8
ခရစ်ယာန်လေရဲ့ ပေးကမ်းရှင်းကြောန်း
၈.၁–၄ ရော ၁၅.၂၆ညီကို မောန်နှမလေ မာကေဒေါနိပြည်မာရှိဟှူ သင်းတော်လေဟှို ဘုရားသခင်ပေးဟှားဟှူ ကျေးဇူးတော်ကြောန်းဟှို နန်းနို့လေဟှို ငါပြောပြရှင်ဟှယ်။ သူးနို့လေဟှာ ဆင်းရဲဒေါက်ခလေဟှို ရရာတိုင်း ခံရဂေ့ဟှယ်။ အယ်ဘေမဲ့ ရရာတိုင်း ဝန်းသာဂေ့ဟှယ်။ သူးနို့ဟှာ ရရာတိုင်း ဆင်းရဲဘေမဲ့လည်း ပေးကမ်းဟှူမှုမာ ရရာတိုင်း ရစ်ရောဘီးပေးဂေ့ဟှယ်။ သူးနို့လေဟှာ စွမ်းစရှိမျှထတ် ပိုဘီး ဟှာ သူ့လိုလို ပေးကမ်းဂေ့ဟှယ် ဆိုဇာဟှို နန်းနို့ဟှို ငါသတ်သေခံနိုင်ဟှယ်။ သူးနို့ဟှာ ယုဒပြည်မာရှိဟှူ ဘုရားသခင်ရဲ့ သန့်ရှင်းဟှူ လူလေဟှို ကူညီမဇဟှူ မှုလေမာ စိအားထတ်သန်ဘီး ကူညီထော့‑က်ပံ့ဂေ့ဟှယ်။ အယ်မျိုး ကျေးဇူးပြုရဟှို့တွပ် သူးနို့ဇာ သူးနို့ ငါ့ဟှို တောန်းဗန်ဂေ့ဟှယ်။ အယ်မျိုးလောက်ဇာဟှာ နို့လေ မျှော်လင့်ဟှားဟှူထတ် ပိုဂေ့ဟှယ်။ သူးနို့ဟှာ ဦးဆောင်းပထမ သခင်ဘုရားဟှို သူးနို့ကိုယ်တိုင် ပေးကမ်းဂေ့ဟှယ်။ အယ်ဘီးန ဘုရားသခင်ရဲ့ လိုတော်တိုင်း နို့လေဟှိုလည်း သူးနို့ကိုယ်တိုင် ပေးကမ်းဂေ့ဟှယ်။ အယ်ကြောန့် စဘီးဟှာ တာဝန်ယူဟှူ တိတုဟှို အယ်ကျေးဇူးပြုဇာဟှို ပီးဟှားအောန် နန်းနို့လေဟှို ကူညီပေးဟှို့တွပ် ငါဟှာ သူ့ဟှို တိုက်တွန်းဟှယ်။ နန်းနို့ဟှာ ယောင်ကြည်ရှင်း၊ နှောက်သတ်တိ၊ ပညာဉာဏ်၊ ကူညီဟှူစေတနာ၊ နို့လေဟှို ရှစ်ဟှူ မြစ်တာလေန ကြွယ်ဝဂေ့ဟှယ်။*၈.၇ နို့လေဟှို ရှစ်ဟှူ မြစ်တာလေန ကြွယ်ဝဂေ့ဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ နို့လေရဲ့ ရှစ်မြစ်တာဟှာ နန်းနို့တွပ်၊ ဆိုဘီး ပါရှိဟှယ်။ အယ်ကြောန့် နို့လေဟှာ ကျေးဇူးပြုဇာနဆိုင်ဟှူ ပေးကမ်းဇာမာလည်း ရစ်ရောဟှယ် ဆိုဇာဟှို ပြဂေ့ပါ။
