25
1 တဖန်  ရှုအာ အမျိုးသားဗိလဒဒ် မြွက်ဆို သည် ကား၊  
2 ဘုရားသခင်သည် အာဏာ  တော်နှင့်၎င်း  ၊ ကြောက်ရွံ့ ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့် သောဌာနတော်၌  ငြိမ်သက် ခြင်းကို ပြုစု တော်မူ၏။  
3 ဗိုလ်ခြေ တော်တို့ကို  ရေတွက် နိုင်သလော။ အလင်း တော်သည် အဘယ် သူကို မလင်းဘဲ နေသနည်း။  
4 သို့ဖြစ်၍ လူ သည် ဘုရား  သခင်ရှေ့ တော်၌ ကုသိုလ် ကို အဘယ်သို့ ရနိုင်သနည်း။ လူမိန်းမ ဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်း နိုင်သနည်း။  
5 လ သော်လည်း အလင်းမ ရှိ။ ကြယ် သော်လည်း ရှေ့ တော်၌ မ  ဖြူစင်။  
6 ထိုမျှမက ၊ တီကောင် ဖြစ်သောလူ ၊ ပိုးရွ ဖြစ်သောလူ သား ကို အဘယ်ဆိုဘွယ်ရာရှိသနည်းဟု မြွက်ဆို၏။