24
1 မ တရားသောသူ တို့ကို  မ ငြူစူ နှင့်။ သူ  တို့နှင့်  ပေါင်းဘော် ခြင်းငှါ အလို မ ရှိနှင့်။  
2 သူ တို့သည် ဖျက်ဆီး ခြင်းငှါ နှလုံး ကြံစည် တတ် ၏။ နှုတ် နှင့်လည်း  ဘေး ပြုမည်စကားကို ပြော တတ်၏။  
3 ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ၍  ခိုင်ခံ့ မြဲမြံစေရ၏။  
4 ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ  အပေါင်း တို့နှင့် ပြည့် ရကြ၏။  
5 ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ  အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။  
6 ပညာရှိ တို့နှင့် တိုင်ပင်ပြီးမှစစ်မှု ကိုပြု ရ၏။ အကြံ ပေးနိုင်သော သူများစွာ ရှိ လျှင် ၊ ဘေး လွတ်တတ်၏။  
7 ပညာ မြင့် သောကြောင့် မိုက် သောသူမမှီနိုင်။ မြို့တံခါးဝ ၌  စကား မ ပြော ဝံ့။  
8 မ ကောင်းသောအမှုကို ပြုခြင်းငှါ  ကြံစည် သောသူကို၊ ဘေး  ပြုသောသူဟူ၍ မှည့် ရ၏။  
9 မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင်  ပြုသောသူသည် လည်း ၊ လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။  
10 သင် သည် အမှု ရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏။  
11 သင်္ချိုင်း သို့ ထုတ် ၍  အသေခံ လုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အား  မထုတ်ဘဲနေလျက်၊  
12 ငါ့တို့မ သိ ဟုဆို သော်လည်း ၊ နှလုံး သဘောကို ဆင်ခြင် သောသူသည် မ  မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ  တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။  
13 ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား  လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း  စားလော့။  
14 ထိုအတူ ၊ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌  အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။  
15 အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ်  ကို  ချောင်း ၍ မ  ကြည့်နှင့်။ သူ  ၏ ငြိမ်ဝပ် ရာအရပ်ကို မ  ဖျက် နှင့်။  
16 ဖြောင့်မတ် သောသူသည် ခုနစ် ကြိမ်လဲ သော်လည်း  ထ ပြန်လိမ့်မည်။ မ  တရားသောသူမူကား ၊ လဲ သောအခါ  ဆုံးရှုံး လိမ့်မည်။  
17 သင် ၏ရန်သူ လဲ သောအခါ  ဝမ်း မ မြောက်နှင့်။ ခြေ ထိခိုက်သောအခါ  ရွှင်လန်း သောစိတ် မ ရှိနှင့်။  
18 ရှိလျှင်  ထာဝရဘုရား သိမြင် သဖြင့် ၊ မ နှစ်သက်ဘဲ သူ  မှ  အမျက် တော်ကို လွှဲ တော်မူမည်။  
19 မ တရားသောသူတို့ကြောင့်  စိတ် မ ပူနှင့်။ အဓမ္မ  လူတို့ကို မ  ငြူစူ နှင့်။  
20 အကြောင်း မူကား၊ မ  တရားသောသူသည် အကျိုး ကိုမ ရ။ အဓမ္မ လူ၏ မီးခွက် သည် သေ  လိမ့်မည်။  
21 ငါ့ သား ၊ ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ၊ ကြောက်ရွံ့ လော့။ မ  တည်ကြည်သောသူတို့နှင့်  မ ရောနှော မပေါင်းဘော်နှင့်။  
22 သူ တို့ဘေး သည် ချက်ခြင်း ရောက် တတ်၏။ ထို  နှစ်ပါး တို့၏ အဆုံး  ကို အဘယ်သူ သိ သနည်း။  
23 ထိုမှတပါး ၊ ပညာရှိ တို့နှင့် ဆိုင်သော အရာဟူမူကား  ၊ တရား တွေ့မှု စီရင်ရာတွင်  လူမျက်နှာ ကို မ  ထောက် ကောင်း။  
24 သင် သည် ဖြောင့်မတ် ၏ဟု မ  တရားသောသူအား  ဆို သောသူကို လူ  အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ  အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။  
25 ဆုံးမ ပြစ်တင်သောသူတို့မူကား ၊ စိတ် သာယာလျက် ၊ ကောင်းကြီး မင်္ဂလာကို ခံ  လျက်ရှိကြ လိမ့်မည်။  
26 မှန် သောစကားကို ပြန် ပြောတတ်သောသူ၏ နှုတ် ကို လူတိုင်းနမ်း လိမ့်မည်။  
27 ပြင် အရပ်မှာ  သင် ၏အလုပ် ကိုပြင် လော့။ လယ် တော၌  ကိုယ်အဘို့ ပြင်ဆင် လော့။ နောက်မှ သင် ၏ နေရာအိမ် ကို ဆောက် လော့။  
28 သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့်  သူတပါးကို မလှည့်စား နှင့်။  
29 သူသည် ငါ ၌ ပြု သည်အတိုင်း  သူ ၌ ငါပြု မည်။ သူ့  အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ  ဆို နှင့်။  
30 ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ  ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊  
31 ဆူးပင် များပြား ၍၊ မြေတပြင်လုံး ၌ ဆူးလေ  ပင် အနှံ့အပြားလွှမ်းမိုး လျက် ၊ ကျောက် ရိုး ပြို လျက်ရှိသည်ကို၊  
32 ငါ မြင် ၍  စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။  
33 ခဏ အိပ် လျက်၊ ခဏ  ပျော် လျက်၊ အိပ်ပျော် ခြင်းငှါ  ၊ ခဏ  လက်ချင်း ပိုက် လျက်နေစဉ်တွင်၊  
34 ဆင်းရဲ ခြင်းသည် ခရီးသွား သောသူကဲ့သို့၎င်း၊ ဥစ္စာ  ပြုန်းတီးခြင်းသည် သူရဲ  ကဲ့သို့ ၎င်း  ရောက် လာလိမ့်မည်။