23
1 ပေါလုဟှာ ယုဒတရားလွှတ်တော် ဖွဲ့ဝမ်လေဟှို စေ့စေ့ကေ့ဘီး “ညီကိုလေ၊ ကျွန်တော်ဟှာ အယ်နေ့ထိ ဘုရားသခင်ရှေ့မာ ကောန်းဟှူစိပ္လဲ့ဝန သတ်ရှင်နေထိုင်ဟှယ်” ဆိုဘီး ပြောဟှယ်။ 2 ယဇ်ပုရောဟိတ်မန်း အာနနိဟှာ ပေါလုနားမာရပ်နေဟှူ လူလေဟှို သူ့ဇာတ်ပေါ့‑က်ဟှို ရိုက်ခိုင်းလိုက်ဟှယ်။ 3 ၂၃.၃ မ ၂၃.၂၇,၂၈ပေါလုဟှ “ထူးဖ္လူသုဟှားဟှူ အုရိုး၊ နန့်ဟှို ဘုရားသခင်ဟှာ ဒန်ခတ်လေ့မယ်။ ခန်ဗျားဟှာ ကျွန်တော့်ဟှို တရားဥပဒေန စီရင်ဟှို့တွပ် တရားခွမ်မာ ထိုင်နေဘီး ကျွန်တော့်ဟှို ရိုက်ခိုင်းဇာဟှာ ဥပဒေဟှို ခ္လိုးဖော့‑က်ဟှယ်!” ဆိုဘီး သူ့ဟှို ပြောဟှယ်။
4 ပေါလုနားမာ ရပ်နေဟှူ လူလေဟှ “နန်ဟှာ ဘုရားသခင်ရဲ့ ယဇ်ပုရောဟိတ်မန်းဟှို အယ်မျိုးဘဲ့ ပ္လန်ပြောရလော!” ဆိုဘီး သူ့ဟှိုပြောဟှယ်။
5 ပေါလုဟှ “ညီကိုလေ၊ အယ်လူဟှာ ယဇ်ပုရောဟိတ်မန်း ဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော်သိဟှ။ ကျမ်းစာမာ ‘နန့်လူမျိုးရဲ့ လူဂီးမန်းဟှို ကောန်းဘဲကြောန်းဟှို ပြောရဟှ’ ဆိုဘီး ရေးဟှားဟှယ်” ဆိုဘီး ပ္လန်ဖြေလိုက်ဟှယ်။
6 ၂၃.၆ တ ၂၆.၅; ဖိ ၃.၅ အယ်လူလေထဲမာ တဖွဲ့ဟှ ဖာရိရှဲဖြစ်ဘီး တဖွဲ့ဟှ ဇဒ္ဒုကဲလေဖြစ်ဟှယ် ဆိုဇာဟှို ပေါလုဟှ သိဟှားဟှူ ခီမာ “ညီကိုလေ၊ ကျွန်တော့်ဟှာ ဖာရိရှဲဖြစ်ဟှယ်။ ဖာရိရှဲရဲ့ သားလည်းဖြစ်ဟှယ်။ သေဟှားလူလေဟှာ ရှင်ပ္လန်ထမြော့‑က်လေ့မယ် ဆိုဇာဟှို မျှော်လင့်ရှင်းကြောန်းကြောန့် စစ်ဆေးခံနေရဟှယ်” ဆိုဘီး တရားလွှတ်တော်မာ အော်ဟစ်ဘီးပြောဟှယ်။
7 အယ်မျိုး သူပြောလိုက်ဟှူ ခီမာ ဖာရိရှဲလေန ဇဒ္ဒုကဲလေဟှ စဘီး ပြဿနာဖြစ်ဂေ့ဘီးဟှာ အောက်စု နှေ့ခြမ်းကွဲဟှားဟှယ်။ 8 ၂၃.၈ မ ၂၂.၂၃; မာ ၁၂.၁၈; လု ၂၀.၂၇ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဇဒ္ဒုကဲလေဟှ ရှင်ပ္လန်ထမြော့‑က်ဇာ မှေ့ဟှ။ ကောန်းဂန်တမန်လည်း မှေ့ဟှ။ နာမ်ဝိညာဉ်လည်း မှေ့ဟှ ဆိုဘီး ပြောဂေ့ဟှယ်။ အယ်ဘေမဲ့ ဖာရိရှဲလေဟှ အယ်မူသောင်းခုလောင်းရှိဟှယ် ဆိုဘီး ယောင်ကြည်ဂေ့ဟှယ်။ 9 အော်ဟစ်သံဟှာ ပိုက္လယ်လာဘီး ဖာရိရှဲဂိုဏ်းဝမ်ဖြစ်ဟှူ ကျမ်းတတ်ဆရာတချို့ဟှာ ထဘီးဟှာ “အယ်လူမာ ဖြားပြစ်လည်း နို့လေတွိဟှ! ဝိညာဉ်တပါးပါး၊ ကောန်းဂန်တမန် တပါးပါးဟှ သူ့ဟှို ပြောဟှားဇာ ဖြစ်နိုင်ဟှယ်!” ဆိုဘီး ပြင်းပြင်းထန်ထန် ဂြင်းခူဂေ့ဟှယ်။
