ဂလာတိ
ဂလာတိ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ
နိဒါန်း
ဂလာတိ သင်းတော်ဟှို ပေါလုရဲ့ ပေးစာ ဟှို တမန်တော်ပေါလုဟှ ရေးဟှားဟှယ် (၁.၁)။ အယ်ပေးစာဟှို ခရစ်တော် မွီးဘီးန ၄၈—၅၇ ခုနှစ်ကြားမာ ပေါလုဟှာ ဂလာတိ သင်းတော်လေဟှို ရေးဟှားဟှယ်။ ဂလာတိ လူလေဟှာ ရောမပြည်ရဲ့ ဂလာတိဗြို့မာ နေဂေ့ဟှယ် ဆိုဘီး ယူဆဂေ့ဟှယ်။ ပေါလုဟှာ အယ်ပေးစာဟှို ဖယ်နေရာဟှနေ ရေးဟှားဟှယ် ဆိုဇာဟှို ကျမ်းစာပညာရှင်လေ သိဂေ့ဟှ။ အယ်ဘေမဲ့ ကောရိန့်ဗြို့န ဧဖက်ဗြို့ဟှနေ ရေးဟှားဟှယ် ဆိုဘီး သူးနို့ဟှ ခန့်မှန်းဂေ့ဟှယ်။
ပေါလုဟှာ ဂလာတိဗြို့ဟှ သင်းတော်လေမာရှိဟှူ ယုဒလူမျိုး ခရစ်ယာန်လေန ယုဒလူမျိုးမှုဘဲဟှူ ခရစ်ယာန်လေနားဟှို ရေးဟှားဟှယ်။ သူဟှာ ဓမ္မဟောန်းကျမ်းထဲဟှ ယုဒလူမျိုးလေရဲ့ ပညတ်တရားတိုင်း ယုဒလူမျိုး ခရစ်ယာန်လေလည်း ရေဖျားလှီးဟှို့ လိုအပ်ဟှယ် ဆိုဘီး မှားယွင်းဟှူ သွန်သန်ဇာဟှို ဆန်ကျင့်ဟှို့ ရေးဟှားဟှယ်။ အယ်နေရာမာ ယုဒလူမျိုး ခရစ်ယာန်လေဟှ ယုဒလူမျိုးမှုဘဲဟှူ ခရစ်ယာန်လေဟှို ရေဖျားလှီးရမယ် ဆိုဘီး တောန်းဆိုနေဂေ့ဟှယ်။ သူးနို့ဟှာ ပေါလုရဲ့ တမန်တော် ခွမ့်အာဏာဟှိုလည်း မေးခွန်းထုဟှားဟှယ်။ ပေါလုဟှာ ဖြစ်ပျစ်တချို့ဟှို ပြောပြဘီး သူ့ရဲ့ တမန်တော် ခွမ့်အာဏာဟှို ခုခံဖြေရှင်းဟှားဟှယ် (၁.၁၁—၂.၁၄)။ သူဟှာ ယေရှုခရစ်ဟှို ယောင်ကြည်ဇာအားဖြင့်ဘဲ့ ကယ်တန်ခံရမယ် ဆိုဘီး ရှင်းပြဇာအားဖြင့် ဒန်းကောန်းဟှို ခုခံဖြေရှင်းဟှားဟှယ် (၂.၁၆)။ အယ်မျိုးဖြစ်လာဇာဟှာ လူလေရဲ့ လုပ်ဆောန်ဇာကြောန့်မှုဘဲ ဘုရားသခင်ရဲ့ ကရုဏာကြောန့် ဖြစ်ဟှယ်။
ကြောန်းရာ ကျဉ်းချောက်
၁။ ပေါလုဟှာ ဂလာတိဗြို့ဟှ သင်းတော်လေဟှို နှော့‑က်ဆစ်ဇာန နိဒါန်းပျိုးဟှားဟှူကြောန်း (၁.၁–၅)
၂။ ပေါလုဟှာ သူ့ရဲ့ မှန်ဟှူ သွန်သန်ဇာဟှ ခုခံဖြေရှင်းဟှို့တွပ် သူ့ရဲ့ နော့‑က်ကြောန်း ရာဇဝင်န ပညတ်တရားထဲမာ သတ်ရှင်ဟှို့ ကြိုးစာဘေမဲ့ ကြိုးစားနိုင်ဟှ ဆိုဘီး ရှင်းပြဟှားဟှူကြောန်း (၁.၆—၂.၂၁)
