30
1 ရာခေလသည်ယာကုပ်နှင့်သားသမီးမထွန်း ကားသဖြင့် အစ်မကိုမနာလိုဖြစ်ပြီးလျှင် ယာကုပ်အား``ကျွန်မတွင်သားသမီးမရ ပါကသေရပါတော့မည်'' ဟုပြောလေ၏။
2 ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
3 ရာခေလက``ကျွန်မအတွက်ကလေးရစေရန် ကျွန်မ၏ကျွန်ဗိလဟာနှင့်အိပ်ပါလော့။ သူ့ အားဖြင့်ကလေးရလျှင်ကျွန်မသည်အမေ တစ်ယောက်ဖြစ်လာနိုင်ပါမည်'' ဟုဆိုလေ၏။- 4 သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊- 5 ဗိလဟာသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက် ကိုဖွားမြင်လေသည်။- 6 ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။- 7 တစ်ဖန်ဗိလဟာသည်ယာကုပ်နှင့်ဒုတိယသား ကိုရလေသည်။- 8 ထိုအခါရာခေလက``ငါသည်ငါ၏အစ်မ နှင့်အပြင်းအထန်ဆိုင်ပြိုင်ခဲ့ရာအနိုင်ရလေ ပြီ'' ဟုဆိုလျက်ထိုသားကိုနဿလိဟူ၍ နာမည်မှည့်လေ၏။
9 လေအာသည်လည်းမိမိ၌သားဖွားခြင်းရပ်ဆိုင်း သွားကြောင်းသိမြင်ရသောအခါ သူ၏ကျွန်မ ဇိလပကိုယာကုပ်အားမယားအဖြစ်ပေး အပ်လေသည်။- 10 သို့ဖြစ်၍ဇိလပသည်ယာကုပ်နှင့်သားတစ် ယောက်ကိုရလေ၏။- 11 ထိုနောက်လေအာက``ငါ၌ကောင်းကျိုးဆိုက် ရောက်လာပြီ'' ဟုဆိုလျက်ထိုသားကိုဂဒ် နာမည်ဖြင့်မှည့်လေ၏။- 12 တစ်ဖန်ဇိလပသည်ယာကုပ်နှင့်သား တစ်ယောက်ရပြန်သော်၊- 13 လေအာက``ငါ၌မင်္ဂလာရှိ၏။ အခြားသော မိန်းမတို့ကငါ့အားမင်္ဂလာရှိသူဟုခေါ်ကြ လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုအာရှာ နာမည်ဖြင့်မှည့်လေသည်။
14 ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။
15 လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။
ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။
16 ညနေခင်း၌ယာကုပ်လယ်ထဲမှပြန်လာသော အခါ လေအာသည်ဆီးကြို၍``ကျွန်မ၏သားရ ခဲ့သောအနုဆေးသီးကိုရာခေလအားပေး သဖြင့် ရှင်ကျွန်မနှင့်အတူယနေ့ညအိပ်ရမည်'' ဟုပြောရာထိုည၌ယာကုပ်သည်လေအာနှင့် အိပ်လေ၏။
17 ဘုရားသခင်သည်လေအာ၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင် ၍ပဉ္စမသားကိုဖွားမြင်လေသည်။- 18 ထိုအခါလေအာက``ငါသည်ငါ၏ကျွန်မ ကိုလင်ယောကျာ်းအားပေးအပ်သောကြောင့် ဘုရားသခင်ကငါ့အားဆုချတော်မူပြီ'' ဟုဆိုလျက် ထိုသားကိုဣသခါဟူ၍နာမည်မှည့်လေသည်။- 19 တစ်ဖန်လေအာသည်ကိုယ်ဝန်ဆောင်၍ဆဋ္ဌမ သားကိုဖွားမြင်သည်။- 20 ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။- 21 ထိုနောက်သူသည်သမီးတစ်ယောက်ကိုဖွားမြင် သဖြင့်ဒိနဟူ၍နာမည်မှည့်လေသည်။