10 ဂြင်းခူဇာဟှာ ရရာတိုင်း ပြင်းထန်လာဟှူကြောန့် သူးနို့လေဟှာ ပေါလုဟှို ပိုင်းပိုင်းဆွဲဖြတ်လေ့မယ် ဆိုဘီး တပ်မှူးဟှာ စိုးရိမ်ဟှားဟှယ်။ အယ်ကြောန့် စစ်သားလေဟှို ဆင်းခိုင်းလိုက်ဘီး ပေါလုဟှို အယ်လူလေနားဟှနေ ခေါ်ထုလာဘီးဟှာ ရဲတိုက်ထဲဟှို ခေါ်ဆောန်ဟှားဟှို့တွပ် မိန့်ပေးလိုက်ဟှယ်။
11 အယ်ညဉ့်မာဘဲ့ သခင်ဘုရားဟှာ ပေါလုနားမာ ပေါ်လာဘီး “ကြော့‑က်န။ နန်ဟှာ ယေရုရှလင်ဗြို့မာ ငါ့ကြောန်းဟှို သတ်သေခံရဟှူမျိုးဘဲ့ ရောမဗြို့မာလည်း သတ်သေခံ ဟောပြောရအူးမယ်” ဆိုဘီး ပြောဟှယ်။
ပေါလုဟှို သတ်ဟှို့ ကြံစည်ဂေ့ကြောန်း
12 နော့‑က်တနေ့ မိုးလန်းဟှူ ခီမာ ယုဒလူတချို့ဟှာ တွိဂေ့ဘီး ပေါလုဟှို သတ်ရဘဲဟှ ဆိုဟှာ ဖြားလည်းစားဘဲ၊ သော့‑က်ဘဲနေမယ် ဆိုဘီး ဓိဌာန်ပြုဂေ့ဟှယ်။ 13 အယ်မျိုး ကြံစည်ဂေ့ဟှူ လူလေဟှ ယော့‑က်လေးဆယ်ကျော်ရှိဟှယ်။ 14 သူးနို့ဟှာ ယဇ်ပုရောဟိတ်ဂီးလေန သတ်ဂီးဝါဂီးလေနားဟှို သွားဘီး “ကျွန်တော့်လေဟှာ ပေါလုဟှို သတ်ရဘဲဟှ ဆိုဟှာ ဖြားလည်းစားဘဲ၊ သော့‑က်ဘဲနေမယ် ဆိုဘီး ဂဒိသစ်စာပြုဟှားဂေ့ဟှယ်။ 15 အယ်ကြောန့် သခင်လေဟှာ တရားလွှတ်တော် ဖွဲ့ဝမ်လေနတူးဒူ ပေါလုရဲ့မှုဟှို ပိုဘီး ဟှာ တိတိက္လက္လဟှား စစ်ဆေးရှင်ဟှယ် ဆိုဘီး ယောန်ဆောန်ဘီးဟှာ သူ့ဟှို သခင်လေနားဟှို ခေါ်လာဟှို့တွပ် ရောမတပ်မှူးဟှို မြစ်တာရပ်ခံဂေ့ပါ။ ပေါလုဟှာ သခင်လေနားဟှို ရော့‑က်ခန်မာ သူ့ဟှို သတ်ဟှို့တွပ် ကျွန်တော့်လေဟှာ ဆင်သင့်ရှိနေမယ်” ဆိုဘီး လျှော့‑က်ဂေ့ဟှယ်။