၃။ သူဟှာ ပညတ်တရားကြောန်းန ကယ်တန်ဇာန ဆိုင်ဟှူ ကျေးဇူးတော်ကြောန်းဟှို နော့‑က်ထပ် ရှင်းပြဟှူကြောန်း (၃.၁—၄.၃၁)
၄။ သူဟှာ ကောန်းဟှူခရစ်ယာန် သတ်ရှင်ပေါင်ဇံတွပ် ညွန်ကြားချစ်လေ တချို့ဟှို ပေးဟှားဟှူကြောန်း (၅.၁—၆.၁၀)
၅။ ပေါလုဟှာ ဘုရားသခင်အားဖြင့် လူသစ်ဖြစ်ပ္လောန်းလဲဇာဟှ ပြင်ပလတ်ခဏာဖြစ်ဟှူ ရေဖျားလှီးဇာထတ် ပိုဘီး ရေးကီးကြောန်းဟှို အော့‑က်မေ့ဟှို့ တောန်းဆိုဟှားဘီး အယ်ပေးစာဟှို နှောက်ဆစ်ဇာန နိဂေါင်းချောက်ဟှားဟှူကြောန်း (၆.၁၁–၁၈)
1
ငါပေါလုဟှာ လူတယော့‑က်အားဖြင့်လည်းမှု၊ လူလေအားဖြင့်လည်းမှုဘဲန ယေရှုခရစ်တော်ရဲ့ ခွမ့်အားဖြင့်နရော၊ အယ်သခင်ဟှို သေရာဟှနေ ပ္လန်ရှင်စေဟှူ ဖဘုရားသခင်ရဲ့ ခွမ့်အားဖြင့်နရော တမန်တော်ရာဟှို ပေးအပ်ခံရသူဖြစ်ဟှယ်။ ငါ့နတူးဒူရှိနေဟှူ ယောင်ကြည်သူလေ အားလောင်းဟှာ၊
ဂလာတိပြည်မာရှိဟှူ သင်းတော်လေဟှို နှောက်ဆစ်လိုက်ပါဟှယ်၊
နို့လေရဲ့ဖဖြစ်ဟှူ ဘုရားသခင်န သခင်ယေရှု ခရစ်တော် ထံတော်ဟှနေ ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့မာရှိပါစေ၊
နို့လေရဲ့ဖ ဘုရားသခင်ရဲ့ လိုတော်ဟှို နားထောန်ဘီး ခရစ်တော်ဟှာ နို့လေဟှို အယ်မူဆိုးရောက်ဟှူ ပစ္စုပ္ပန်ဘဝဟှ ကယ်တန်နိုင်ဟှို့ နို့လေရဲ့ ပြစ်လေတွပ် ကိုယ့်ကိုယ်ကိုယ် ပေးအပ်တော်မူဟှယ်။ အယ်ဘုရားသခင်ဟှာ ကမ္ဘာဆစ်ဆစ် ဖောင်းကီးတော်မူပါစေ။ အာမင်။
တခုဒဲရှိဟှူ ဧဝံဂေလိတရား
ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့်*၁.၆ ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့်၊ တချို့ မူရင်းလတ်ရေးမူလေမာ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့်၊ ဆိုဘီး ပါရှိဟှယ်။ နန်းနို့ဟှို ခေါ်တော်မူဟှူသူဟှို အယ်မျိုးဗြန်းဗြန် စွန့်ဘီးဟှာ တခြားဧဝံဂေလိတရားဟှို လတ်ခံလိုက်ဟှူကြောန့် ငါရရာတိုင်း အံ့ဩဟှယ်! မှန်ဆိုဟှာ “တခြား ဧဝံဂေလိတရား” ဆိုဇာမှေ့ဟှ။ ဖြားဖြစ်ကြောန့် ငါအယ်မျိုးပြောရနူးဆိုဇာဟှ နန်းနို့ဟှို ရှုတ်ထွေးအောန်လောက်ဘီး ခရစ်တော်ရဲ့ ဧဝံဂေလိတရားဟှို မှော့‑က်လှန်ရှင်ဟှူလူတချို့ ရှိနေကြောန့်ဖြစ်ဟှယ်။ နို့လေဖြစ်ဖြစ်၊ ကောန်းဂန်ဘောင်ဟှနေလာဟှူ ကောန်းဂန်တမန်ဖြစ်ဖြစ် နန်းနို့ဟှို နို့လေဟောပြောဟှားဟှူ ဒန်းကောန်းန တူဘဲဟှူ ဒန်းကောန်းဟှို ဟောပြောမယ် ဆိုဟှာ ဟောပြောဟှူသူဟှာ ဘုရားသခင်ရဲ့ ကီရှင်းဟှို ခံရစေ! နန်းနို့ခံယူဟှားဟှူ ဒန်းကောန်းနတူဘဲဟှူ ဒန်းကောန်းဟှို ဟောပြောမားဟှာ ဘုရားသခင်ရဲ့ ကီရှင်းဟှို ခံရစေ ဆိုဘီး နို့လေပြောဟှားဟှူတိုင်းဘဲ့ ခု ငါထပ်ဘီး ပြောဟှယ်။
10 ခု ငါဟှာ လူလေရဲ့ ထော့‑က်ခံမှုဟှို လိုက်ဇာလော။ ဘုရားသခင်ရဲ့ ထော့‑က်ခံမှုဟှို လိုက်ဇာလော။ ငါဟှာ လူလေကျေနပ်ဟှို့တွပ်ဘဲ့ စည်းရောင်းနေမယ် ဆိုဟှာ ငါဟှာ ခရစ်တော်ရဲ့ စေခံဖြစ်ဟှို့မှုဟှ။
ပေါလု တမန်တော်ဖြစ်လာကြောန်း
11 ယောင်ကြည်သူလေ၊ နန်းနို့ဟှို ငါဟောပြောဟှူဒန်းကောန်းဟှာ လူလေတီထွမ်ဟှားဟှူ ဒန်းကောန်းမှုဟှ ဆိုဇာဟှို နန်းနို့ဟှို ငါသိစေရှင်ဟှယ်။ 12 အယ်ဒန်းကောန်းဟှို ငါဟှာ ဖယ်သူ့ထံဟှလည်း လတ်ခံဟှားဇာမှုဟှ။ ဖယ်သူဟှလည်း ငါ့ဟှို သန်ပေးဟှားဇာမှုဟှ။ အယ်ဒန်းကောန်းဟှို ယေရှုခရစ်တော်ထံဟှနေ ဖွမ့်ပြမှုအားဖြင့် ငါလတ်ခံရရှိဇာဖြစ်ဟှယ်။
13 ၁.၁၃ တ ၈.၃; ၂၂.၄,၅; ၂၆.၉–၁၁ရင်ဟှ ယုဒဘာသာထဲမာ ငါ့ရဲ့ သတ်ရှင်မှု နည်းလမ်းဟှို နန်းနို့ကြားဟှားပီးဘီ။ ငါဟှာ ဘုရားသခင်ရဲ့ သင်းတော်ဟှို ရရာတိုင်း ညှဉ်းဆဲဘီးဟှာ သင်းတော်ဟှို ဖျစ်ဆီးဟှို့ ကြိုးစားဟှားဟှယ်။ 14 ၁.၁၄ တ ၂၂.၃ငါ့ဘိုးဘေးလေရဲ့ ထောင်းဒမ်းစဉ်လာလေဟှို ရရာတိုင်း စိအားထတ်သန်ဘီး ငါ့နရွယ်ဒူ ယုဒလူမျိုးလေထတ် ငါဟှာ ယုဒဘာသာထဲမာ ပိုဘီး ကျင်လည်ဟှယ်။
15 ၁.၁၅,၁၆ တ ၉.၃–၆; ၂၂.၆–၁၀; ၂၆.၁၃–၁၈အယ်ဘေမဲ့ ငါမွီးခန်ဂဒဲဟှ ဘုရားသခင်ဟှာ ကျေးဇူးတော်အားဖြင့် ငါ့ဟှို ခေါ်တော်မူဟှားဘီး မှုတော်ဆောန်ဟှို့ ဝီးကော့‑က်ဟှားဟှယ်။ အယ်ဘီးဟှာ 16 လူမျိုးခြားလေဟှို သားတော်ရဲ့ ဒန်းကောန်းဟှို ဟောပြောဟှို့ ကိုယ်တော်ရဲ့ လိုတော်တိုင်း သားတော်ဟှို ငါ့ဟှို ပြတော်မူဟှူ ခီမာ ငါဟှာ သွီးသားတော်စပ်ဟှူသူ ဖယ်သူနလည်း တိုင်ဗန်ဇာဟှို လောက်ဘဲန 17 ငါ့ထတ်စောဟှူ တမန်တော်လေန တွိဟှို့ ယေရုရှလင်ဗြို့ဟှိုလည်း သွားဘဲန ရှင်းရှင်းဘဲ့ အာရေဗျပြည်ဟှို သွားဘီး ဒမာသက်ဗြို့ဟှို ပ္လန်ဟှားလိုက်ဟှယ်။ 18 ၁.၁၈ တ ၉.၂၆–၃၀သောင်းနှစ်ကြာဘီးန ငါဟှာ ပေတရုဟှို တွိဟှို့ ဆိုဘီး ယေရုရှလင်ဗြို့ဟှို တတ်ဟှားဘီးဟှာ သူ့နတူးဒူ ဆယ့်ငါးရစ် နေဟှားဟှယ်။ 19 ငါဟှာ သခင်ဘုရားရဲ့ညီ ယာကုပ်ဟှလွဲဘီး တခြားတမန်တော်လေဟှို တွိဟှ။၁.၁၉ ယာကုပ်ဟှလွဲဘီး တခြားတမန်တော်လေဟှို တွိဟှ၊ အယ်မျိုးမှုဘဲနေဟှာ ယာကုပ်တယော့‑က်ဘဲ့ ငါတွိရဘီး တခြားတမန်တော်လေဟှို တွိရဟှ။
20 ငါရေးလိုက်ဇာလေဟှာ တကယ် ဖြစ်ဟှယ်။ ငါဟှာ လီညာနေဇာမှုဟှ ဆိုဇာဟှို ဘုရားသခင် သိတော်မူဟှယ်။
21 အယ်ဘီးန ငါဟှာ ရှုရိပြည်န ကိလိကိပြည်လေဟှို သွားလိုက်ဟှယ်။ 22 အယ်ခီဒူးဟှ ယုဒပြည်မာရှိဟှူ သင်းတော်လေရဲ့ သင်းဝမ်သူလေဟှာ ငါန ရရာတိုင်း ရင်းနှီးကျွမ်းဝမ်မှု မှေ့သေးဟှ။ 23 “နို့လေဟှို ညှဉ်းဆဲဖူးဟှူ အယ်လူဟှာ ရင်းရင်ဒူးဟှ ဖျစ်ဆီးဟှို့ ကြိုးစားဟှားဟှူ ယောင်ကြည်မှု တရားဟှို ခု ဟောပြောနေဟှယ်” ဆိုဘီး သူးနို့ဟှာ တခြားလူလေ ပြောနေဇာဟှိုဘဲ့ ကြားဟှားဂေ့ဟှယ်။ 24 အယ်ကြောန့် သူးနို့ဟှာ ငါ့ကြောန့် ဘုရားသခင်ဟှို ချီးမွမ်းဂေ့ဟှယ်။

*1:6 ၁.၆ ခရစ်တော်ရဲ့ ကျေးဇူးတော်အားဖြင့်၊ တချို့ မူရင်းလတ်ရေးမူလေမာ ကိုယ်တော်ရဲ့ ကျေးဇူးတော်အားဖြင့်၊ ဆိုဘီး ပါရှိဟှယ်။

1:13 ၁.၁၃ တ ၈.၃; ၂၂.၄,၅; ၂၆.၉–၁၁

1:14 ၁.၁၄ တ ၂၂.၃

1:15 ၁.၁၅,၁၆ တ ၉.၃–၆; ၂၂.၆–၁၀; ၂၆.၁၃–၁၈

1:18 ၁.၁၈ တ ၉.၂၆–၃၀

1:19 ၁.၁၉ ယာကုပ်ဟှလွဲဘီး တခြားတမန်တော်လေဟှို တွိဟှ၊ အယ်မျိုးမှုဘဲနေဟှာ ယာကုပ်တယော့‑က်ဘဲ့ ငါတွိရဘီး တခြားတမန်တော်လေဟှို တွိရဟှ။