2
သတ်ရှင်ဟှူက္လော့‑က်န သန့်ရှင်းဟှူလူမျိုးကြောန်း
1 အယ်ကြောန့် နန်းနို့လေဟှာ ကောန်းဘဲဟှူမှု ဘောန်းဇောင်နတူးဒူ လှည့်ဇားမှု၊ ဟန်ဆောန်မှု၊ နာလိုမှုန ပေါက်ခတ်ပြောဆိုဟှူမှု ဘောန်းဇောင်ဟှို ဖယ်ရှားဂေ့ပါ။ 2 သန့်ရှင်းဟှူ၊ ဝိညာဉ်ရေးရာနဆိုင်ဟှူ မှန်ဟှူ နို့စစ်အားဖြင့် ကယ်တန်ရှင်းနှိုက် ကီးထွားလာဟှို့တွပ် မွီးခါဇ သားဂန်းဟှားမျိုး အယ် တရားနို့ရယ်ဟှို မြဲဒမ်း လိုရှင်တောန်းတဂေ့ပါ။ 3 ဘုရားသခင်ရဲ့ ကောန်းမြတ်ဟှူကြောန်းဟှို နန်းနို့လေ ဗြဲစမ်းကေ့ပီးဘီ ဖြစ်ဟှယ်။
4 လူလေရဲ့ ငြင်းပယ်ရှင်းဟှို ခံရဟှူလည်းဘဲ့ ဘုရားသခင် ဝီးကော့‑က်တော်မူဟှူ ဖိုးကီးဟှူ၊ သတ်ရှင်ဟှူက္လော့‑က် ဖြစ်တော်မူဟှူ အယ်သခင်နားဟှို လာဘီး၊ 5 နန်းနို့လေလည်း သတ်ရှင်ဟှူက္လော့‑က်မျိုး ဝိညာဉ်ရေးရာ အီတော်ဖြစ် တည်ဆော့‑က်ရှင်းဟှို ခံယူဂေ့ပါ။ အယ်ဇာဟှ နန်းနို့လေဟှာ သန့်ရှင်းဟှူ ယဇ်ပုရောဟိတ်မျိုးဖြစ်ဘီး ဘုရားသခင် နှစ်သက်လတ်ခံတော်မူဟှူ ဓမ္မယဇ်လေဟှို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ဟှို့တွပ် ဖြစ်ဟှယ်။ 6 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကျမ်းစာတော်ဟှ၊
“ကေ့ရှုဂေ့ ဝီးကော့‑က်ဟှားဟှူ၊ ဖိုးကီးဟှူ တိုက်ထော့‑က်ဗြစ်က္လော့‑က်ဟှို
ဇိအုန်တောန်ထတ်မာ ငါခ္လဟှားဟှယ်။
အယ်က္လော့‑က်ဟှို ယောင်ကြည်ဟှူသူဟှာ ယှစ်ကြော့‑က်မှုမှေ့ဟှ” ဆိုဘီး လာလေဟှယ်။
7 အယ်ကြောန့် အယ်က္လော့‑က်ဟှာ ယောင်ကြည်ဟှူ နန်းနို့တွပ်ဟှ ဖောင်းသရေတော်ရှိဟှယ်။ ယောင်ကြည်ဘဲဟှူ သူလေတွပ်ဟှ၊
“တိုက်ဆော့‑က်ဟှူသူလေ ဖယ်ဟှားဟှူက္လော့‑က်ဟှာ
တိုက်ထော့‑က် ထိဖျားဟှို ရော့‑က်လာဟှူ ရေးကီးဟှူက္လော့‑က်” ဖြစ်ဘီး၊
8 စကားတော်ဟှို ယောင်ကြည်ဘဲကြောန့် ထိမိဘီး လဲဂေ့ဟှယ်။
“ထိမိဘီး လဲဟှူက္လော့‑က်
မှားယွင်းစေဟှူက္လော့‑က် ဖြစ်ဟှယ်။”
အယ်မျိုးဖြစ်ဟှို့တွပ် သူးနို့ဟှို သတ်မှတ်ဟှားဇာလည်း ဖြစ်ဟှယ်။