16 အယ်ဘေမဲ့ အယ်မျိုး ကြံစည်နေဇာဟှို ပေါလုညီမရဲ့ သားဟှာ ကြားဟှားလေဟှယ်။ အယ်ကြောန့် သူဟှာ ရဲတိုက်ထဲဟှို ဝမ်ဘီးန ပေါလုဟှို သွားပြောဟှယ်။ 17 ပေါလုဟှာ ရာရှိတယော့‑က်ဟှို ခေါ်ဘီးဟှာ “အယ်ကောန်သားဟှို တပ်မှူးနားဟှို ခေါ်ဟှားပေးပါ။ သူ့မာ တပ်မှူးဟှို ပြောဇာတခုရှိဟှယ်” ဆိုဘီး ပြောဟှယ်။ 18 ရာရှိဟှာ အယ်ကောန်သားဟှို တပ်မှူးနားဟှို ခေါ်ဆောန်ဟှားဘီးန “ထောန်သားပေါလုဟှာ ကျွန်တော့်ဟှို ခေါ်ဘီးဟှာ အယ်ကောန်သားဟှို သခင်နားဟှို ပို့ခိုင်းလိုက်ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူ့မာ သခင်ဟှို ပြောဇာတခုရှိဟှယ်” ဆိုဘီး တောန်းလျှော့‑က်လိုက်ဟှယ်။
19 တပ်မှူးဟှာ အယ်ကောန်သားရဲ့ လတ်ဟှို ဆွဲဘီး လူလေမှေ့ဘဲဟှူ နေရာတခုဟှို ခေါ်ဟှားဟှယ်။ အယ်ဘီးန “နန်ဟှ ငါ့ဟှို ဖြားဇာပြောရှင်နူး” ဆိုဘီး မေးဟှယ်။
20 ကောန်သားဟှ “ယုဒအာဏာပိုင်လေဟှာ ပေါလုရဲ့ မှုဟှို ပိုဘီး ဟှာ တိတိက္လက္လဟှား စစ်ဆေးရှင်ဟှယ် ဆိုဘီး ယောန်ဆောန်ဘီးဟှာ သခင်ဟှို နတ်ကီးတန်ဟှာ ပေါလုဟှို တရားလွှတ်တော်ဟှို ခေါ်ဆောန်ဟှားဟှို့တွပ် တောန်းလျှော့‑က်ဂေ့မယ် ဆိုဘီး ဘောတူဟှားဂေ့ဟှယ်။ 21 သူးနို့ရဲ့ စကားလေဟှို လတ်ခံယောင်ကြည်န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေးဆယ်ကျော်ဟှာ ပူးနေဘီး စောန့်နေဂေ့ဟှယ်။ အယ်လူလေဟှာ ပေါလုဟှို သတ်ရဘဲဟှ ဆိုဟှာ ဖြားလည်း စားဘဲ၊ သော့‑က်ဘဲနေမယ် ဆိုဘီး ဓိဌာန်ပြုဂေ့ဟှယ်။ ခုဘဲ့ သူးနို့ဟှာ ပေါလုဟှို သတ်ဟှို့တွပ် ဆင်သင့်ဖြစ်နေဘီး သခင်ရဲ့ ဆောင်းဖြတ်ချစ်ဟှို စောန့်နေဂေ့ဟှယ်” ဆိုဘီး လျှော့‑က်လိုက်ဟှယ်။
22 တပ်မှူးဟှ “နန်ဟှာ အယ်မျိုးငါ့ဟှို လာပြောဟှယ် ဆိုဇာဟှို ဖယ်သူဟှိုလည်း ပြောန” ဆိုဘီး အယ်ကောန်သားဟှို သွားခိုင်းလိုက်ဟှယ်။
ပေါလုဟှို ဗြို့ဝန်မန်းဖေလဇ်နားဟှို ပို့လိုက်ဟှူကြောန်း
23 အယ်ဘီးန တပ်မှူးဟှာ ရာရှိနှေ့ယော့‑က်ဟှို ခေါ်ဘီး “ကဲသရိဗြို့ဟှို သွားဟှို့တွပ် စစ်သား ၂၀၀၊ ဗြင်းတပ်သား ခွန်နစ်ဆယ်န လှံတပ်သား ၂၀၀ ဟှို အယ်ညဉ့်ခန်း ကိုးနာရီမာ ထွပ်ဟှို့တွပ် ဆင်သင့်ဖြစ်နေဂေ့ပါ။ 24 ပေါလုတွပ် ဗြင်းလေဟှိုလည်း ဆင်သင့်ပြင်ဟှားဂေ့။ သူ့ဟှို ဗြို့ဝန်မန်းဖေလဇ်နားဟှို လောင်းလောင်ချောင်းချောင်ဟှား ပို့ဂေ့ပါ” ဆိုဘီး ပြောလိုက်ဟှယ်။ 25 အယ်ဘီးန တပ်မှူးဟှာ စာတစောန်ဟှို ရေးဘီးဟှာ ပေးလိုက်ဟှယ်။
