3
1 အယ်မျိုးဖြစ်ကြောန့် နန်းနို့လေဟှာ ခရစ်တော်နတူးဒူ ထမြော့‑က်ဂေ့ဟှယ် ဆိုဟှာ ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်တော်မူဟှူ ခရစ်တော်ရှိဟှူနေရာ ထတ်ရပ်မာရှိဟှူဇာလေဟှို ရှာဂေ့ပါ။ 2 လောကမာ ရှိဟှူရာလေဟှို စိစွဲလန်းဘဲန ထတ်ရပ်မာ ရှိဟှူရာလေဟှိုဘဲ့ စိစွဲလန်းဂေ့ပါ။ 3 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ သေဘီးဟှူသူလေ ဖြစ်ဟှူကြောန့် နန်းနို့သတ်ဟှာ ခရစ်တော်နတူးဒူ ဘုရားသခင်နှိုက် ဝှပ်ဟှားဟှူကြောန့် ဖြစ်ဟှယ်။ 4 နန်းနို့ရဲ့ သတ်ဖြစ်ဟှူ ခရစ်တော်ဟှာ ထန်ရှားတော်မူဟှူ ခီမာ နန်းနို့လေလည်း အယ်သခင်နတူးဒူ ဖောင်းကီးဘီး ထန်ရှားလာလေ့မယ်။
ဘဝဟောန်းန ဘဝသစ်ကြောန်း
5 အယ်ကြောန့် ကာမဂေါင်လိုက်စားရှင်းလေ၊ ကိလေသာ ပူပန်ရှင်းလေ၊ ညစ်ညူးရှင်းလေ၊ ရောက်ထုဟှို ကိုးကွယ်ရှင်းဖြစ်ဟှူ လောဘလွန်ကျူးရှင်းလေဟှို မ္လေဂီးထတ်မာရှိဟှူ နန်းနို့ရဲ့ ကိုယ်အင်္ဂါလေဟှို သေစေဂေ့ပါ။ 6 အယ်မာမျိုးလေကြောန့် ဘုရားသခင်ရဲ့ မျစ်တော်ဟှာ ငြင်းဆန်ဟှူ သူလေထတ်ဟှို*၃.၆ တချို့ မူရင်းလတ်ရေးမူလေမာ ငြင်းဆန်ဟှူ သူလေထတ်ဟှို၊ ဆိုဘီး မှေ့ဟှ။ သတ်ရော့‑က်လေဟှယ်။ 7 စဟှ နန်းနို့လေလည်း အယ်သူလေန ပေါန်းဖော်ဒူးဟှ အယ်မူမှုရာလေအားဖြင့် ကျင်လည်သတ်ရှင်ဂေ့ဟှယ်။
8 အယ်ဘေမဲ့လည်း ခုခီမာ နန်းနို့လေဟှာ မျစ်ထွပ်ရှင်းလေ၊ စိဆိုးရှင်းလေ၊ မူးတီးရှင်းလေ၊ သူများရဲ့ အသရေဖျစ်ရှင်းလေ၊ ညစ်ညူးဟှူစကား ပြောဆိုရှင်းလေဟှို နန်းနို့လေရဲ့ နှောက်ဟှနေဘီး ဖယ်ရှားဂေ့ပါ။ 9 ၃.၉ ဧ ၄.၂၂ယော့‑က်ဟှိုယော့‑က် မုသာသောင်းဂေ့န။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ လူဟောန်းရဲ့ကျင့်လေန လူဟောန်းရဲ့ကိုယ်ဟှို ခလွတ်ပယ်ဘီးဟှာ၊ 10 ၃.၁၀ ဧ ၄.