ဧ​ဇ​ရ​မှတ်​စာ
နိ​ဒါန်း
ဧ​ဇ​ရ​မှတ်​စာ​သည် ရာ​ဇ​ဝင်​ချုပ်​ကျမ်း​များ​၏​အ​ဆက်​အ​ဖြစ်​ဖြင့် ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​အ​ချို့ ဗာ​ဗု​လုန်​နိုင်​ငံ​မှ​နေ​ရင်း​တိုင်း​ပြည်​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​နှင့် ယေ​ရု​ရှ​လင်​မြို့​သည်​လူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​ဖြစ်​ပြန်​လျက် ၎င်း​မြို့​တွင်​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​ပြန်​လည်​အ​စ​ပြု​ပုံ​ကို​ဖော်​ပြ​သည်။ ဤ​အ​ဖြစ်​အ​ပျက်​များ​ကို အောက်​ပါ​အ​တိုင်း​တင်​ပြ​ထား​သည်။ (၁) ပေ​ရ​သိ​ဧ​က​ရာဇ်​ကု​ရု​၏​အ​မိန့်​အ​ရ ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ​ထဲ​မှ ပ​ထ​မ​တစ်​စု​သည်​ဗာ​ဗု​လုန်​နိုင်​ငံ​မှ​ပြန်​လာ​ကြ​သည်။ (၂) ယေ​ရု​ရှ​လင်​မြို့​တွင် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ပြီး​လျှင် ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို​ပြန်​လည်​အ​စ​ပြု​ကြ​သည်။ (၃) နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​၌​ကျွမ်း​ကျင်​သူ​ဧ​ဇ​ရ​ခေါင်း​ဆောင်​၍ ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​နောက်​တစ်​စု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည်။ ဧ​ဇ​ရ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဝတ်​ပြု​ကိုး​ကွယ်​မှု​အ​မွေ​အ​နှစ်​ကို​ထိန်း​သိမ်း​ရန် ဘာ​သာ​ရေး​နှင့်​လူ​မှု​ရေး​ကျင့်​ဝတ်​များ​ကို​ပြန်​လည်​ဖော်​ထုတ်​ပေး​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ပြည်​နှင်​ဒဏ်​သင့်​သူ​ယု​ဒ​အ​မျိုး​သား​များ
ပ​ထ​မ​တစ်​စု​ပြန်​လာ​ကြ​ခြင်း ၁:၁-၂:၇၀
ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​၍​ဆက်​ကပ်​ခြင်း ၃:၁-၆:၂၂
ဧ​ဇ​ရ​သည်​အ​ခြား​သော​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​ပြန်​လာ​ခြင်း ၇:၁-၁၀:၄၄
1
ယု​ဒ​အ​မျိုး​သား​တို့​အား​မိ​မိ​တို့​ပြည်​သို့​ပြန်​ကြ​ရန်​ကု​ရု​မင်း​အ​မိန့်​ထုတ်​ခြင်း
ပေ​ရ​သိ​ဘု​ရင်​ကုရု​သည်​ဧ​က​ရာဇ်1 * ဧ​က​ရာဇ်။ ပေ​ရ​သိ​နိုင်​ငံ​၏​ဘု​ရင်​ကု​ရု​သည်​ဗာ​ဗု​လုံ​မြို့​ကို ခ၊ ရှေ့၊ ၅၃၉ ခု​နှစ်​တွင်​သိမ်း​ယူ​ပြီး ဗာ​ဗု​လုန်​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​အ​ဖြစ်​စ​တင်​အုပ်​စိုး​သည်။ မင်း​အ​ဖြစ်​နန်း​စံ​ပ​ထ​မ​နှစ်​၌​ထာ​ဝ​ရ​ဘု​ရား​သည် သူ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တစ်​လျှောက်​လုံး​တွင်​ကြေ​ညာ​ရန်​အ​မိန့်​စာ​ထုတ်​ပြန်​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ​သည်​မှာ​ပ​ရော​ဖက်​ယေ​ရ​မိ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​ပေ​သည်။ ယေ၊ ၂၅:၁၁၊ ၂၉:၁၀။
ထို​အ​မိန့်​တော်​တွင် ဤ​ကား​ပေ​ရ​သိ​ပြည်​ကု​ရု​မင်း​၏​အ​မိန့်​တော်​ဖြစ်​သည်။ ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​အ​စိုး​ရ​စေ​တော်​မူ​၍ ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​၌​ဗိ​မာန်​တော်​ကို​တည်​ဆောက်​ရန် တာ​ဝန်​ကို​ငါ့​အား​ပေး​အပ်​တော်​မူ​လေ​ပြီ။- ဟေရှာ၊ ၄၄:၂၈။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​မျိုး​တော်​ဝင်​ဖြစ်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ​စေ​သ​တည်း။ သင်​တို့​သည်​ယု​ဒ​ပြည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထို​မြို့​တွင်​ကိုး​ကွယ်​ဝတ်​ပြု​သည့်​ဘု​ရား​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ကြ​ရ​မည်။- အ​ကယ်​၍​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​သည့် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဝင်​ပြန်​သွား​ရန်​အ​တွက် အ​ကူ​အ​ညီ​လို​ပါ​က​သူ​တို့​၏​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​က ကူ​ညီ​ရ​ကြ​မည်။ သူ​တို့​သည် ရွှေ၊ ငွေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်​များ​အ​ပြင် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​ရ​ကြ​မည်'' ဟု​ပါ​ရှိ​သ​တည်း။
ထို​အ​ခါ​ယု​ဒ​နှင့် ဗင်္ယာ​မိန်​အ​နွယ်​ဝင်​သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့် မိ​မိ​တို့​စိတ်​နှ​လုံး​ကို​ဘု​ရား​သခင်​ပြင်​ဆင်​တော်​မူ​ခြင်း​ခံ​ကြ​ရ​သူ​အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက်​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​ကုန်​၏။- ထို​သူ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​သည် သူ​တို့​အား​ငွေ​ထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်၊ အ​ခြား​အ​ဖိုး​ထိုက်​ပစ္စည်း​များ​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​အပ်​ကူ​ညီ​ကြ​လေ​သည်။
သူ​တို့​အား​ကု​ရု​မင်း​သည် ယေ​ရု​ရှ​လင်​မြို့​မှ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သိမ်း​ယူ​၍ မိ​မိ​၏​ဘု​ရား​တို့​ဗိ​မာန်​တွင်​ထား​ရှိ​ခဲ့​သည့်​ဖ​လား​များ​ကို​ပေး​အပ်​တော်​မူ​၏။- မင်း​ကြီး​သည်​ထို​ဖ​လား​တို့​ကို​ရွှေ​တိုက်​စိုး​မိ​သ​ရေ​ဒတ်​သို့​ပေး​အပ်​၍ မိ​သ​ရေ​ဒတ်​သည်​ယင်း​တို့​ကို​ယု​ဒ​ဘု​ရင်​ခံ​ရှေ​ရှ​ဗာ​ဇာ​သို့၊- 9-10 အောက်​ပါ​အ​တိုင်း​စာ​ရင်း​ပြု​လုပ်​ပေး​အပ်​လေ​သည်။ ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ရွှေ​ဖ​လား ၃၀
 