26 အယ်စာမာ “ကလော်ဒိလုသိဟှာ မြတ်ဟှူ ဗြို့ဝန်မန်းဖေလဇ်ဟှို နှောက်ဆစ်လိုက်ပါဟှယ်။ 27 ယုဒလူလေဟှာ အယ်လူဟှို ဖမ်းဘီးဟှာ သတ်ဟှို့ လောက်နေဂေ့ဟှယ်။ သူဟှာ ရောမနိုင်ငံသားဖြစ်ဟှယ် ဆိုဇာဟှို ကျွန်တော့်လေဟှာ သိရဟှူကြောန့် ကျွန်တော့်ရဲ့ စစ်သားလေနတူးဒူ သွားဘီးဟှာ သူ့ဟှို ကယ်တန်လာရဟှယ်။ 28 ယုဒလူလေဟှာ ဖြားပြစ်မှုန စွပ်စွဲဂေ့ဟှယ် ဆိုဇာဟှို သိရှင်ဟှူကြောန့် သူးနို့လေရဲ့ တရားလွှတ်တော်ဟှို ခေါ်ဆောန်ဟှားဟှယ်။ 29 သူဟှာ သူးနို့ရဲ့ ပညတ်တရားနဆိုင်ဟှူ ပြဿနာလေတွပ် စွပ်စွဲခံရဟှယ်။ သူ့မာ သေဒန်ခံထိုက်ဟှူပြစ်၊ တောက်နှောန်ခံထိုက်ဟှူပြစ် တခုလည်း မှေ့ဟှ ဆိုဇာဟှို ကျွန်တော်တွိဗြင်ရဟှယ်။ 30 ယုဒလူလေဟှာ သူ့ဟှို လောက်ကြံဟှို့တွပ် ကြံစည်နေဟှယ် ဆိုဇာဟှို သိရဟှူ ခီမာ ကျွန်တော်ဟှာ သခင်နားဟှို သူ့ဟှို ရှစ်ရှင်း စေလွှတ်လိုက်ဟှယ်။ စွပ်စွဲမားလေဟှိုလည်း သူ့ဟှို စွပ်စွဲဟှားဇာလေဟှို သခင့်ရှေ့မာ လျှော့‑က်ဂေ့ဟှို့ ညွန်ကြားလိုက်ဟှယ်။ သခင် ကျန်းမာပါစေ” ဆိုဘီး ပါရှိဟှယ်။
31 စစ်သားလေဟှာ တပ်မှူးရဲ့ မိန့်တိုင်း လောက်ဂေ့ဟှယ်။ သူးနို့ဟှာ ပေါလုဟှို ခေါ်ဘီး အယ်ညဉ့်ခန်းမာဘဲ့ အန္တိပတရိဗြို့ထိ ပို့ဆောန်ဂေ့ဟှယ်။ 32 နော့‑က်တနေ့မာ ခေဂျင်စစ်သားလေဟှာ ရဲတိုက်ဟှို ပ္လန်လာဂေ့ဟှယ်။ ဗြင်းတပ်သားလေဟှာ ပေါလုနတူးဒူ ဆစ်ဘီးဟှာ ခရီးသွားဂေ့ဟှယ်။ 33 ဗြင်းတပ်သားလေဟှာ ကဲသရိဗြို့ဟှို ရော့‑က်ဟှူ ခီမာ တပ်မှူးရဲ့ စာဟှို ဗြို့ဝန်မန်းဟှို ပေးဘီး ပေါလုဟှို သူ့လတ်ထဲဟှို အပ်လိုက်ဟှယ်။ 34 ဗြို့ဝန်မန်းဟှာ စာဟှိုဖတ်ဘီးန “နန်ဟှာ ဖယ်ပြည်သားဖြစ်နူး” ဆိုဘီး ပေါလုဟှို မေးဟှယ်။ ပေါလုဟှာ ကိလိကိပြည်သား ဖြစ်ဟှယ် ဆိုဇာဟှို သိဟှူ ခီမာ 35 ဗြို့ဝန်မန်းဟှ “အယ်နေရာမာ နန့်ဟှို စွပ်စွဲမားလေ ရော့‑က်လာဂေ့ဟှူ ခီမာ နန့်မှုဟှို ငါစစ်ဆေးမယ်” ဆိုဘီး ပြောဟှယ်။ အယ်ဘီးန ပေါလုဟှို ဟေရုဒ်ရဲ့ နန်းတော်မာ စောန့်လေန ထားဟှို့တွပ် ပြောလိုက်ဟှယ်။