2
အယ်ကြောန့် နန်းနို့နားဟှို ငါ နော့‑က်တခါ လာဟှူ ခီမာ နန်းနို့ဟှို ဝန်းနဲစေမယ် ဖြစ်ဟှူကြောန့် ငါလာဘဲဟှို့တွပ် စိဆောင်းဖြတ်လိုက်ဟှယ်။ ငါဟှာ နန်းနို့ဟှို ဝန်းနဲစေမယ် ဆိုဟှာ ငါ့ဟှို ဝန်းသာစေဟှူသူ ဖယ်မာရှိမယ်နူး။ ငါ့ကြောန့် ဝန်းနဲရဟှူ လူလေဟှလွှဲဘီး ဖယ်သူဟှာ ငါ့ဟှို ဝန်းသာစေဟှို့နူး။ ငါလာမယ် ဆိုဟှာ ငါ့ဟှို ဝန်းသာစေဟှူ လူလေဟှ ငါ့ဟှို ဝန်းနဲစေမာဟှို စိုးရိမ်ဟှူကြောန့် ရင်ဟှစာဟှို ငါရေးဘီး ပို့ပေးလိုက်ဇာ ဖြစ်ဟှယ်။ ငါဟှ ဝန်းသာမယ် ဆိုဟှာ နန်းနို့လေဟှလည်း ဝန်းသာဂေ့မယ် ဆိုဇာ ငါဟှာ ယောင်ကြည်ဟှယ်။ ငါဟှာ ရရာတိုင်း စိနှလောင်း ပူပန်သောက ရော့‑က်ဘီး မျစ်ရယ်ဘောင်ဂီး က္လဘီးဟှာ အယ်စာဟှို ရေးလိုက်ဇာဖြစ်ဟှယ်။ အယ်ကြောန့် နန်းနို့ဟှို ဝန်းနဲစေရှင်ကြောန့် မှုဘဲ နန်းနို့ဟှို ငါဟှာ ရရာတိုင်း ရှစ်ကြောန်းဟှို သိစေရှင်ဟှူကြောန့် ရေးလိုက်ဇာ ဖြစ်ဟှယ်။
ပြစ်မှားဟှူလူဟှို ပြစ်လွှတ်ဟှူကြောန်း
လူတယော့‑က်ဟှ တယော့‑က်ဟှို ဝန်းနဲအောန် လောက်ဟှူ ခီမာ ငါ့ဟှိုဘဲ့မှုဘဲန နန်းနို့အားလောင်း အယ်မျိုးမှုဘဲနေဟှာ နန်းနို့ထဲဟှ တချို့ဟှို ဝန်းနဲစေဟှယ်။ (အယ်လူလေဟှို ကျပ်ကျပ်တဲတဲဟှား စီရင်ရှင်ဘဲကြောန့် အယ်မျိုးပြောဇာ ဖြစ်ဟှယ်။) နန်းနို့ လူဘောင်ဂီးရဲ့ ဒန်ပေးဇာဟှို ခံရဇာဟှာ အယ်လူတွပ် လောင်လော့‑က်ဟှူ ပြစ်ဒန်ဖြစ်ဟှယ်။ အယ်ဘေမဲ့ အယ်လူဟှာ ခံနိုင်ဘဲဟှူ ဝန်းနဲမှု ဖြစ်ဘဲအောန် ခု နန်းနို့ဟှ သူ့ဟှို ပြစ်လွှတ်ဘီး အားပေးဂေ့ပါ။ အယ်ကြောန့် နန်းနို့ဟှာ သူ့ဟှို တကယ်ဘဲ့ မြစ်တာထားဟှယ် ဆိုဇာဟှို သူသိဟှို့တွပ် နန်းနို့ဟှို ငါဟှ တောန်းဗန်ဟှယ်။ ရင်ဟှ ငါဟှာ စာရေးရဟှူကြောန်းဟှ နန်းနို့ဟှာ စောင်ဇမ်းနှောက်ယှစ်ဇာဟှို ဖယ်မျှလော့‑က် ခံနိုင်ဟှယ် ဆိုဇာရော၊ ငါပြောဟှားဟှူ ဇာလေဟှို လိုက်နာဟှို့တွပ် နာခံမှု ရှိမရှိ ဆိုဇာဟှိုရော သိဟှိုတွပ်ဘဲ့ ဖြစ်ဟှယ်။ 10 နန်းနို့ဟှာ ယော့‑က်ယော့‑က်ဟှို ပြစ်လွှတ်ဟှူ ခီမာ ငါဟှလည်း တခုခုဟှို ခွမ့်လွှတ်ဟှို့တွပ် လိုမယ် ဆိုဟှာ နန်းနို့ရဲ့ မျစ်နှာဟှို ထော့‑က်ဘီး ခရစ်တော်ရဲ့ရှေ့မာ အယ်လူရဲ့ ပြစ်ဟှို ငါလွှတ်ဟှယ်။ 11 အယ်မျိုးလောက်မှ စာတန်ဟှ နို့လေဟှို နိုင်ဘဲဟှို့တွပ် တားဟှားနိုင်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ စာတန်ရဲ့ ကြံစည်လေဟှို သိဂေ့ကြောန့် ဖြစ်ဟှယ်။
တရောဗြို့မာ ပေါလုရဲ့ စိနှလောင်း ပူပန်ရဟှူကြောန်း
12 ၂.၁၂,၁၃ တ ၂၀.၁ခရစ်တော်ရဲ့ ဒန်းကောန်းဟှို ဟောပြောဟှို့တွပ် တရောဗြို့ဟှို ငါဟှာ ရော့‑က်ဟှူ ခီမာ မှုတော်ဟှို ထမ်းဆောန်နိုင်ဟှို့တွပ် ခွဗော့‑က်လေဟှို သခင်ဘုရားဟှ ဖွမ့်ပေးဟှားဟှယ်။ 13 အယ်ဘေမဲ့ နို့လေရဲ့ညီ တိတုဟှို တွိဘဲ့ကြောန့် ငါဟှာ ရရာတိုင်း စိသောက ဖြစ်ဟှယ်။ အယ်ကြောန့် အယ်ဗြို့မာရှိဟှူ လူလေဟှို နှောက်ဆစ်ဘီးဟှာ ငါဟှာ မာကေဒေါနိပြည်ဟှို သွားဟှယ်။
ခရစ်တော်ကြောန့် အောန်မြင်ဟှူကြောန်း
14 အယ်ဘေမဲ့ နို့လေဟှို ခရစ်တော်အားဖြင့် မြဲဒမ်းအောန်ဗွဲဟှို ခံစေဘီးဟှာ ကိုယ်တော့်ဟှို သိရှင်းရဲ့ မွှီးနံ့ဟှာ နေရာတိုင်းဟှို နို့လေအားဖြင့် ပ္လံ့နှံ့စေဟှူ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ချီးမွမ်းဟှယ်။ 15 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဘုရားသခင်ဟှို ခရစ်တော်ပူဇော်ဟှူ ရရာတိုင်း မွှီးဟှူနံသာနံ့ ဖြစ်ဟှယ်။ အယ်နံ့ဟှာ ကယ်တန်ရှင်း ခံရခါနီးဟှူ လူလေနားဟှိုရော၊ ပျစ်စီးဆောင်းရှောင်းခါနီးဖြစ်ဟှူ လူလေနားဟှိုရော ပ္လံ့နှံ့ဟှားဟှယ်။ 16 ပျစ်စီးဆောင်းရှောင်းခါနီးဖြစ်ဟှူ လူလေတွပ် အယ်နံ့ဟှာ သေရှင်းရဲ့နံ့ ဖြစ်ဘီး ကယ်တန်ခံနေရဟှူ လူလေတွပ် သတ်ရှင်ရှင်းရဲ့နံ့ ဖြစ်ဟှယ်။ အယ်ကြောန့် အယ်မျိုးမှုဟှို ဖယ်သူဟှ လောက်နိုင်ဟှို့နူး။ 17 နို့လေဟှာ တခြားလူဘောင်ဂီးလေမျိုး ဘုရားသခင်ရဲ့ စကားတော်ဟှို ပေါဇားကူပစ်စီးမျိုး ရောန်းဝယ်ဇာလေမျိုး လောက်ဂေ့ဟှ။ အယ်ဘေမဲ့ နို့လေဟှာ ဘုရားသခင် စေလွှတ်ဟှားဟှူ လူလေဖြစ်ဘီး ခရစ်တော်နှိုက် စေခံလေနေန ဘုရားသခင်ရဲ့ ရှေ့မာ စကားတော်ဟှို စိရှင်းရှင်းန ဟောပြောဂေ့ဟှယ်။

2:12 ၂.၁၂,၁၃ တ ၂၀.၁