39
1 သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ  သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။  
2 ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ  သလော။  
3 သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ  ငြိမ်း ကြ၏။  
4 သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌  ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။  
5 တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။  
6 တော ကို သူ့  အိမ် ဘို့၎င်း  ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။  
7 မြို့ ၌ ဖြစ်သောလူတို့၏ အသံ  ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ  မှတ် တတ်။  
8 တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။  
9 ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ  ခြင်းငှါအလိုရှိ လိမ့်မည်လော။  
10 ကြံ့ ကိုထွန် ကြောင်းသို့  လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။  
11 ကြံ့သည် အား  ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌  အပ် မည်လော။  
12 သင် ၏စပါး ကို ဆောင် ခဲ့၍  စပါးကျီ ၌  စုသိမ်း လိမ့်မည်ဟု ယုံ  သလော။  
13 ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။  
14 သို့သော်လည်း မြေ ၌ ဥ ၍  အဥတို့ကို မြေမှုန့် ၌  နွေး စေတတ်၏။  
15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။  
16 သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။  
17 အကြောင်း မူကား၊ ဘုရား  သခင်သည် ပညာ  မဲ့  စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။  
18 သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို  ပင် ရယ် တတ်၏။  
19 သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။  
20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။  
21 လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌  ဝါကြွား လျက်၊ သူရဲ  များကို တွေ့ အံ့သောငှါ သွား တတ်၏။  
22 ကြောက် စရာအကြောင်းကို  ကဲ့ရဲ့ ၍ ၊ ကြောက်လန့်  သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ  ရှောင် တတ်။  
23 သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့်  ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။  
24 မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး  သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ  နေနိုင်။  
25 တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ  ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ  ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး  က  အနံ့ခံ တတ်၏။  
26 သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့  ပျံ သွားတတ် သလော ။  
27 သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။  
28 သူသည် ကျောက် ပေါ်မှာနေ ၍  တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ  ကျတတ်၏။  
29 ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို  အဝေး က ပင် မြင် တတ်၏။  
30 သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌  ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။