4
1 ငါ့သား တို့၊ အဘ  ၏နည်း ဥပဒေသကို နားထောင် ၍ ၊ ဉာဏ် သဘောကို နားလည် ခြင်းငှါ စေ့စေ့မှတ် ကြလော့။  
2 ကောင်း သောဩဝါဒ ကို ငါပေး ၏။ ငါ့ ပညတ် တရားကို မ  ပယ် ကြနှင့်။  
3 ငါ မူကား ၊ အဘ ၏ရင် နှစ်၊ အမိ  ရှေ့ မှာနူးညံ့ ၍ အချစ် ဆုံးသော သားဖြစ်၏။  
4 ငါ့ အဘသွန်သင် ၍ မြွက်ဆို လေသည်ကား၊ ငါ့ စကား ကို သင် ၏နှလုံး ၌ သွင်းမိ ၍၊ ငါ့ ပညတ် တို့ကို ကျင့် စောင့်သဖြင့် အသက်ရှင် လော့။  
5 ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ  မ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို မ လွှဲ မရှောင်နှင့်။  
6 ပညာ ကိုမ စွန့် နှင့်။ သူသည်သင့် ကို ထိန်းသိမ်း လိမ့်မည်။ သူ့  ကိုချစ် လော့။ သင့် ကို စောင့် မလိမ့်မည်။  
7 ပညာ သည် အမြတ် ဆုံးသောအရာဖြစ်၏။ ပညာ  ကိုဆည်းဖူး လော့။ ဆည်းဖူးသမျှ သောဥစ္စာ တို့တွင် ဉာဏ် ကိုဆည်းဖူး လော့။  
8 သူ့ ကိုအမြတ် ထားလော့။ သူသည် သင့် ကို ချီးမြှောက် လိမ့်မည်။ သူ့  ကိုဘက်ယမ်း လျှင် ၊ ဂုဏ် အသရေကိုပေး လိမ့်မည်။  
9 သင် ၏ခေါင်း ကို တင့်တယ် သောဦးရစ် နှင့် ပတ်ရစ် ၍၊ ဘုန်းကြီး သောသရဖူ ကို အပ်နှံ လိမ့်မည်။  
10 ငါ့ သား ၊ ငါ့ စကား ကိုနားထောင် နာယူ လော့။ သို့ပြုလျှင် ၊ သင့် အသက် နှစ် ပေါင်းများ လိမ့်မည်။  
11 ပညာ လမ်း ကို ငါပြသ ၍၊ မှန် သောလမ်း ခရီးတို့၌ သင့် ကိုငါပို့ဆောင် ၏။  
12 ရှောက်သွား လျှင် ၊ ကျဉ်းမြောင်း ရာသို့မ ရောက်၊ ပြေး သောအခါ တိုက်မိ၍မ လဲ ရ။  
13 ဥပဒေသ ကို ကိုင်ဆွဲ လော့။ မ  လွှတ် နှင့်။ စောင့် ထား လော့။ အသက်ရှင် ခြင်း၏အကြောင်း ဖြစ်၏။  
14 အဓမ္မ လူတို့ လမ်း ထဲသို့ မ ဝင် နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မ လိုက် နှင့်။  
15 သူ တို့လမ်းကို ကြဉ်ရှောင် လော့။ လိုက်မ သွား နှင့်။ လွှဲ ၍ သွား လော့။  
16 သူတို့သည်သူတပါး၌ အပြစ် မ ပြုရလျှင် မ အိပ် တတ်။ တစုံတယောက်သော သူ  ကိုမ လဲ စေလျှင် အိပ် ၍ မပျော်တတ်။  
17 ဒုစရိုက် နှင့်ဆိုင်သောမုန့် ကိုစား ၍ ညှဉ်းဆဲ ခြင်းနှင့်ဆိုင်သော စပျစ်ရည် ကို သောက် တတ်ကြ၏။  
18 ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။  
19 မ တရားသောသူတို့၏လမ်း မူကား၊ မှောင်မိုက် ကဲ့သို့ ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ် အရာကို တိုက် မိသည်ဟု မ  သိ ရကြ။  
20 ငါ့ သား ၊ ငါ့ စကား ကို နားထောင် လော့။ ငါ ဟောပြော ချက်တို့ကို နား သွင်း လော့။  
21 သင့် မျက်မှောက် မှ မ ကွာ စေနှင့်။ နှလုံး တွင်း ၌ စောင့် ထားလော့။  
22 အကြောင်း မူကား၊ ထို  တရားစကားကို တွေ့ ရ သောသူ  တို့သည် အသက်ရှင် ခြင်း၊ တကိုယ်လုံး ကျန်းမာ ခြင်းအကြောင်း ကို တွေ့ရပြီ။  
23 နှလုံး သည်အသက် ၏အခြေ အမြစ် ဖြစ်သောကြောင့် ၊ သင် ၏နှလုံး ကို အထူးသဖြင့်စောင့်ရှောက် လော့။  
24 ကောက် သောစကား တို့ကို၎င်း ၊ ငြင်းဆန် တတ် သော နှုတ်ခမ်း တို့ကို၎င်းဝေး စွာ ပယ်ရှောင် လော့။  
25 သင် ၏မျက်စိ သည် ရှေ့ရှု ကြည့် ၍ ၊ မျက်ခမ်း တို့ သည် တည့်တည့် အာရုံ ပြုစေလော့။  
26 သင် သွား ရာလမ်း ကို စူးစမ်း ၍ ၊ သွား လေရာရာ ၌ တည်ကြည် ခြင်းရှိစေလော့။  
27 လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ  တိမ်း မလွှဲနှင့်။ ဒုစရိုက် ပြုရာ လမ်း ကိုရှောင် လော့။