9 ၂.၉ တိ ၂.၁၄နန်းနို့လေဟှာ မှောန်မိုက်ထဲဟှနေဘီး အံ့ဘွယ်ဖြစ်ဟှူ လန်းရောန်ထဲဟှို ခေါ်သွမ်းပေးတော်မူဟှူ သူရဲ့ ဂေါင်ကျေးဇူးလေဟှို ဖော်ပြဟှို့တွပ် ဝီးကော့‑က်တော်မူဟှူ မျိုးဖြစ်ဂေ့ဟှယ်။ မန်းစည်းဇိမ်ရှိဟှူ ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းဟှူလူမျိုး၊ ပိုင်ထိုက်ဟှူ လူမျိုးတော် ဖြစ်ဂေ့ဟှယ်။ 10 နန်းနို့လေဟှာ စစဒူးဟှ ဘုရားသခင်ရဲ့ လူမျိုးတော်မှုဘဲန ခုခီမာ ဘုရားသခင်ရဲ့ လူမျိုးတော် ဖြစ်ဂေ့ဘီ။ စစဒူးဟှ ကရုဏာတော်ဟှို ခံစားရဘဲန ခုခီမာ ကရုဏာတော်ဟှို ခံစားရဂေ့ဘီ။
ဘုရားသခင်ရဲ့ စေခံကျွန်လေကြောန်း
11 ရှစ်ရဟှူသူလေ နန်းနို့လေဟှာ ဧည့်သည်လေဖြစ်ဟှူကြောန့် စိဝိညာဉ်ဟှို ဆန့်ကျင်တိုက်ခိုက်ဟှူ ကိုယ်ကာယရဲ့ တတ်မတ်မှုလေဟှို ရှောန်ကြဉ်ဂေ့ဟှို့တွပ် ငါတိုက်တွန်း နှိုးဆော်ပါဟှယ်။ 12 ယောင်ကြည်ဘဲဟှူ လူမျိုးခြားလေဟှာ နန်းနို့လေဟှို ကောန်းဘဲဟှူမှုလေဟှို လောက်ဟှူသူလေ ဆိုဘီး ပြစ်တန်စွန့်စွဲဘီး နေဟှူလည်းဘဲ့ ဘုရားသခင်စီရင်တော်မူဟှူ နေ့ရစ်မာ နန်းနို့လေရဲ့ ကောန်းဟှူကျင့်ဟှို ဗြင်ဟှူကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှို့တွပ် သူးနို့ရှေ့မာ တင့်တယ်သင့်မြတ်အောန် ကျင့်နေဂေ့ပါ။
13 သခင်ဘုရားရဲ့ မျစ်နှာတော်ဟှို ထော့‑က်ဘီး အာဏာပိုင်လေရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ မန်းဂီးရဲ့ ချောက်ခြာအာဏာဟှိုဘဲ့ ဖြစ်ဖြစ်၊ 14 ဒုစရိုက်လောက်ဟှူသူလေဟှို ပြစ်ဒန်ပေးဘီး ကောန်းဟှူကျင့်ဟှို ကျင့်ဟှူ လူကောန်းလေဟှို ချီးမွမ်းဂေါင်ပြုဟှို့တွပ် မန်းဂီးခန့်ဟှားဟှူ ဝန်ဂီးလေဟှို နာခံဂေ့ပါ။ 15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကောန်းဟှူကျင့်ဟှို ကျင့်ရှင်းအားဖြင့် မိုက်မဲသူလေရဲ့ သိဉာဏ်ကင်းမဲ့မှုဟှို ချေပဟှို့တွပ် ဘုရားသခင် လိုတော်ရှိဟှယ်။ 16 လွတ်လပ်ဟှူသူလေဖြစ် သတ်ရှင်နေထိုင်ဂေ့ပါ။ အယ်ဘေမဲ့ အယ်လွတ်လပ်မှုဟှို ကောန်းဘဲဇာလေဟှို ဖောင်းကွယ်ရှင်းဖြစ် သောင်းခ္လဂေ့ဘဲန ဘုရားသခင်ရဲ့ ကျွန်လေအားဖြင့် ပြုမူနေထိုင်ဂေ့ပါ။ 17 လူလေ ဂူလောင်းဟှို ရိုသေဂေ့ပါ။ ညီကို မောန်နှမလေဟှို ရှစ်ဂေ့ပါ။ ဘုရားသခင်ဟှို ကြော့‑က်ရွံ့ဘီး မန်းဂီးလေဟှို ရိုသေဂေ့ပါ။
