2
1 တဖန် ဘုရား သခင်၏ သား  တို့သည် ထာဝရဘုရား  ထံ တော်၌ ခစား  ခြင်းငှါ လာ ရသောနေ့ ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း  ထာဝရဘုရား ထံ တော်၌ခစား ခြင်းငှါ သူ တို့နှင့်အတူ လာ ၏။  
2 ထာဝရဘုရား ကလည်း ၊ သင်သည် အဘယ် အရပ်က လာ သနည်းဟု စာတန် ကို မေး တော်မူလျှင်၊ စာတန် က၊ မြေကြီး ပေါ် မှာလှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက် လေ၏။  
3 ထာဝရဘုရား ကလည်း၊ ငါ့ ကျွန် ယောဘ ကို ဆင်ခြင် မိပြီလော။ မြေကြီး ပေါ် မှာသူ နှင့် တူသောသူ တ  ယောက်မျှမရှိ။ စုံလင် ဖြောင့်မတ် ပေ၏။ ဘုရား  သခင်ကို ကြောက်ရွံ့ သောသူ၊ မ  ကောင်းသောအကျင့်ကို  ရှောင် သောသူဖြစ်၏။ အကြောင်း မရှိဘဲ သူ  ကိုပျက်စီး စေခြင်းငှါ  သင်သည် ငါ့ ကို တိုက်တွန်း သော်လည်း ၊ သူ သည် ဖြောင့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန် အား  မိန့် တော်မူ၏။  
4 စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ  သည်မိမိ အသက် ဘို့  မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။  
5 ယခု တဖန် လက် တော်ကိုဆန့် ၍  သူ့ အရိုး နှင့်  သူ့ အသား ကို  ထိခိုက် တော်မူလျှင် ၊ သူသည် မျက်မှောက် တော်၌  ကိုယ်တော် ကို စွန့်ပယ် ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။  
6 ထာဝရဘုရား ကလည်း ၊ သူ သည် သင့် လက် ၌  ရှိ၏။ သူ့  အသက် တခုကိုသာ  လွတ် စေဟုမိန့် တော်မူလျှင်၊  
7 စာတန် သည် ထာဝရဘုရား  ထံ တော်မှ ထွက်သွား ၍  ယောဘ ၏ ခြေ ဘဝါး မှ သည် ဦးထိပ် တိုင်အောင် ဆိုး သောအနာစိမ်း များ တိုး  ပေါက်စေ၏။  
8 ယောဘသည်ကိုယ် ကို ခြစ် စရာ အိုး  ခြမ်းကို ကိုင် ယူ၍  မီးဖိုပြာ ထဲ မှာ ထိုင် လေ၏။  
9 ထိုအခါ မယား က၊ သင် သည် ဖြောင့်မတ် သောတရားကို  စွဲလမ်း သေးသလော။ ဘုရား  သခင်ကို စွန့်ပယ် ၍  သေ လော့ဟုဆို၏။  
10 ယောဘကလည်း၊ မိန်းမ မိုက်ပြော တတ်သကဲ့သို့ သင်သည်ပြော ၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား  သခင် ၏လက်တော်မှ သုခ  ချမ်းသာကို ခံယူ  သည်ဖြစ်၍ ၊ ဒုက္ခ ဆင်းရဲကို မ  ခံ မယူရာသလောဟုဆို ၏။ ယောဘ  သည် ဤ  အမှုများနှင့် တွေ့ကြုံသော်လည်းနှုတ် ဖြင့် မျှမ မှားယွင်း။  
11 ထိုအခါ တေမန် အမျိုးသားဧလိဖတ် ၊ ရှုအာ  အမျိုးသားဗိလဒဒ် ၊ နေမတ် အမျိုးသားဇောဖါ တည်း ဟူသောယောဘ  ၏အဆွေ ခင်ပွန်းသုံး ယောက်တို့သည်၊ သူ  ၌ ရောက် သော ဤ  အမှုကြီးအလုံးစုံ တို့ကို သိတင်း ကြား လျှင် ၊ ယောဘ နှင့်အတူ ညည်းတွား ၍  သူ့ ကိုနှစ်သိမ့် စေခြင်းငှါ ၊ စည်းဝေး မည် ချိန်းချက်သည်အတိုင်း၊ အသီးအသီးမိမိတို့နေရာအရပ်မှ ရောက်လာကြ၏။  
12 ထိုသူတို့သည် အဝေး  က မျှော် ကြည့်၍ ယောဘ  ကို မ  သိ လျှင် ၊ အသံ ကိုလွှင့် ၍  ငိုကြွေး ကြ၏။ အသီး  အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍  မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့  ပစ် တင်ကြ၏။  
13 ခုနစ် ရက် ပတ်လုံးယောဘ နှင့်အတူ မြေ ပေါ် မှာထိုင် ၍ ၊ သူသည်ပြင်းစွာ သောဆင်းရဲ ခံရကြောင်းကို သိမြင် လျှင်၊ အဘယ် သူမျှစကားမပြော မဆိုဘဲနေကြ၏။