အယ်မျိုးပြောဇာဟှာ မိန့်ပေးဇာ မှုဟှ။ တခြားသူလေရဲ့ စိအားထတ်သန်ဇာအားဖြင့် နန်းနို့ရဲ့ မြစ်တာဟှာ ဖယ်မျှလော့‑က် စစ်မှန်ဟှယ် ဆိုဇာဟှို သိရှင်ဟှူကြောန့် စစ်ဆေးဇာဖြစ်ဟှယ်။ နန်းနို့ဟှာ နို့လေရဲ့ သခင်ယေရှု ခရစ်တော်ရဲ့ ကျေးဇူးတော်ဟှို သိဂေ့ဟှယ်။ ကိုယ်တော်ဟှာ ကြွယ်ဝဘေမဲ့ နန်းနို့ရဲ့ကျိုးတွပ် ဆင်းရဲခံဟှယ်။ အယ်မျိုး ဆင်းရဲခံရဇာဟှာ နန်းနို့လေဟှ ကြွယ်ဝလာဟှို့တွပ် ဖြစ်ဟှယ်။
10 ရင်နှစ်ဟှ နန်းနို့ စပြုလာဟှူမှုဟှို ခုမှ ဆောင်းသတ်ဂေ့ဟှယ် ဆိုဇာ ငါထန်ဟှယ်။ နန်းနို့ဟှာ စေတနာန ပေးကမ်းဇာဟှို စလောက်ဂေ့ဟှယ်။ 11 အယ်ကြောန့် အယ်မှုဟှို ဆစ်လောက်ဘီးဟှာ ဆောင်းသတ်ဂေ့ပါ။ နန်းနို့ဟှာ အယ်မှုဟှို ကြံစည်ဂေ့ဟှူ ခီမာ စိအားထတ်သန်မျိုးဘဲ့ လောက်ဟှူ ခီမာလည်း စိအားထတ်သန်ဂေ့ပါ။ နန်းနို့ဟှာ တတ်နိုင်မျှ ပေးကမ်းဂေ့ပါ။ 12 နန်းနို့ဟှာ ပေးရှင်ဟှူ စေတနာစိရှိမယ် ဆိုဟှာ ဘုရားသခင်ဟှ နန်းနို့တတ်နိုင်ဘဲဟှူ မှုလေဟှို ကေ့ဘဲန တတ်နိုင်ဟှူ မှုလေဟှို ထော့‑က်ဘီး နန်းနို့လေရဲ့ မှုဟှို လတ်ခံလေ့မယ်။
13 အယ်မူဇာလေအားဖြင့် တခြားသူလေဟှို သတ်သာစေဘီး နန်းနို့ဟှို ဒေါက်ခရော့‑က်စေဟှို့ မှုဟှ။ ညီတူညီမျှဖြစ်ဟှို့တွပ် ပြောနေဇာ ဖြစ်ဟှယ်။ 14 ခုလည်း နန်းနို့လေရဲ့ ကြွယ်ဝဇာလေဟှာ အယ်လူလေရဲ့ ဆင်းရဲဇာလေဟှို ဖ္လဲ့ပေးဟှူမျိုးဘဲ့ အယ်လူလေရဲ့ ကြွယ်ဝဇာဟှာ နန်းနို့လေရဲ့ ဆင်းရဲဇာလေဟှို ဖ္လဲ့ပေးနိုင်လေ့မယ်။ 15 ကျမ်းစာဟှ “ဘောင်ဂီးရဟှူလူဟှ ပိုဟှ၊ ဒစ်သားရဟှူလူဟှ လိုဟှ” ဆိုဘီး ဖော်ပြဟှားဟှူမျိုးဘဲ့ ဖြစ်ဟှယ်။
တိတုန သူ့ရဲ့ပေါန်းဖော်လေကြောန်း
16 နန်းနို့ဟှို ကူညီပေးဟှို့တွပ် နို့လေမာ စိအားထတ်သန်ဇာ ရှိဟှူမျိုးဘဲ့ တိတုမာလည်း ရှိနေဟှူကြောန့် ဘုရားသခင်ဟှို ကျေးဇူးတန်ဟှယ်။ 17 တိတုဟှာ နို့လေရဲ့ မြစ်တာရပ်ခံချစ်ဟှို လတ်ခံဇာလေမျိုး မှုဘဲန ကူညီဟှို့တွပ် စေတနာစိရှိဟှူကြောန့် နန်းနို့နားဟှို သွားဟှို့တွပ် သူ့ကိုယ်သူ စိဆောင်းဖြတ်လိုက်ဟှယ်။ 18 နို့လေဟှာ တိတုနတူးဒူ ယောင်ကြည်သူ တယော့‑က်ဟှို လွှတ်လိုက်ဟှယ်။ အယ်လူဟှာ ဒန်းကောန်းဟှို ဟောပြောဟှူ မှုတော်ဆောန် တယော့‑က်နေန သင်းတော်လေရဲ့ လေးစားကြည်ညိုဇာဟှို ခံရဟှူလူ ဖြစ်ဟှယ်။ 19 သခင်ဘုရား ကိုယ်တော်တိုင်ရဲ့ ဖောင်းသရေတော်န နို့လေရဲ့ စေတနာစိလေဟှို ထန်ရှားစေဟှို့တွပ် နို့လေဟှာ ပြုစုနေဟှူကြောန့် အယ်မျိုး ကျေးဇူးပြုဟှူမှုမာ နို့လေနတူးဒူ လိုက်ဟှို့တွပ် သင်းတော်ဟှနေဘီး ခန့်ဟှားခံရဟှူ သူလည်းဖြစ်ဟှယ်။
20 အယ်မျိုး ပေးကမ်းဂေ့ဟှူ လှူငွေလေဟှို ကိုင်ဟှူ ခီမာ နို့လေဟှာ တခြားသူလေ ပြစ်တန်ဇာန လွတ်ဟှို့တွပ် ဒိနလောက်နေရဟှယ်။ 21 သခင်ဘုရားရဲ့ ရှေ့မာကို မှုဘဲ့န လူလေရဲ့ ရှေ့မာလည်း မှန်ကန်ဟှူ မှုလေဟှိုဘဲ့ လောက်ဟှို့တွပ် ရည်ရွယ်ချစ် ရှိဂေ့ဟှယ်။
22 အယ်ကြောန့် နို့လေဟှာ အယ်လူနှေ့ယော့‑က်နတူးဒူ တခြားညီကို တယော့‑က်ဟှိုလည်း လွတ်လိုက်ဂေ့ဟှယ်။ အယ်လူဟှို နို့လေဟှာ သေးသေချားချာဟှား ကဲခတ်ဂေ့ဟှူ ခီမာ သူဟှာ မြဲဒမ်းဘဲ ကူညီတတ်ဟှူလူ ဖြစ်ကြောန်းဟှို တွိရဟှယ်။ သူဟှာ နန်းနို့ဟှို ဘောင်းဂီးယောင်ကြည်ကြောန့် သူ့ရဲ့ စိစေတနာဟှာ ပိုဘီး ဟှာ ထတ်သန်နေဟှယ်။ 23 တိတုန ပတ်သတ်ဘီး ပြောရမယ် ဆိုဟှာ သူဟှာ နန်းနို့လေရဲ့ မှုကိစလေမာ ငါနတူးဒူ ဝိုင်းဘီးဟှာ ကူညီဟှူ ငါ့ရဲ့ လောက်ဖော်ဆောန်ဖတ် ဖြစ်ဟှယ်။ သူ့နတူးဒူ လိုက်ပါလာဂေ့ဟှူ တခြားညီကိုလေဟှ သင်းတော်လေရဲ့ စေတမန်လေ ဖြစ်ဘီး ခရစ်တော်ဟှို ချီးမြှော့‑က်သူ ဖြစ်ဟှယ်။ 24 အယ်ကြောန့် နန်းနို့ကြောန်းဟှို နို့လေဟှာ ဂေါင်ယူဘီး ကြွားဟှားတိုင်းဘဲ့ မှန်နေကြောန်းဟှို သူးနို့လေန သင်းတော်လေဟှို သိနိုင်ဟှို့တွပ် မြစ်တာပြဂေ့ပါ။

8:1 ၈.၁–၄ ရော ၁၅.၂၆

*8:7 ၈.၇ နို့လေဟှို ရှစ်ဟှူ မြစ်တာလေန ကြွယ်ဝဂေ့ဟှယ်၊ တချို့ မူရင်းလတ်ရေးမူလေမာ နို့လေရဲ့ ရှစ်မြစ်တာဟှာ နန်းနို့တွပ်၊ ဆိုဘီး ပါရှိဟှယ်။