4
ယု​ဒ​၏​သား​မြေး​များ
ယု​ဒ​၏​သား​များ​မှာ​ဖာ​ရက်၊ ဟေ​ဇ​ရုံ၊ ကာ​မိ၊ ဟု​ရ၊ ရှော​ဗာ​လ​တို့​ဖြစ်​၏။- ရှော​ဗာ​လ​၏​သား​သည်​ရာ​ယ၊ ရာ​ယ​၏​သား မှာ​ယာ​ဟတ်၊ ယာ​ဟတ်​၏​သား​များ​ကား အ​ဟု​မဲ​နှင့်​လာ​ဟဒ်​ဖြစ်​သ​တည်း။ ထို​သူ နှစ်​ဦး​တို့​သည်​ဇော​ရေ​သိ​တွင်​နေ​ထိုင်​ကြ သော​သူ​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။
3-4 ဟု​ရ​သည်​ဖ​ခင်​ဖြစ်​သူ​ကာ​လက်​၏​ဇ​နီး​ဧ​ဖ ရတ်​မှ​မွေး​သော​သား​ဦး​ဖြစ်​၍ သူ​၏​သား​မြေး တို့​သည်​ဗက်​လင်​မြို့​ကို​တည်​ထောင်​ကြ​၏။ ဟု​ရ တွင်​ဧ​တံ၊ ပေ​နွေ​လ၊ ဧ​ဇာ​ဟူ​သော​သား​သုံး ယောက်​ရှိ​၏။ ဧ​တံ​တွင်​ယေ​ဇ​ရေ​လ၊ ဣ​ရှ​မ နှင့်​ဣ​ဒ​ဗတ်​ဟူ​သော​သား​သုံး​ယောက်​နှင့် ဟာ​ဇ​လေ​လ​ပေါ​နိ​ဟူ​သော​သ​မီး​တစ် ယောက်​ရှိ​၏။ ပေ​နွေ​လ​သည်​ဂေ​ဒေါ်​မြို့​ကို တည်​ထောင်​၍​ဧ​ဇာ​သည်​ဟု​ရှ​မြို့​ကို​တည် ထောင်​၏။
တေ​ကော​မြို့​ကို​တည်​ထောင်​သူ​အာ​ရှု​ရ​တွင် ဟေ​လ​နှင့်​နာ​ရ​နာ​မည်​တွင်​သော​မ​ယား နှစ်​ယောက်​ရှိ​၏။- နာ​ရ​သည်​အ​ဟု​ဇံ၊ ဟေ​ဖာ၊ တေ​မ​နိ​နှင့် ဟာ​ဟ​ရှ တာ​ရိ​ဟူ​သော​သား​လေး​ယောက်​ကို​ဖွား​မြင်​၍၊- ဟေ​လ​သည်​ဇေ​ရက်၊ ယေ​ဇော်၊ ဧ​သ​နန်​ဟူ သော​သား​သုံး​ယောက်​ကို​ဖွား​မြင်​လေ​သည်။
ကော​ဇ​သည်​အာ​နုပ်​နှင့်​ဇော​ဗေ​ဒ​တို့​၏​ဖ​ခင် ဖြစ်​၍ ဟာ​ရုံ​၏​သား​အ​ဟာ​ရေ​လ​မှ​ဆင်း သက်​လာ​သော​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​သ​တည်း။
ထို​အ​ရပ်​တွင်​ယာ​ဗက်​နာ​မည်​တွင်​သော​လူ တစ်​ယောက်​ရှိ​၏။ သူ​သည်​မိ​မိ​၏​အိမ်​ထောင်​စု တွင်​အ​ကြည်​ညို​ခံ​ရ​ဆုံး​သော​သူ​ဖြစ်​၏။ မိ​ခင်​က​သူ့​အား​ယာ​ဗက်​ဟု​နာ​မည်​ပေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​ကို​ဖွား​မြင်​ချိန် ၌​မိ​ခင်​ဖြစ်​သူ​သည်​လွန်​စွာ​ဝေ​ဒ​နာ ခံ​ရ​သော​ကြောင့်​ဖြစ်​၏။- 10 ယာ​ဗက်​သည်``အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး အား​ကောင်း​ချီး​ပေး​တော်​မူ​၍ မြေ​ယာ​အ​မြောက် အ​မြား​ကို​ပေး​သ​နား​တော်​မူ​ပါ။ ကျွန်​တော် မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး အား​ဒုက္ခ​ဝေ​ဒ​နာ​ဖြစ်​စေ​မည့်​မ​ကောင်း​မှု မှန်​သ​မျှ​မှ​ကင်း​လွတ်​စေ​တော်​မူ​ပါ'' ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ထံ​တော်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လေ​သော ကြောင့် ဘု​ရား​သ​ခင်​သည်​ယာ​ဗက်​တောင်း လျှောက်​သည့်​ဆု​များ​ကို​ပေး​သ​နား​တော် မူ​သ​တည်း။
အ​ခြား​အိမ်​ထောင်​စု​စား​ရင်း​များ
11 ရှု​အာ​၏​မောင်​ကာ​လက်​တွင်​မ​ဟိ​ရ​ဟူ​သော သား​တစ်​ယောက်​ရှိ​၏။ မ​ဟိ​ရ​၏​သား​မှာ​ဧ​ရှ တုန်​တည်း။- 12 ဧ​ရှ​တုန်​တွင်​ဗက်​ရာ​ဖ၊ ပါ​သာ၊ တေ​ဟိန္န​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။ တေ​ဟိန္န​သည်​နာ​ဟက် မြို့​ကို​တည်​ထောင်​သူ​ဖြစ်​၏။ ထို​သူ​၏​သား​မြေး များ​သည်​ရေ​ခါ​အ​ရပ်​တွင်​နေ​ထိုင်​ကြ​လေ သည်။
13 ကေ​နတ်​တွင်​သြ​သံ​ယေ​လ​နှင့်​စ​ရာ​ယ​ဟူ သော​သား​နှစ်​ယောက်​ရှိ​၏။ သြ​သံ​ယေ​လ​တွင် လည်း​ဟာ​သတ်​နှင့်​မော​နော​သဲ​ဟူ​သော​သား​နှစ် ယောက်​ရှိ​၏။- 14 မော​နော​သဲ​၏​သား​မှာ​သြ​ဖ​ရာ​တည်း။
စ​ရာ​ယ​၏​သား​သည်​လက်​မှု​ပညာ​သည်​ချိုင့်​ဝှမ်း ကို​တည်​ထောင်​သူ​ယွာ​ဘ​ဖြစ်​၏။ ထို​ချိုင့်​ဝှမ်း တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကား​လက်​မှု​ပ​ညာ ကျွမ်း​ကျင်​သူ​အ​လုပ်​သ​မား​များ​ဖြစ်​သ​တည်း။
15 ယေဖုန္န​၏​သား​ဖြစ်​သော​ကာ​လက်​တွင်​ဣ​ရု၊ ဧ​လာ၊ နာ​မ​ဟူ​သော​သား​သုံး​ယောက်​ရှိ​၏။ ဧ​လာ​၏ သား​မှာ​ကေ​နတ်​ဖြစ်​၏။
16 ယေ​ဟ​လ​လေ​လ​တွင်​ဇိ​ဖ၊ ဇိ​ဖာ၊ တိ​ရိ နှင့်​အာ​သ​ရေ​လ​ဟူ​သော​သား​လေး​ယောက် ရှိ​၏။
17-18 ဧ​ဇ​ရ​တွင်​ယေ​သာ၊ မေ​ရက်၊ ဧ​ဖာ၊ ယာ​လုန်၊ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ မေ​ရက်​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ဗိ​သ​ယာ​နှင့် စုံ​ဖက်​၍ မိ​ရိ​အံ​ဟူ​သော​သ​မီး​တစ်​ယောက် နှင့်​ရှမ္မဲ၊ ဣ​ရှ​ဘ​ဟူ​သော​သား​နှစ်​ယောက်​ကို ရ​လေ​သည်။ ဣ​ရှ​ဘ​သည်​ဧ​ရှ​တ​မော​မြို့ ကို​တည်​ထောင်​၏။ မေ​ရက်​သည်​ယု​ဒ​အ​မျိုး သ​မီး​တစ်​ယောက်​နှင့်​လည်း​စုံ​ဖက်​လေ​သည်။ သူ​တို့​နှစ်​ဦး​တွင်​ဂေ​ဒေါ်​မြို့​ကို​တည်​ထောင် သူ​ယေ​ရက်၊ စော​ခေါ​မြို့​ကို​တည်​ထောင်​သူ ဟေ​ဗာ​နှင့်​ဇာ​နော်​မြို့​ကို​တည်​ထောင်​သူ ယေ​ကု​သေ​လ​ဟူ​သော​သား​သုံး​ယောက် ရှိ​၏။
19 ဟော​ဒိ​ယ​သည်​နာ​ဟံ​၏​နှ​မ​နှင့်​စုံ​ဖက်​၏။ သူ​တို့​၏​သား​မြေး​များ​သည်​ကိ​လ​မြို့​တွင် နေ​ထိုင်​သော​မာ​ခ​သား​ချင်း​စု​ကို​လည်း ကောင်း တည်​ထောင်​သူ​များ​ဖြစ်​ကြ​၏။2 * အ​ခန်း​ငယ် ၁၉ ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။
