9
1 ဉာဏ်ပညာ သည်အိမ်တိုင် ခုနစ် တိုင်ကိုခုတ် ၍၊ မိမိ  နေရာအိမ် ကို ဆောက် လေပြီ။  
2 သူ ၏အကောင် များကိုသတ် ၍၊ စပျစ်ရည် ကို ဘော် ပြီးမှစားပွဲ ကို ခင်း လေပြီ။  
3 ကျွန် မတို့ကိုစေလွှတ် ၍၊ မြို့ တွင် အမြင့်ဆုံး သော အရပ်တို့၌  ကြွေးကြော် လေသည်ကား၊  
4 ဉာဏ် တိမ်သောသူ သည် ဤ  အရပ်သို့ဝင် စေ။ အိုပညာ  မ ရှိသောသူ၊  
5 လာ လော့။ ငါ့ မုန့် ကို စား လော့။ ငါဘော် သော စပျစ်ရည် ကို  သောက် လော့။  
6 မိုက် သောသူကို ရှောင် ၍  အသက် ချမ်းသာရ လော့။ ပညာ  လမ်း သို့ လိုက် လော့ဟုဆိုသတည်း။  
7 မထီမဲ့မြင် ပြုသောသူကို ဆုံးမ  သောသူသည် အရှက်ကွဲ ခြင်းကို၎င်း ၊ လူဆိုး ကို အပြစ် ပြသောသူသည် ကဲ့ရဲ့  ခြင်းကို၎င်းခံရ လိမ့်မည်။  
8 မထီမဲ့မြင် ပြုသောသူကိုမ ဆုံးမ နှင့်။ သင့် ကို မုန်း လိမ့်မည်။ ပညာ  ရှိကို အပြစ် ပြလော့။ သူသည် သင့် ကို ချစ် လိမ့်မည်။  
9 ပညာ ရှိသော သူကို  ဆုံးမ လျှင် ၊ သူသည် သာ၍ပညာ  ရှိလိမ့်မည်။ ဖြောင့်မတ် သောသူကို  သွန်သင် လျှင် ၊ သူသည် သိပ္ပံ  အတတ်တိုးပွါး လိမ့်မည်။  
10 ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောသည် ပညာ  ၏မူလ အမြစ် ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကိုသိကျွမ်း သော သဘောသည် ဉာဏ် ဖြစ်၏။  
11 အကြောင်း မူကား၊ ငါ့ ကိုအမှီပြု ၍၊ သင် ၏ နေ့ရက် ကာလနှင့်  အသက် အပိုင်းအခြား နှစ် ပေါင်း ကာလ တိုးပွါး လိမ့်မည်။  
12 သင်သည်ပညာ ရှိလျှင် ၊ ကိုယ်တိုင် အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင် ပြုလျှင်  ကိုယ်တိုင် သာအပြစ် ကိုခံရလိမ့်မည်။  
13 မိုက် သောမိန်းမ သည် စကား  သံကျယ်၍ ဉာဏ်  တိမ်သဖြင့်  အလျှင်း မ သိ တတ်။  
14 မိမိ အိမ် တံခါး နားတွင်  မြို့ မြင့် ရာအရပ်  အနေအထိုင်ပေါ် မှာ ထိုင် လျက်၊  
15 လမ်း ၌ တည့်တည့် ခရီး သွားသောသူတို့ ကို ခေါ် ၍၊  
16 ဉာဏ် တိမ်သောသူ သည် ဤ  အရပ်သို့ဝင် စေ။ အိုပညာ  မ ရှိသောသူ၊  
17 ခိုး သောရေ သည် ချို ၏။ တိတ်ဆိတ် စွာစား သောမုန့် လည်း  မြိန် သည်ဟု ဆို  တတ်၏။  
18 ထို အရပ်၌ သင်္ချိုင်း သားရှိ ကြောင်း၊ ထိုမိန်းမ ၏ ဧည့်သည်တို့သည် မရဏာ  နိုင်ငံအနက်ဆုံး ၌ နေ ကြောင်း ကို ထိုယောက်ျားသည်မ သိ မမှတ်။