှင့် စီရင်သမျှ သောအမှု အရာများနှင့်တကွ ၊ ချီးမြှောက် တော်မူခြင်းကို ခံရသော  မော်ဒကဲ ၏ ဘုန်း တန်ခိုး၊ ထင်ရှားသော အခြင်းအရာတို့သည် မေဒိ  ၊ ပေရသိ ရာဇဝင် တို့၌  ရေး ထားလျက် ရှိ၏။  
3 ယုဒ အမျိုးသားမော်ဒကဲ သည် ရှင်ဘုရင် အာရွှေရု အောက်၌  အမြတ်ဆုံးသော အရာကိုရ၍ ယုဒ  လူတို့တွင်  ဘုန်း ကြီး၏။ မိမိ  အမျိုး ၏ အကျိုး စီးပွားကို ပြုစု လျက်၊ အမျိုးသား ချင်းအပေါင်း တို့အား မင်္ဂလာ စကားကိုသာ ပြော လျက်၊ မိမိ  အမျိုးသား ချင်းအပေါင်း တို့တွင်  မျက်နှာ ရသောသူဖြစ် သတည်း။