20 ရှိ​မုန်​တွင်​အာ​မ​နုန်၊ ရိန္န၊ ဗင်္ဟာ​နန်၊ တိ​လုန်​ဟူ သော​သား​လေး​ယောက်​ရှိ​၏။
ဣ​ရှိ​တွင်​ဇော​ဟက်​နှင့်​ဗင်္ဇော​ဟက်​ဟူ​သော​သား နှစ်​ယောက်​ရှိ​၏။
ရှေ​လ​၏​သား​မြေး​များ
21 ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊- 22 ယော​ယ​ကိမ်​နှင့်​ခေါ​ဇေ​ဘ​မြို့​တွင် နေ​ထိုင် ကြ​သော​လူ​တို့​သည်​လည်း​ကောင်း၊ မော​ဘ ပြည်​သူ​အ​မျိုး​သ​မီး​များ​နှင့်​အိမ်​ထောင် ပြု​၍​ဗက်​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သော ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​လည်း​ကောင်း ပါ​ဝင်​ကြ​၏။ (ဤ​သည်​ကား​ရှေး​စကား​ဖြစ် သ​တည်း။-) 23 ယော​ရှ​နှင့်​သာ​ရပ်​တို့​သည်​ဘု​ရင်​၏​အ​မှု တော်​ထမ်း​အိုး​ထိန်း​သည်​များ​ဖြစ်​၍ န​တိမ် နှင့်​ဂ​ဒေ​ရ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​ပေ​သည်။
ရှိ​မောင်​၏​သား​မြေး​များ
24 ရှိ​မောင်​တွင်​ယေ​မွေ​လ၊ ယာ​မိန်၊ ယာ​ရိပ်၊ ဇေ​ရ၊ ရှော​လ​ဟူ​၍​သား​ငါး​ယောက်​ရှိ​၏။- 25 ရှော​လ​၏​သား​သည်​ရှလ္လုံ၊ သူ​၏​မြေး​မှာ မိ​ဘ​သံ၊ သူ​၏​မြစ်​မှာ​မိ​ရှ​မ​ဖြစ်​၏။- 26 မိ​ရှ​မ​မှာ​အ​စ​ပြု​၍​ဟ​မွေ​လ၊ ဇက္ကု​ရ​နှင့် ရှိ​မိ​တိုင်​အောင်​မျိုး​ဆက်​ပေါက်​ပွား​လာ​၏။- 27 ရှိ​မိ​တွင်​သား​တစ်​ဆယ့်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​ရှိ​၏။ သို့​သော်​သူ​၏ ဆွေ​မျိုး​သား​ချင်း​တို့​တွင်​သား​သ​မီး​များ စွာ​မ​ထွန်း​ကား​သ​ဖြင့် ရှိ​မောင်​၏​အ​မျိုး အ​နွယ်​များ​သည်​ယု​ဒ​အ​မျိုး​အ​နွယ် များ​ကဲ့​သို့​တိုး​တက်​ပွား​များ​မှု​မ​ရှိ​ချေ။
28 ရှိ​မောင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ဒါ​ဝိဒ် မင်း​၏​လက်​ထက်​တိုင်​အောင်​ဗေ​ရ​ရှေ​ဘ မြို့၊ မော​လ​ဒါ​မြို့၊ ဟာ​ဇ​ရွာ​လ​မြို့၊- 29 ဗိ​လ​ဟာ​မြို့၊ ဧ​ဇင်​မြို့၊ တော​လဒ်​မြို့၊- 30 ဗေ​သွေ​လ​မြို့၊ ဟော်​မာ​မြို့၊ ဇိ​က​လတ်​မြို့၊- 31 ဗက်​မာ​က​ဗုတ်​မြို့၊ ဟာ​ဇ​သု​သိမ်​မြို့၊ ဗက်​ဗိ​ရိ မြို့၊ ရှာ​ရိမ်​မြို့​တို့​၌​နေ​ထိုင်​ကြ​၏။- 32 ထို​ပြင်​သူ​တို့​သည်​ဧ​တံ၊ အိန်း၊ ရိမ္မုန်၊ တော​ခင်၊ အာ​ရှန်​တည်း​ဟူ​သော​မြို့​ငါး​မြို့​နှင့်​တ​ကွ၊- 33 အ​နောက်​တောင်​ဘက်​ရှိ​ဗာလ​မြို့​တိုင်​အောင် အ​နီး အ​နား​ကျေး​ရွာ​တို့​တွင်​လည်း​နေ​ထိုင်​ကြ​၏။ ဤ​ကား​မိ​မိ​တို့​ဆွေ​မျိုး​သား​ချင်း​စု​နှင့် မိမိ တို့​နေ​ထိုင်​ရာ​ဒေ​သ​များ​အ​ကြောင်း​ကို မှတ်​တမ်း​တင်​ထား​ခြင်း​အ​ရ​ဖြစ်​ပေ​သည်။ ယောရှု၊ ၁၉:၂-၈။
