ဟေဗြဲ
ဟေဗြဲ ခရစ်ယာန်လေဟှို ပေးစာ
နိဒါန်း
ဟေဗြဲ ခရစ်ယာန်လေဟှို ပေးစာ ဟှာ ခွန်အားပေးဟှားဟှူ ပေးစာတစောန်ဖြစ်ဘီး အယ်ပေးစာဟှာ ဓမ္မဟောန်းကျမ်းရဲ့ ပရောဖက်ပြုချစ်လေ ဘောင်ဂီးဟှာ ယေရှုအားဖြင့် ပ္လဲ့ဇောင်ဟှားဘီး ဆိုဇာဟှို ဖော်ပြဟှားဟှယ်။ ဟေဗြဲခရစ်ယာန်လေရဲ့ စာစောန်ထဲမာ ဓမ္မဟောန်းကျမ်းဟှို ညွှန်းဟှားဟှူ ကျမ်းပိုဒ်ပေါန်း ၆၀ ကျော်ရှိဘီး အယ်ကျမ်းပိုဒ်လေဟှ ပရောဖက်ပြုချစ်န ယုဒလူမျိုး ယဇ်ပုရောဟိတ်မန်းရဲ့ တာဝန်လေဟှာ ယေရှုအားဖြင့် ပ္လဲ့ဇောင်ဟှားဘီး ဆိုဇာဟှို ရှင်းရှင်းလန်းလန်း ဖော်ပြဟှားလေဟှယ်။ အယ်မူ ကြောန်းရာလေကြောန့် အယ်စာစောန်ဟှာ ယုဒလူမျိုး ခရစ်ယာန်လေဟှို ခွန်အားပေးဟှားဇာ ဖြစ်ဟှယ် ဆိုဇာဟှာ ဓိပါယ် ထန်ရှားနေလေဟှယ်။ ဟေဗြဲစာစောန်ဟှ ပညတ်တရားဟှာ ယေရှုအားဖြင့် ပ္လဲ့ဇောင်ဟှားဘီ။ အယ်ကြောန့် ယဇ်ပုရောဟိတ်လေဟှာ နော့‑က်တခါ ယဇ်ပူဇော်ဇာ လိုဟှမ်း ဆိုဘီး ဖော်ပြဟှယ်။ ယေရှုဟှာ ပြစ်ဂူလောင်းတွပ် တခါဒဲန ကာလပတ်လောင်းတွပ် ပူဇော်ပေးဟှူ ယဇ်ကောန်ဖြစ်ဟှယ်။ ဘုရားသခင်ဟှို အားကိုးနိုင်အောန် ကျွန်တော့်ဟှားလေတွပ် လောက်ဆောန်ပေးဟှူ ယေရှုခရစ်တော် နော့‑က်ဟှိုလိုက်ဟှို့န ကိုယ်တော့်ဟှို အားကိုးဟှို့တွပ် ကျွန်တော့်ဟှားလေ ခေတ်မာရှိဟှူ ခရစ်ယာန်လေဟှို ခွန်အားပေးဟှားဇာလေဟှိုလည်း ဟေဗြဲခရစ်ယာန်လေဟှို ပေးစာထဲမာ တွိနိုင်ဟှယ် (၁၂.၂)။
ဟေဗြဲပေးစာဟှို ဖယ်လူရေးဟှယ် ဆိုဇာဟှို ဖယ်လူလည်း သိဂေ့ဟှ။ အယ်ဘေမဲ့ ကျမ်းစာပညာရှင်လေဟှ တမန်တော် ပေါလု၊ လုကာ အယ်မျိုးမှုဘဲနေဟှာ ဗာနဗ ဆိုဘီး ကြံပြုဂေ့ဟှယ်။ ရေးသားဟှားဟှူ နေ့ရစ်ဟှိုလည်း သိဂေ့ဟှ။ အယ်ဘေမဲ့ အယ်ပေးစာဟှို ခရစ်တော် မွီးဖွားဘီးန ၇၀ ခုနှစ်တိုင်ခန်ဟှ ရေးဟှားဟှယ် ဆိုဘီး များစုဟှ ယောင်ကြည်ဂေ့ဟှယ်။ အေဒီ ၇၀ ခုနှစ်မာ ယေရုရှလင်ဗြို့ဟှာ ဖျစ်ဆီးခံရဟှယ်။ အယ်ဘေမဲ့ အယ်ပေးစာဟှို ရေးဟှူစာရေးသူဟှ ယေရုရှလင်ဗြို့ဟှာ ဖျစ်ဆီးခံရသေးဟှမျိုး ပြောဟှားလေဟှယ်။ ဟေဗြဲပေးစာဟှာ ရောမဗြို့မာ ရေးဟှားဘီး (၁၃.၂၄) သင်းတော်လေ ဘောင်ဂီးကြားထဲမာ ပ္လံ့နှံ့ဟှားဟှယ်။
ကြောန်းရာ ကျဉ်းချောက်
၁။ စာရေးသူဟှ ယေရှုဟှာ ဘုရားသခင်ရဲ့ ပရောဖက်လေန ကောန်းဂန်တမန်လေထဲမာ ဗြင့်ဆောင်းဖြစ်ဟှယ် ဆိုဘီး ဖော်ပြဟှားဟှူကြောန်း (၁.၁—၄.၁၃)