၂၄ဖန်ဆင်းတော်မူဟှူသူရဲ့ ပေါင်သဏ္ဌာန်တော်နညီ မှန်ဟှူသိပညာအားဖြင့် သစ်ပြုပြင်ဟှူ လူသစ်ဟှို ယူတန်ဝတ်ဆောန်ဟှူသူလေ ဖြစ်ဂေ့လေဟှယ်။ 11 အယ်မူ ဖန်ဆင်းတော်မူဟှူထဲမာ လူမျိုးခြားမှေ့ဟှ၊ ယုဒလူမှေ့ဟှ၊ ရေဖျားလှီးဟှားသူန လှီးဟှားဘဲဟှူသူမှေ့ဟှ၊ ယဉ်ကျေးဘဲဟှူသူမှေ့ဟှ၊ လူရိုင်းမှေ့ဟှ၊ ကျွန်မှေ့ဟှ၊ ကျွန်မှုဘဲဟှူလူမှေ့ဟှ၊ ခရစ်တော်ဟှာ လောင်းဇောင်ထဲဟှ လောင်းဇောင် ဖြစ်တော်မူလေဟှယ်။
12 ၃.၁၂,၁၃ ဧ ၄.၂အယ်ကြောန့် နန်းနို့လေဟှာ ဘုရားသခင် ဝီးကော့‑က်ဟှူသူ၊ သန့်ရှင်းဟှူသူ၊ ရှစ်အပ်ဟှူ သူမျိုးဘဲ့ သနားစောင်မတ်ရှင်း၊ ကျေးဇူးပြုရှင်း၊ စိနှိခ္လရှင်း၊ နူးညံ့သီမွိရှင်း၊ စိရှယ်ရှင်းလေဟှို ဝတ်ဆင်ဂေ့ပါ။ 13 ၃.၁၃ ဧ ၄.၃၂ရှင်းရှင်းလေရဲ့ပြစ်ဟှို သီးခံဘီး ယော့‑က်နယော့‑က် ပြစ်တန်ဇာရှိဟှယ် ဆိုဟှာ သခင်ဘုရားဟှာ နန်းနို့လေရဲ့ပြစ်ဟှို ခွမ့်လွှတ်ဟှူမျိုး နန်းနို့လေလည်း ရှင်းရှင်း ခွမ့်လွှတ်ဂေ့ပါ။ 14 အယ်မူဇာဂူလောင်းထတ်မာ စောင်လင်ဟှူ ဖွဲ့စည်းဖြစ်ဟှူ ရှစ်ရှင်းမြစ်တာဟှို ထပ်ဘီးဟှာ ယူတန်ဝတ်ဆောန်ဂေ့ပါ။ 15 နန်းနို့လေရဲ့ စိနှလောင်းထဲမာ ခရစ်တော်ရဲ့ ငြီသတ်ရှင်း အောက်စိုးစေ။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ အယ်မူငြီသတ်ရှင်း ခံစားရဟှို့တွပ် ကိုယ်ခန္ဓာ တခုဒဲထဲဟှို ခေါ်ဟှားတော်မူရှင်းဟှို ခံရဟှူကြောန့် ကျေးဇူးသိတတ်ဟှူ စိရှိဂေ့ပါ။ 16 ၃.၁၆,၁၇ ဧ ၅.၁၉,၂၀ခရစ်တော်ရဲ့ စကားတော်ဟှာ ပညာဘောန်းဇောင်န နန်းနို့ထဲမာ ကြွယ်ဝဘီး တည်နေဟှူကြောန့် နန်းနို့လေဟှာ ဆာလံချင်းဟှနေစဘီး ဓမ္မချင်း၊ ဝိညာဉ်ရေးရာ ချင်းဘောန်းဇောင်အားဖြင့် ရှင်းရှင်းလေဟှို ဒိပေးဆောင်းမ သွန်သန်ဘီး နူးညွတ်ဟှူ စိနှလောင်းန ဘုရားသခင် ရှေ့တော်မာ တင့်တယ်လျောက်ပတ်အောန် ချီးမွမ်းဂေ့ပါ။ 17 စကားပြောရှင်းဖြစ်စေ၊ မှုဆောန်ရွက်ရှင်းဖြစ်စေ သခင်ယေရှုရဲ့ နာမတော်ဟှို ထော့‑က်ဘီး ရှိမျှဂူလောင်းဟှို လောက်ဘီးဟှာ ကျေးဇူးတော် ကီးလှပါဟှယ် ဆိုဘီး အယ်သခင်ဟှို မှီပြုဘီးဟှာ ဖဘုရားသခင်ရှေ့မာ ကျေးဇူးတော်ဟှို ချီးမွမ်းဂေ့ပါ။
ခရစ်ယာန်မိသားစုရဲ့ တာဝန်ကြောန်း
18 ၃.၁၈ ဧ ၅.၂၂; ၁ ပေ ၃.၁မယားဖြစ်ဟှူသူလေ၊ သခင်ဘုရားနှိုက် လျောက်ပတ်ဟှူတိုင်း ကိုယ့်လန်ရဲ့ အောက်စိုးမှုဟှို ဝန်ခံဂေ့ပါ။
19 ၃.၁၉ ဧ ၅.၂၅; ၁ ပေ ၃.၇လန်ယော့‑က်ကျားလေ၊ ကိုယ့်ရဲ့မယားဟှို ရှစ်ဂေ့ပါ။ ကြမ်းကြမ်းထန်းထန်း လောက်ဂေ့န။
20 ၃.၂၀ ဧ ၆.၁သားမီးလေ၊ မိဖစကားဟှို ရာရာမာ နားထောန်ဂေ့ပါ။ မိဖစကားဟှို နားထောန်ဟှူဇာဟှာ သခင်ဘုရား နှစ်သက်တော်မူဟှူဇာ ဖြစ်ဟှယ်။
21 ၃.၂၁ ဧ ၆.၄မိဖလေ၊ ကိုယ့်သားမီးလေဟှို စိဆိုးအောန် ပြုဂေ့န။ အယ်မျိုးပြုဟှယ် ဆိုဟှာ သူးနို့လေဟှာ အားလျော့စိပျစ်ဂေ့လေ့မယ်။
22 ၃.၂၂–၂၅ ဧ ၆.၅–၈စေခံဟှူကျွန်လေ၊ နန်းနို့လေရဲ့ လောကီသခင်လေဟှို ရာရာမာ နာခံဂေ့ပါ။ မျစ်နှာလိုမျစ်နှာရ လောက်ဟှူသူလေမျိုး မျစ်မှော့‑က်မာဘဲ့ လောက်ဆောန်ရှင်းမျိုးမှုဘဲန သခင်ဘုရားဟှို ကြော့‑က်ရွံ့ဘီး ရိုးသားဟှူ စိနှလောင်းအားဖြင့် နာခံဂေ့ပါ။ 23 လူလေရဲ့မှုဟှိုဘဲ့ လောက်ဆောန်ဟှူမျိုးမှုဘဲန သခင်ဘုရားရဲ့မှုတော်ဟှို လောက်ဆောန်ဟှူမျိုး ရာရာဟှို စေတနာစိန လောက်ဂေ့ပါ။ 24 နန်းနို့လေဟှာ သခင်ခရစ်တော်ရဲ့ စေခံဟှူသူလေဖြစ်ဟှူကြောန့် မွီတော်ဖြစ်ဟှူ ကျိုးဟှို အယ်သခင်ဘုရားရဲ့ လတ်တော်ဟှ ခံရဂေ့လေ့မယ် ဆိုဘီး သိမှတ်ဂေ့ပါ။ 25 ၃.၂၅ ဧ ၆.၉တရားဘဲဟှူမှုဟှို ပြုဟှူသူဟှာ ကိုယ်ပြုဟှူမှုရဲ့ ကျိုးပြစ်ဟှို ခံရလေ့မယ်။ ဖယ်သူ့ဟှိုလည်း မျစ်နှာလိုက်တော်မူဟှ။