34-38 ထို​သူ​တို့​၏​သား​ချင်း​စု​ဦး​စီး​ခေါင်း​ဆောင် များ​မှာ
မေ​ရှော​ဗပ်၊ယာ​မ​လက်၊အာ​မ​ဇိ​၏​သား ယော​ရှ၊ယော​လ၊
စ​ရာ​ယ​၏​မြေး၊အာ​သေ​လ​၏​မြစ်၊ယော​ရှိ​ဘိ​ယ သား​ဖြစ်​သော​ယေ​ဟု၊
ဧ​လျော​နဲ၊​ယာ​ကော​ဘ၊ယေ​ရှော​ဟာ​ယ၊အ​သာ​ယ၊ အ​ဒျေ​လ၊ယေ​သိ​မျေ​လ၊ဗေ​နာ​ယ၊
ယေ​ဒါ​ယ၊ရှိ​မ​ရိ၊ရှေ​မာ​ယ​နှင့်​အလ္လုန်​မှ​ဆင်း သက် လာ​သော​ရှိ​ဖိ​၏​သား​ဇိ​ဇ။
ထို​သူ​တို့​၏​အိမ်​ထောင်​စု​များ​သည်​ဆက် လက်​တိုး​ပွား​များ​ပြား​လာ​သ​ဖြင့်၊- 39 အ​နောက်​ဘက်​တွင်​ဂေရာ​မြို့​အ​နီး​သို့​တိုင် အောင်​ပြန့်​နှံ့​သွား​လျက် ထို​မြို့​တည်​ရာ​ချိုင့် ဝှမ်း​အ​ရှေ့​ဘက်​တွင်​သိုး​များ​ကို​ထိန်း ကျောင်း​ကြ​၏။- 40 သူ​တို့​သည်​ငြိမ်း​ချမ်း​သာ​ယာ​သည့်​မြေ​ပြန့် ဒေ​သ​တွင် စား​ကျက်​ကောင်း​များ​ကို​အ​လုံ အ​လောက်​တွေ့​ရှိ​ကြ​လေ​သည်။ ထို​အရပ်​တွင် နေ​ထိုင်​ခဲ့​ကြ​သူ​တို့​မှာ​ဟာ​မ​အ​မျိုး​သား များ​ဖြစ်​သ​တည်း။
41 ယု​ဒ​ဘု​ရင်၊ ဟေ​ဇ​ကိ​မင်း​လက်​ထက်​၌ အ​ထက်​ဖော်​ပြ​ပါ​လူ​တို့​သည် ဂေ​ရာ​မြို့ သို့​သွား​၍​ဟာ​မ​အ​မျိုး​သား​တို့​ကို​သူ တို့​၏​တဲ​အိမ်​များ​နှင့်​တ​ကွ​သုတ်​သင် ဖျက်​ဆီး​ပစ်​ပြီး​လျှင် ထို​အ​ရပ်​တွင် အ​တည်​တ​ကျ​အ​ခြေ​စိုက်​၍​နေ​ထိုင် ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​မိ​မိ​တို့​၏​သိုး​များ​အ​တွက် စား​ကျက်​အ​လုံ​အ​လောက်​ကို​ရ​ရှိ​ကြ သော​ကြောင့်​ဖြစ်​၏။- 42 ရှိ​မောင်​အ​နွယ်​ဝင်​လူ​ငါး​ရာ​တို့​သည် အ​ရှေ့​ဘက်၊ ဧ​ဒုံ​ပြည်​သို့​သွား​ကြ​၏။ သူ တို့​အား​ဦး​ဆောင်​သွား​ကြ​သူ​များ​မှာ ပေ​လ​တိ၊ နာ​ရိ၊ ရေ​ဖာ​ယ​နှင့်​သြ​ဇေ​လ တို့​ဖြစ်​၏။ သူ​တို့​ကား​ဣ​ရှိ​၏​သား​များ ဖြစ်​သ​တည်း။- 43 သူ​တို့​သည်​အာ​မ​လက်​အ​မျိုး​သား​အ​ကြွင်း အ​ကျန်​တို့​ကို​လုပ်​ကြံ​သတ်​ဖြတ်​ပြီး​လျှင် ထို​အ​ရပ်​တွင်​ယ​နေ့​တိုင်​အောင်​နေ​ထိုင် လျက်​ရှိ​ကြ​၏။

24:19 * အ​ခန်း​ငယ် ၁၉ ဟေ​ဗြဲ​မူ​တွင်​မ​ရှင်း​ပါ။

4:33 ယောရှု၊ ၁၉:၂-၈။