27
1 နက်ဖြန် နေ့ ကို အမှီပြု ၍ မ  ဝါကြွား နှင့်။ တရက်  အတွင်းတွင် အဘယ် သို့ဖြစ်လိမ့်မည်ကို မ  သိ နိုင်။  
2 ကိုယ်တိုင်ကိုယ်ကိုမချီးမွမ်းဘဲ သူတပါး ချီးမွမ်း ပါလေစေ။ ကိုယ် နှုတ် နှင့် ကိုယ်ကိုမ ချီးမွမ်းဘဲ၊ ကိုယ် နှင့် မ  ဆိုင်သော သူတပါး  ချီးမွမ်း ပါလေစေ။  
3 ကျောက် နှင့် သဲ သည်လေး ၏။ မိုက် သောသူ၏ ဒေါသ သည် ထို  နှစ်ပါး ထက်  သာ၍လေး ၏။  
4 မာန သည်ကြမ်းကြုတ် သော သဘောရှိ၏။ ဒေါသ သည် ပြင်းထန် တတ်၏။ ငြူစူ သောစိတ်ကို ကား၊ အဘယ်သူ ဆီး ၍ ခံနိုင်သနည်း။  
5 ထင်ရှား စွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ် ခြင်းထက်  သာ၍ကောင်း ၏။  
6 အဆွေခင်ပွန်းသည် ဒဏ် ပေး သောအခါ သစ္စာစောင့်  လျက်ပေး၏။ ရန်သူ မူကား ၊ နမ်း သောအခါ လှည့်စား တတ်၏။  
7 စား ၍ ဝသောသူ  သည် ပျားလပို့ ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ် သောသူ မူကား ၊ ခါး သောအရာကို ချို သည်ဟု ထင်တတ်၏။  
8 မိမိ နေရာ ကို စွန့် ၍ လည်သောသူ သည် မိမိ  အသိုက် ကို  စွန့် ၍လည်သော ငှက် နှင့် တူ၏။  
9 နံ့သာ ဆီနှင့်  နံ့သာ ရည်သည် ရွှင်လန်းစေသကဲ့သို့ ၊ ကြည်ညို သောစိတ်နှင့် အကြံ ပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ် သော လက္ခဏာသည် ရွှင်လန်း စေ တတ်၏။  
10 ကိုယ် အဆွေ ခင်ပွန်းနှင့်  အဘ ၏ အဆွေ ခင်ပွန်းကို မ  စွန့် နှင့်။ အမှု ရောက်သောကာလ ၌၊ ညီအစ်ကို အိမ် သို့မ သွား နှင့်။ နီး  သောအိမ်နီးချင်း သည် ဝေး  သော ညီအစ်ကို ထက်  သာ၍ကောင်း ၏။  
11 ငါ့ သား ၊ ပညာ ရှိလော့။ ကဲ့ရဲ့  သောသူ၏စကား ကို ငါ ချေ နိုင်အောင်၊ ငါ့ စိတ် ကို ရွှင်လန်း စေလော့။  
12 သမ္မာ သတိရှိသောသူသည် အမှု ကိုမြော်မြင် ၍၊ ပုန်းရှောင် လျက်နေတတ်၏။ ဉာဏ်တိမ် သောသူမူကား၊ အစဉ်အတိုင်းသွား ၍ အမှု နှင့်တွေ့တတ်၏။  
13 မကျွမ်း သော သူအတွက် ၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူသည် အဝတ် အစ ရှိသောဥစ္စာတစုံတခုကို ပေါင် ထားစေ။  
14 နံနက် စောစော ထ၍၊ မိမိ  အဆွေ ခင်ပွန်းကို ကျယ် သောအသံ နှင့်  ကောင်းကြီး ပေးသောသူသည် ကျိန်ဆဲ ခြင်းကို ပြု ရာရောက်၏။  
15 ရန်တွေ့ တတ်သော မယား  သည် မိုဃ်း သည်းစွာရွာသောနေ့ ၌  အစက်စက် ကျသော မိုဃ်းပေါက်နှင့်  တူ၏။  
16 ထိုမိန်းမ ကို သိမ်း ထားသောသူသည် လေ  ကို သိမ်း ထားသောသူနှင့်တူ၏။ လက်ျာ လက်၌ လိမ်းသော နံ့သာ  ဆီကို ဝှက် ၍မထားနိုင်။  
17 သံ ကို  သံ ဖြင့်ထက် စေသကဲ့သို့ ၊ လူ သည်အဆွေ ခင်ပွန်း၏ မျက်နှာ ကို ထက် စေတတ်၏။  
18 သင်္ဘောသဖန်း ပင်ကို စောင့် သောသူသည် သင်္ဘောသဖန်းသီး ကို စား  ရ၏။ ထိုနည်းတူ ၊ သခင် အမှုကို ဆောင်ရွက် သောသူသည် ဂုဏ်အသရေ ကို ရတတ်၏။  
19 ရေ ၌လူမျက်နှာ ချင်းတူသကဲ့သို့ ၊ လူ တယောက်နှင့်တယောက်စိတ် သဘောတူကြ၏။  
20 မရဏာ နိုင်ငံနှင့်  အဗဒ္ဒုန် နိုင်ငံသည် အလို  မ ပြည့်စုံသကဲ့သို့၊ လူ  တို့မျက်စိ သည် အလို  မ ပြည့်စုံတတ်။  
21 ငွေ စစ်စရာဘို့  မိုက် ရှိ၏။ ရွှေ စစ်စရာဘို့  မီးဖို ရှိ၏။ လူ  ကိုစစ်စရာဘို့  သူတပါးချီးမွမ်း ခြင်းရှိ၏။  
22 မိုက် သောသူကို စပါး နှင့်အတူ ဆုံ ၌  ကျည်ပွေ့ နှင့်  ထောင်း သော်လည်း ၊ မိုက် သောသဘောမ ထွက် တတ်။  
23 သင် ၏ သိုးစု  အကြောင်း တို့ကို သိ  ခြင်းငှါကြိုးစား  လော့။ နွားစု တို့ကိုလည်း စေ့စေ့  ကြည့်ရှုလော့။  
24 စည်းစိမ် သည် အမြဲ မ တည်တတ်။ ရှင် ဘုရင်၏ စည်းစိမ်သော်လည်း ၊ လူမျိုး အစဉ်အဆက် မတည် တတ်။  
25 မြက်ပင် ပေါက် တတ်၏။ ပျိုး ပင်လည်း  ထင်ရှား တတ်၏။ တောင် ယာအသီး ကိုလည်း  သိမ်း ရ၏။  
26 သိုးသငယ် တို့သည် သင် ဝတ် စရာဘို့ ၊ ဆိတ် တို့သည် လည်း  မြေ အဘိုး ကိုဖြေစရာဘို့ ပြစ်၏။  
27 သင် စားစရာ ဘို့ ၊ အိမ်သူ အိမ်သားစားစရာ ဘို့ ၊ ကျွန် မိန်းမများကို  ကျွေး စရာဘို့ ဆိတ် နို့ လောက် လိမ့်မည်။