၂။ အယ်ဘီးန သူဟှ ယေရှုဟှာ ယေရုရှလင်ဗြို့မာရှိဟှူ ဘုရားသခင်ရဲ့ ဗိမာန်တော်ထဲဟှ မှုဆောန်ဖြစ်ဟှူ ယဇ်ပုရောဟိတ်လေထဲမာ ဗြင့်ဆောင်းဖြစ်ဟှယ် ဆိုဘီး ထပ်ဆစ်ဖော်ပြဟှားဟှူကြောန်း (၄.၁၄—၇.၂၈)
၃။ ယေရှုရဲ့ မှုတော်မြတ်ဟှာလည်း မောရှေဟှို ပေးဟှားဟှူ ပညတ်တရားအားဖြင့် ကိုယ်တော်ရဲ့ လူမျိုးတော်နတူးဒူ ဘုရားသခင်လောက်ဟှားဟှူ ဘောတူညီမှုဟောန်းထဲမာ ဗြင့်ဆောင်းဖြစ်ဟှူကြောန်း (၈.၁—၁၀.၃၁)
၄။ ယေရှုဟှာ ဂူလောင်းထဲမာ ဗြင့်ဆောင်းဖြစ်ဟှယ် ဆိုဘီး ရှင်းပြဘီးန စာရေးသူဟှ လတ်တွိက္လဟှူ ညွှန်ကြားချစ်လေ ဘောင်ဂီးဟှို ပေးဟှားဟှူကြောန်း (၁၀.၃၂—၁၃.၁၇)
၅။ နော့‑က်ဆောင်းမာ စာရေးသူဟှာ ခွန်အားပေးဇာလေချို့န နှော့‑က်ဆစ်ဘီးဟှာ အယ်ပေးစာဟှို နိဂေါင်းချောက်ဟှားဟှူကြောန်း (၁၃.၁၈–၂၅)
1
သားတော်ဟှနေတဆစ် ပေးတော်မူဟှူ ဗျာဒိတ်တော်ကြောန်း
1 ရှေးကာလမာ ဘုရားသခင်ဟှာ ပရောဖက်လေအားဖြင့် နို့ဘိုးဘေးလေဟှို နည်းဘောန်းဇောင်န ခါဘီးခါ ဗျာဒိတ်ပေးတော်မူဟှယ်။ 2 အယ်ဘေမဲ့ အယ်မူ နော့‑က်ဆောင်းဖြစ်ဟှူ ကာလမာ သားတော်အားဖြင့် နို့လေဟှို ဗျာဒိတ်ပေးတော်မူဟှယ်။ ဘုရားသခင်ဟှာ အယ်မူသားတော်ဟှို ရှိမျှဂူလောင်းရဲ့ မွီခံဖြစ်န ခန့်ဟှားဘီးဟှာ လောကဓာတ်လေဟှို သားတော်အားဖြင့် ဖန်ဆင်းတော်မူဟှယ်။ 3 အယ်သားတော်ဟှာ ဘုရားသခင်ရဲ့ ဖောင်းရောန်ခြည်တော်န ဇာတိဖြစ်တော်ရဲ့ ပေါင်သဏ္ဌာန်ဖြစ်ဟှူကြောန့် တဂိုးတော်န ပ္လဲ့ဇောင်ဟှူ သူ့ရဲ့ စကားတော်အားဖြင့် ရှိမျှဂူလောင်းဟှို တည်စေတော်မူဘီး ပြစ်လေတွပ် စင်ကြယ်ရှင်းဝတ်ဟှို ပြုဘီးဟှာ ဗြင့်ဟှူရပ် ထတ်ကောန်းဂန်မာ အနန္တတဂိုးရှင် ဘုရားသခင်ရဲ့ ညာဖတ်မာ ထိုင်နေတော်မူလေဟှယ်။
သားတော်ဟှာ ကီးမြတ်တော်မူဟှူကြောန်း
4 သားတော်ဟှာ ကောန်းဂန်တမန်လေထတ် ကီးမြတ်ဟှူ ဘွဲ့နာမတော်ဟှိုခံရဟှူမျိူး ကောန်းဂန်တမန်လေထတ် ကီးမြတ်ဟှူသူလည်း ဖြစ်တော်မူဟှယ်။ 5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှ ဖယ်ကောန်းဂန်တမန်လေဟှိုမှ၊
“နန်ဟှာ ငါ့သား ဖြစ်ဟှယ်။
အယ်နေ့ဘဲ့ နန့်ဟှို ငါဖွားမြင်စေဘီ” ဆိုဟှူဇာန၊
“ငါဟှာ သူ့ဖ ဖြစ်မယ်။
သူလည်း ငါ့သား ဖြစ်လေ့မယ်” ဆိုဘီး
ဖယ်ခါဒူးဟှ မိန့်တော်မူဖူးနူး။
6 နော့‑က်ဘီး ဘုရားသခင်ဟှာ သူ့ရဲ့ သားဦးဟှို အယ်လောကဟှို စေလွှတ်တော်မူဟှူ ခီမာ၊