ခရစ်တော်ဒေါက်ခခံရှင်းရဲ့ စံနမူနာကြောန်း
18 စေခံဟှူသူလေ ကြော့‑က်ရွံ့ရိုသေဟှူစိ ပ္လဲ့ပ္လဲ့ဝဝန နန်းနို့ရဲ့ သခင်လေအောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။ သခင်ဟှာ စိသဘောကောန်းဘီး ညင်သာရှင်းဘဲ့ဖြစ်ဖြစ် ကြမ်းတမ်းဟှူ သဘောရှိရှင်းဘဲ့ဖြစ်ဖြစ် ဝန်ခံဂေ့ပါ။ 19 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှို ထော့‑က်ထားဘီး တရားဘဲဟှူ ညှဉ်းဆဲရှင်းလေဟှို သီးခံဟှယ် ဆိုဟှာ ကျေးဇူးရှိပါဟှယ်။ 20 နန်းနို့လေဟှာ ကိုယ်ပြစ်ကြောန့် ဒန်ခံရဟှူ ခီမာ သီးခံဟှယ် ဆိုဟှာ ဖယ်မျိုး ချီးမွမ်းရအူးမယ်နူး။ အယ်ဘေမဲ့ ကောန်းဟှူမှုဟှိုပြုဘီး ဆင်းရဲခံရဟှူ ခီမာ သီးခံဟှယ် ဆိုဟှာ ဘုရားသခင်ရှေ့တော်မာ ကျေးဇူးရှိဟှယ်။ 21 အယ်မျိုး ပြုမူဟှို့တွပ် နန်းနို့လေဟှို ဝီးကော့‑က်တော်မူဘီ။ ခရစ်တော် ကိုယ်တိုင်ဘဲ့ နန်းနို့တွပ် ဒေါက်ခဝေဒနာလေဟှို ခံတော်မူဟှူကြောန့် ခေတော်ရာဟှို လိုက်ရှော့‑က်ဟှို့တွပ် ပေါင်သတ်သေဟှို ထားတော်မူဘီ။ 22 ကိုယ်တော်ဟှာ လောင်းဝ ပြစ်ဟှို လောက်ဟှ။ ဖယ်လူလည်း လောင်းဝ လီညာဟှ။ 23 ပေါက်ခတ်ပြောဆို ခံရဟှူ ခီမာ ပ္လန်ဘီး ပေါက်ခတ်ပြောဆိုတော်မူဟှ။ ဒေါက်ခဝေဒနာ ခံဟှူ ခီမာ ချီးခြော့‑က်တော်မူဘဲန တရားသဖြင့် စီရင်တော်မူဟှူသူနှိုက် ကိုယ့်ကိုယ်ကိုယ် အပ်တော်မူလေဟှယ်။ 24 နို့လေဟှာ ပြစ်နဆိုင်ဟှူဇာမာ သေဖြစ်ဘီး ဖြောန့်မတ်ရှင်းနဆိုင်ဟှူဇာမာ သတ်ရှင်ဟှို့တွပ် နို့ရဲ့ ပြစ်လေဟှို ကိုယ်တော်ကိုယ်တိုင် လတ်ဝါးကပ်တိုင်မာ ဝေဒနာခံတော်မူဘီ။ နို့လေဟှာ ကိုယ်တော်ရဲ့ ဒန်ချစ်တော်လေအားဖြင့် ရောဂါ ပျော့‑က်ဂေ့လေဟှယ်။ 25 စစဒူးဟှ နန်းနို့လေဟှာ လမ်းလွဲဘီး ပျော့‑က်ဟှားဟှူ သိုးလေမျိုး ဖြစ်ဂေ့ဟှယ်။ ခုဟှ သိုးထီးဖြစ်တော်မူဟှူ နန်းနို့ရဲ့ စိဝိညာဉ်ဟှို ထီးသီးစောန့်ရှော့‑က်ဟှူ သခင်နားဟှို ပ္လန်ရော့‑က်ဂေ့ဘီ။