4
ကြွင်း သေးသော စကားဟူမူကား ၊ ညီအစ်ကို တို့၊ သင် တို့သည် အဘယ်သို့ ကျင့် ရမည်၊ ဘုရားသခင် ကို အဘယ်သို့နှစ်သက် စေရမည်ကို ငါ တို့ထံ၌ နည်းခံ ကြသည်နှင့်အညီ တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်း ၊ သခင် ယေရှု ကိုအမှီပြု လျက်၊ ငါတို့သည် တောင်းပန် တိုက်တွန်း သွေးဆောင်ကြ၏။ အဘယ်သို့ သော ပညတ်တို့ကို သခင် ယေရှု ၏အခွင့် တော်နှင့် ငါတို့သည်အပ်ပေး သည်ကို သင်တို့သိ ကြ ၏။ ဘုရားသခင် ၏ အလို တော်ဟူမူကား ၊ သင် တို့သည် မတရား သောမေထုန်ကို ကြဉ်ရှောင် ၍ သန့်ရှင်း စေခြင်းငှာ၎င်း၊ ဘုရားသခင် ကို မ သိ သော သာသနာပ လူတို့သည် ကိလေသာ တပ်မက် ခြင်းရှိသကဲ့သို့ ရှိ၊ သင် တို့အပေါင်းသည် သန့်ရှင်း ခြင်း၊ အသရေ တင့်တယ်ခြင်းနှင့် မိမိ ကိုယ်ကို မိမိထိန်း တက်စေခြင်းငှာ၎င်း၊ အမှုအရာ လွန်ကျူး ညီအစ်ကို ကို ပရိယာယ်အားဖြင့်မ ပြစ်မှား စေခြင်းငှာ၎င်း၊ အလိုတော် ရှိ၏။ ငါတို့သည် အထက် က ဟောပြော၍ သစ္စာ ပေးနှင့် သည်အတိုင်း ၊ သခင် ဘုရားသည် ထိုသို့သောပြစ်မှားခြင်းကိုခံသောသူအပေါင်း တို့ဘက်၌ တရား စီရင်တော်မူလိမ့်မည်။ ဘုရားသခင် သည် ညစ်ညူး စေခြင်းငှာငါ တို့ကို ခေါ်တော်မူသည်မ ဟုတ်၊ သန့်ရှင်း စေခြင်းငှာခေါ် တော်မူ၏။ ထိုကြောင့် ၊ ငါတို့ကိုငြင်းပယ် သောသူ သည် လူ ကိုသာငြင်းပယ် သည်မ ဟုတ်၊ ကိုယ်တော် ၏ သန့်ရှင်း သောဝိညာဉ် တော်ကို ငါ တို့အား ပေး တော်မူသော ဘုရားသခင် ကို ငြင်းပယ်၏။ ညီအစ်ကို ချင်း ချစ်ခြင်းအရာကို သင် တို့အား ရေး ၍ပေးလိုက်စရာအကြောင်း ရှိ ။ အဘယ်ကြောင့် နည်းဟူမူကား ၊ သင် တို့သည် အချင်းချင်း ချစ် စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသော သူဖြစ် ကြ၏။ 10  ထိုမျှမက၊ မာကေဒေါနိ ပြည်တွင် အရပ်ရပ် ရှိသော ညီအစ်ကို အပေါင်း တို့ကို ထိုသို့ပြု ကြ၏။ သို့သော်လည်း ၊ ညီအစ်ကို တို့၊ သင် တို့သည် တိုးပွား ၍ ကြွယ်ဝ ပြည့်စုံမည်အကြောင်းနှင့် ၊ 11  ပြင်ပ လူ တို့ရှေ့ ၌ လျောက်ပတ် စွာကျင့် ၍ အဘယ် မျှမလို အောင်၊ 12  ငါတို့သည် အထက်က မှာထား သည်နှင့်အညီငြိမ်ဝပ် စွာနေ၍ ၊ ကိုယ် အမှုကိုဆောင်ရွက် လျက် ၊ ကိုယ် လက် နှင့် လုပ်ဆောင်ခြင်းငှာစေတနာစိတ်နှင့် ကြိုးစား အားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။ 13  ညီအစ်ကို တို့၊ မြော်လင့် ခြင်းမ ရှိ သော အခြား သူတို့သည် ဝမ်းနည်းသကဲ့သို့ ၊ သင် တို့သည် ဝမ်း နည်းမည်အကြောင်း ၊ အိပ်ပျော် သော သူ တို့၏ အမှုအရာ ကို မ သိဘဲနေစေခြင်းငှာငါ တို့အလိုမ ရှိ၊ 14  ယေရှု သည် သေ ပြီးမှတဖန်ထမြောက် တော်မူသည်ကို ငါတို့သည် ယုံ လျှင် ၊ ထိုနည်းတူ ယေရှု အိပ်ပျော် သောသူ တို့ကိုလည်း ၊ ထိုသခင် နှင့်အတူ ဘုရားသခင် ပို့ဆောင် တော်မူလိမ့်မည်။ 15  သခင် ဘုရား၏ ဗျာဒိတ် တော်အားဖြင့် တဖန် ငါတို့ဆို သည်ကား ၊ သခင် ဘုရား ကြွလာ တော်မူသောအခါ၊ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အိပ်ပျော် ပြီးသော သူ တို့၏ အရင် အဦးနေရာ ကျရကြ မည်မ ဟုတ်။ 16  သခင် ဘုရားသည် ကြွေးကြော် ခြင်း၊ ကောင်းကင် တမန်မင်းအသံ ပေးခြင်း၊ ဘုရားသခင် ၏ တံပိုး တော် ကို မှုတ်ခြင်းနှင့်တကွ ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော် သေ လွန်သောသူ တို့သည် အဦး ထမြောက် ကြလိမ့်မည်။ 17  ထိုအခါ အသက် ရှင်၍ ကျန်ကြွင်း သော ငါ တို့သည် အာကာသ ကောင်းကင်၌ သခင် ဘုရားထံတော်သို့ ရောက် စေခြင်းငှာ ၊ ထိုသူ တို့နှင့်တကွ မိုးတိမ် ပေါ်သို့ချီဆောင် ခြင်းကို ခံရသောအားဖြင့်သခင် ဘုရားနှင့်အတူ အစဉ်မပြတ် နေ ရကြလိမ့်မည်။ 18  သို့ဖြစ်၍ ၊ ဤ စကား များအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာ စေကြလော့။