3
နောက် တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယောန သို့ ရောက် လာသည်ကား၊ သင်ထ ၍ နိနေဝေ မြို့ ကြီး သို့ သွား လော့။ ငါ မှာ ထားသည်အတိုင်း ကြွေးကြော် လော့ဟု မိန့် တော်မူ၏။ ထိုအခါ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ယောန သည် ထ နိနေဝေ မြို့သို့ သွား ၏။ နိနေဝေ မြို့ သည် အလွန်ကြီး သောမြို့ ၊ သုံး ရက် ခရီး ကျယ်ဝန်းသော မြို့ဖြစ် သတည်း။ ယောန သည် မြို့ ထဲ သို့ဝင် ၍ တ နေ့ ခရီး သွား လျက် ၊ အရက် လေးဆယ် လွန်သော်၊ နိနေဝေ မြို့သည် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်ဟု ကြွေးကြော် လေ၏။ နိနေဝေ မြို့သား တို့သည် ဘုရား သခင်၏ အမိန့် တော်ကို ယုံ ၊ လူကြီး လူငယ် အပေါင်းတို့သည် အစာရှောင် ရာအချိန်ကို ကြော်ငြာ လျှော်တေ အဝတ်ကို ဝတ် ကြ၏။ နိနေဝေ မင်းကြီး သည် ထိုသိတင်း ကို ကြား သောအခါ နန်းတော် မှ ဆင်း မင်းမြောက် တန်ဆာကို ချွတ် ပြီးမှ ၊ လျှော်တေ အဝတ်ကို ဝတ် ပြာ ထဲ ၌ ထိုင် တော်မူ၏။ လူ သတ္တဝါ တိရစ္ဆာန် သိုး နွား တို့သည် အလျှင်းမ မြည်စေနှင့်။ အစာကို မ စား ၊ ရေ ကို မ သောက် စေနှင့်။ လူ သတ္တဝါတိရစ္ဆာန် တို့သည် လျှော်တေ အဝတ် ကို ဝတ် ကြစေ။ ကြိုးစား ၍ ဘုရား သခင်ကို ဆုတောင်း ကြစေ ။ အသီးအသီး တို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ၊ မိမိတို့ပြုသောအဓမ္မ အမှုကို ရှောင် ကြစေ။ ငါတို့သည် ပျက်စီး ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ ဘုရား သခင်သည် ပြောင်းလဲ နောင်တရ သဖြင့် ၊ ပြင်းစွာ သောအမျက် တော်ကို ငြိမ်းစေတော်မူမည် မမူ မည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီး အာဏာ ၊ မှူးမတ် အာဏာနှင့် နိနေဝေ တမြို့လုံးတွင် သိတင်း ကြားပြော ၍ ကြော်ငြာ စေတော်မူ၏။ 10  မြို့သားတို့သည် မိမိ တို့လိုက်သော အဓမ္မ လမ်း ကို လွှဲရှောင် ၍၊ ကျင့်သောအကျင့် များကို ဘုရား သခင်သည် မြင် လျှင် ၊ အရင်ခြိမ်း သော ဘေးဒဏ် ကို မ ပေး ဘဲနေ တော်မူ၏။