ပူ​ဇော်​သ​ကာ​များ​ထည့်​ရန်​ငွေ​ဖ​လား ၁၀၀၀
အ​ခြား​ဖ​လား ၂၉
ရွှေ​ဖ​လား​အ​ငယ် ၃၀
ငွေ​ဖ​လား​အ​ငယ် ၄၁၀
အ​ခြား​အ​သုံး​အ​ဆောင်​များ ၁၀၀၀
 
11 ရှေ​ရှ​ဗာ​ဇာ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ​နှင့်​အ​တူ ဗာ​ဗု​လုန်​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​သော​အ​ခါ ရွှေ​ဖ​လား၊ ငွေ​ဖ​လား​နှင့်​အ​ခြား​ပစ္စည်း​အ​သုံး​အ​ဆောင်​အ​ရေ​အ​တွက် စု​စု​ပေါင်း​ငါး​ထောင့်​လေး​ရာ​တို့​ကို​ယူ​ဆောင်​ခဲ့​၏။

11:1 * ဧ​က​ရာဇ်။ ပေ​ရ​သိ​နိုင်​ငံ​၏​ဘု​ရင်​ကု​ရု​သည်​ဗာ​ဗု​လုံ​မြို့​ကို ခ၊ ရှေ့၊ ၅၃၉ ခု​နှစ်​တွင်​သိမ်း​ယူ​ပြီး ဗာ​ဗု​လုန်​နိုင်​ငံ​၏​ဧ​က​ရာဇ်​မင်း​အ​ဖြစ်​စ​တင်​အုပ်​စိုး​သည်။

1:1 ယေ၊ ၂၅:၁၁၊ ၂၉:၁၀။

1:2 ဟေရှာ၊ ၄၄:၂၈။