2
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူများစာရင်း
(နေဟမိ၊ ၇:၄-၇၃)
1 ပြည်နှင်ဒဏ်သင့်သူများသည်ယေရုရှလင်မြို့သို့လည်းကောင်း၊ ယုဒပြည်ဇာတိမြို့ရွာများသို့လည်းကောင်း ပြန်ရန်ဗာဗုလုန်ပြည်မှထွက်ခွာလာကြ၏။ သူတို့အိမ်ထောင်စုများသည်မိမိတို့အားသုံ့ပန်းများအဖြစ် နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်လာစဉ်အခါမှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ခဲ့ကြ၏။- 2 သူတို့၏ခေါင်းဆောင်များမှာဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံနှင့်ဗာနာတို့ဖြစ်ကြ၏။
ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူသားချင်းစုအလိုက် လူဦးရေစာရင်းမှာအောက်ပါအတိုင်းဖြစ်၏။
3-20 ပါရုတ်သားချင်းမှ ၂၁၇၂
ရှေဖတိသားချင်းစုမှ | ၃၇၂ |
အာရာသားချင်းစုမှ | ၇၇၅ |
ပါဟတ်မောဘသားချင်းစု
(ယောရှုနှင့်ယွာဘတို့၏မြေးများ) | ၂၈၁၂ |
ဧလံသားချင်းစုမှ | ၁၂၅၄ |
ဇတ္တုသားချင်းစုမှ | ၉၄၅ |
ဇက္ခဲသားချင်းစုမှ | ၇၆၀ |
ဗာနိသားချင်းစုမှ | ၆၄၂ |
ဗေဗဲသားချင်းစုမှ | ၆၂၃ |
အာဇဂဒ်သားချင်းစုမှ | ၁၂၂၂ |
အဒေါနိကံသားချင်းစုမှ | ၆၆၆ |
ဗိဂဝဲသားချင်းစုမှ | ၂၀၅၆ |
အာဒိန်သားချင်းစုမှ | ၄၅၄ |
အာတာဟုလည်းကောင်းနာမည်တွင်သည့်
ဟဇကိသားချင်းစုမှ | ၉၈ |
ဗေဇဲသားချင်းစုမှ | ၃၂၃ |
ယောရသားချင်းစုမှ | ၁၁၂ |
ဟာရှုံသားချင်းစုမှ | ၂၂၃ |
ဂိဗ္ဗာသားချင်းစုမှ | ၉၅ |
21-35 အောက်ပါဖော်ပြပါမြို့တွင်နေထိုင်ခဲ့သူဘိုးဘေးတို့မှ ဆင်းသက်ပေါက်ပွားလာသူများသည်လည်း ယေရုရှလင်မြို့သို့ပြန်လာကြလေသည်။ ဗက်လင်မြို့မှ ၁၂၃
နေတောဖမြို့မှ | ၅၆ |
အာနသုတ်မြို့မှ | ၁၂၈ |
အာဇမာဝက်မြို့မှ | ၄၂ |
ကိရယသာရိမ်မြို့ခေဖိရမြို့နှင့်
ဗေရုတ်မြို့တို့မှ | ၇၄၃ |
ရာမမြို့နှင့်ဂါဘမြို့မှ | ၆၂၁ |
မိတ်မတ်မြို့မှ | ၁၂၂ |
ဗေသလမြို့နှင့်အာဣမြို့မှ | ၂၂၃ |
နေဗောမြို့မှ | ၅၂ |
မာဂဗိတ်မြို့မှ | ၁၅၆ |
အခြားဧလံမြို့မှ | ၁၂၅၄ |
ဟာရိမ်မြို့မှ | ၃၂၀ |
လောဒမြို့ဟာဒိဒ်မြို့နှင့်
သြနောမြို့တို့မှ | ၇၂၅ |
ယေရိခေါမြို့မှ | ၃၄၅ |
သေနာမြို့မှ | ၃၆၃၀ |
36-39 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ယဇ်ပုရောဟိတ်သားချင်းစုစာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။ ယေဒါယသားချင်းစု (ယောရှု၏
သားမြေးများ) | ၉၇၃ |
ဣမေရသားချင်းစုမှ | ၁၀၅၂ |
ပါရှုရသားချင်းစုမှ | ၁၂၄၇ |
ဟာရိမ်သားချင်းစုမှ | ၁၀၁၇ |
40 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောလေဝိအနွယ်ဝင်သားချင်းစုများမှာ အောက်ပါအတိုင်းဖြစ်သည်။
ယောရှုနှင့်ကာဒမေလသားချင်းစုမှ (ဟောဒဝိ၏သားမြေးများ) ၇၄
41 ဗိမာန်တော်ဂီတပညာသည် (အာသပ်၏သားမြေးများ) ၁၂၈
42 ဗိမာန်တော်အစောင့်တပ်သား (ရှလ္လုံ၊ အာတာ၊ တာလမုန်၊ အက္ကုပ်၊ ဟတိတနှင့်ရှောဗဲတို့၏သားမြေးများ) ၁၃၉
43-54 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊
ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊
ကေရုတ်၊သယာဟ၊ပါဒုန်၊
လေဗန၊ဟာဂဘ၊အက္ကုပ်၊
ဟာဂပ်၊ရှာလမဲ၊ဟာနန်၊
ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊
ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊
သြဇ၊ပါသာ၊ဗေသဲ၊
အာသနာ၊မဟုနိမ်၊နဖုသိမ်၊
ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊
ဗာဇလုတ်၊မဟိဒ၊ဟရရှ၊
ဗာကုတ်၊သိသရ၊သာမ
နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။
55-57 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုများမှာ၊
သောတဲ၊သောဖရက်၊ပေရုဒ၊
ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊
ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမိတို့ဖြစ်သည်။
58 ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောရှောလမုန်၏အစေခံများနှင့် ဗိမာန်တော်အလုပ်သမားများ၏သားမြေးဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်သတည်း။
59 တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသော၊- 60 ဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာငါးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ပွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
61-62 အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားပြရန်မှတ်တမ်းတစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယသားချင်းစု၊ ဟက္ကုတ်သားချင်းစုနှင့်ဗာဇိလဲသားချင်းစု။ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သားဗာဇိလဲသားချင်းစုမှ အမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက် မိမိယောက္ခမ၏နာမည်ကိုခံယူခဲ့၏။) ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့် ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံကြရ။- 63 ယုဒဘုရင်ခံကသူတို့အားသင်တို့သည် ဥရိမ်နှင့်သုမိမ်2* ဥရိမ်နှင့်သုမိမ်။ ဘုရားသခင်၏အလိုတော်ကိုသိရှိနိုင်ရန်ယဇ်ပုရောဟိတ်အသုံးပြုသောအရာနှစ်ခုဖြစ်သည်။ ကိုအသုံးပြုနိုင်သောယဇ်ပုရောဟိတ်မပေါ်ထွန်းမီ၊ သန့်ရှင်းသောအစာများကိုမသုံးဆောင်ရဟုပြောကြားလိုက်သည်။✡တော၊ ၂၇:၂၁။
64-67 ပြန်လာကြသောပြည်နှင်ဒဏ်သင့်သူစုစုပေါင်းဦးရေမှာ ၄၂၃၆၀
သူတို့၏အစေခံယောကျာ်း
မိန်းမ | ၇၃၃၇ |
အမျိုးသားအမျိုးသမီး
ဂီတပညာသည်များ | ၂၀၀ |
မြင်း | ၇၃၆ ကောင် |
မြည်း | ၂၄၅ ကောင် |
ကုလားအုတ် | ၄၃၅ ကောင် |
လား | ၆၇၂၀ ကောင် |
68 ပြည်နှင်ဒဏ်သင့်သူတို့သည် ယေရုရှလင်မြို့ရှိထာဝရဘုရား၏ဗိမာန်တော်သို့ရောက်ရှိကြသောအခါ သားချင်းစုခေါင်းဆောင်အချို့တို့သည် နေရာဟောင်းတွင်ဗိမာန်တော်ပြန်လည်တည်ဆောက်ရန်အတွက် မိမိတို့စေတနာအလျောက်ပေးလှူကြလေသည်။- 69 ဤတည်ဆောက်မှုဖြစ်မြောက်ရေးအတွက် သူတို့သည်တတ်နိုင်သမျှအတိုင်း ရွှေတစ်ထောင့်သုံးဆယ်ပေါင်၊ ငွေငါးထောင်ခုနစ်ရာလေးဆယ်ပေါင်နှင့်ယဇ်ပုရောဟိတ်များအတွက်ဝတ်စုံတစ်ရာတို့ကိုလှူကြ၏။
70 ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့်လူအချို့တို့သည် ယေရုရှလင်မြို့သို့မဟုတ်ထိုမြို့အနီးတွင်နေထိုင်ကြ၏။ ဂီတပညာသည်များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့်ဗိမာန်တော်အလုပ်သမားများသည် အနီးအနားရှိမြို့တို့တွင်နေထိုင်ကြလေသည်။ ကျန်ဣသရေလအမျိုးသားတို့သည် မိမိတို့ဘိုးဘေးနေထိုင်ခဲ့သောမြို့များသို့သွားရောက်နေထိုင်ကြသည်။✡၅ရာ၊ ၉:၂။ နေ၊ ၁၁:၃။