“ဘုရားသခင်ရဲ့ ကောန်းဂန်တမန်လေ ဂူလောင်းဟှာ ပျပ်ဝပ်ကိုးကွယ်ရမယ်” ဆိုဘီး မိန့်တော်မူလေဟှယ်။
7 နော့‑က်ဘီး ကောန်းဂန်တမန်လေန ပတ်သတ်ဘီး ဖော်ပြရာမာ၊
“ဘုရားသခင်ဟှာ သူ့ရဲ့ ကောန်းဂန်တမန်လေဟှို ဝိညာဉ်မျိုးရော၊
သူ့ရဲ့ စေခံလေဟှို မီးလျှံမျိုးရော ဖြစ်စေတော်မူဟှယ်” ဆိုဘီး မိန့်တော်မူဟှယ်။
8 အယ်ဘေမဲ့ သားတော်ဟှို မိန့်တော်မူဟှူ ခီမာ ကိုယ်တော်ဟှ၊
“အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရာဇပလ္လင်ဟှာ ကမ္ဘာဆစ်ဆစ် တည်လေ့မယ်။*၁.၈ အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရာဇပလ္လင်ဟှာ ကမ္ဘာဆစ်ဆစ် တည်လေ့မယ်၊ အယ်မျိုးမှုဘဲနေဟှာ ဘုရားသခင်ဟှာ ကိုယ်တော်ရဲ့ နိုင်ငံဖြစ်ဟှယ်။
ကိုယ်တော်ရဲ့†၁.၈ ကိုယ်တော်ရဲ့၊ တချို့ မူရင်းလတ်ရေးမူလေမာ သူ့ရဲ့၊ ဆိုဘီး ပါရှိဟှယ်။နိုင်ငံဟှာ တရားသဖြင့်စီရင်ဟှူ နိုင်ငံဖြစ်ပါဟှယ်။
9 ကိုယ်တော်ဟှာ ဖြောန့်မတ်ဟှူ တရားဟှို ရှစ်မြတ်နိုးဘီး တရားဘဲဟှူ ဇာလေဟှို မူးတော်မူဟှယ်။
အယ်ကြောန့် အို၊ ဘုရားသခင်၊ ကိုယ်တော်ရဲ့ ဘုရားသခင်ဟှာ
ကိုယ်တော်ရဲ့ ပေါန်းဖော်လေထတ် ကိုယ်တော့်ဟှို ချီးမြော့‑က်ဘီး
ရွှင်လန်းဝန်းသာဟှူ ဆီန ဘိသိက်ပေးတော်မူဘီ” ဆိုဘီး မိန့်တော်မူလေဟှယ်။
10 နော့‑က်ဘီး၊
“အို၊ ဘုရားသခင်၊ ကိုယ်တော်ဟှာ ဦးဆောင်း မ္လေဂီးဟှို တည်တော်မူပါဟှယ်။
ကောန်းဂန်ဟှိုလည်း လတ်တော်န ဖန်ဆင်းတော်မူဟှူဇာ ဖြစ်ပါဟှယ်။
11 အယ်မူဇာလေဟှာ ပျစ်စီးသွားရဟှူလည်းဘဲ့ ကိုယ်တော်ဟှာ မြဲဒမ်း တည်တော်မူဟှယ်။
အယ်မူဇာလေ ရှိဟှူမျှဟှာ ဝတ်လေမျိုး ဟောန်းနွမ်းဟှားလေ့မယ်။
12 ကိုယ်တော်ဟှာ အယ်ဇာလေဟှို ဝတ်လောင်လိဟှူမျိုး လိတော်မူလေ့မယ်။
အယ်ဇာလေဟှာ ဝတ်လောင်ဟှူမျိုး ပ္လောန်းလဲဟှားလေ့မယ်။
အယ်ဘေမဲ့ ကိုယ်တော်ဟှာ ပ္လောန်းလဲတော်မူဟှ။
သတ်တော်လည်း ကူဆောင်းဟှ” ဆိုဘီး မိန့်တော်မူလေဟှယ်။
13 နော့‑က်ဘီး ဘုရားသခင်ဟှ၊
“နန့်ရဲ့ ရန်သူလေဟှို နန့်ရဲ့ ခေဖွားအော့‑က်ဟှို ငါခ္လထားခန်ခီထိ၊
ငါ့ရဲ့ ညာဖတ်မာ ထိုင်နေပါ” ဆိုဘီး
ဖယ်ကောန်းဂန်တမန်လေဟှို မိန့်ဖူးဟှူကြောန့်နူး။
14 ကောန်းဂန်တမန်လေဟှာ ကယ်တန်ရှင်းမွီဟှို ခံရဟှို့ သူလေဟှို ပြုစုစောန့်ရှော့‑က်ဟှို့တွပ် ဘုရားသခင် စေလွှတ်တော်မူဟှူ စေခံဝိညာဉ်လေ ဖြစ်ဂေ့ဟှယ် မှုဟှလော။