22 ဘုရားသခင်သည်ရာခေလကိုသတိရ၍ သူ ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူသဖြင့် သားသမီးဖွားခွင့်ကိုပေးတော်မူ၏။- 23 သူသည်ကိုယ်ဝန်ဆောင်၍သားတစ်ယောက်ကိုဖွား မြင်လေ၏။ ထိုအခါသူက``ဘုရားသခင်သည် ငါ့အားသားကိုပေးသနားတော်မူခြင်းဖြင့် ငါကဲ့ရဲ့ခံရခြင်းကိုဖယ်ရှားတော်မူပြီ။- 24 ထာဝရဘုရားသည်ငါ့အားသားကိုထပ် ၍ပေးတော်မူပါစေသော'' ဟုဆိုလျက်ထို သားကိုယောသပ်ဟူ၍နာမည်မှည့်လေသည်။
ယာကုပ်နှင့်လာဗန်တို့စီးပွားခွဲကြခြင်း
25 ယောသပ်ကိုဖွားမြင်ပြီးနောက်ယာကုပ်က လာဗန်အား``ကျွန်ုပ်ကိုနေရင်းပြည်သို့ပြန် ခွင့်ပေးပါ။- 26 ကျွန်ုပ်သည်ဦးရီးထံ၌အလုပ်လုပ်၍ရသော မယားများနှင့်တကွ သားသမီးတို့ကိုခေါ် ဆောင်လျက်ထွက်ခွာသွားပါရစေ။ ကျွန်ုပ်သည် ဦးရီးအတွက်မည်မျှကြိုးစားလုပ်ကိုင်ပေး ခဲ့ကြောင်းဦးရီးသိပါ၏'' ဟုပြောလေ၏။
27 ထိုအခါလာဗန်က``ငါလည်းပြောပါရစေ။ ထာဝရဘုရားသည်သင့်ကြောင့်ငါ့အား ကောင်းချီးပေးတော်မူကြောင်းကိုငါသိ မြင်လာရပြီ။- 28 သင်အလိုရှိသောအခကိုပြောပါ။ ထိုအခ ကိုငါပေးမည်'' ဟုဆိုလေ၏။
29 ယာကုပ်က``ကျွန်ုပ်သည်ဦးရီးအတွက်မည်ကဲ့ သို့လုပ်ကိုင်ပေးခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ် ၏ထိန်းကျောင်းမှုကြောင့်ဦးရီး၏တိရစ္ဆာန်များ မည်မျှတိုးပွားလာကြောင်းကိုလည်းကောင်း ဦးရီးသိမြင်ရပါပြီ။- 30 ကျွန်ုပ်မရောက်မီကဦးရီး၌တိရစ္ဆာန်အနည်း ငယ်မျှသာရှိ၍ ယခုမြောက်မြားစွာတိုးပွား လျက်ရှိပါသည်။ ကျွန်ုပ်ကြောင့်ထာဝရဘုရား သည်ဦးရီးအားကောင်းချီးပေးတော်မူပြီ။ ယခုကျွန်ုပ်သည်ကိုယ့်စီးပွားကိုရှာရမည့် အချိန်ရောက်ပါပြီ'' ဟုဆိုလေ၏။
31 ထိုအခါလာဗန်က``သင့်အတွက်အခမည် မျှပေးရမည်နည်း'' ဟုမေး၏။
ယာကုပ်က``အခမယူလိုပါ။ ဦးရီးက ကျွန်ုပ်၏အကြံပေးချက်ကိုလက်ခံလျှင် ကျွန်ုပ်သည်ဦးရီး၏တိရစ္ဆာန်များကိုဆက် လက်ထိန်းကျောင်းပါမည်။- 32 ယနေ့ကျွန်ုပ်သည်တိရစ္ဆာန်အုပ်တို့ကိုလှည့်လည် ၍ကြည့်ရှုပါမည်။ ၎င်းတို့အထဲတွင်တွေ့ရှိရ သောသိုးအနက်နှင့်အပြောက်အကျားဆိတ် များကိုကျွန်ုပ်ယူပါမည်။ ထိုတိရစ္ဆာန်တို့သည် ကျွန်ုပ်အတွက်အခဖြစ်ပါစေ။- 33 နောင်အခါကျွန်ုပ်၌ရိုးသားမှုရှိမရှိကိုဦး ရီးလွယ်ကူစွာသိရှိနိုင်ပါမည်။ ဦးရီးက ကျွန်ုပ်အားအခအဖြစ်နှင့်ပေးသောသိုးဆိတ် များကိုစစ်ဆေးကြည့်ရှုသောအခါ၌ အကွက် အပြောက်ပါသောဆိတ်နှင့်မည်းနက်သောသိုး များကလွဲ၍ အခြားသိုးဆိတ်များကိုတွေ့ ရှိပါက၎င်းတို့ကိုခိုးယူကြောင်းသိနိုင် ပါလိမ့်မည်'' ဟုဆိုလေ၏။
34 လာဗန်က``သဘောတူပါသည်။ သင်၏အကြံ ပေးချက်အတိုင်းလိုက်နာကြစို့'' ဟုပြောလေ၏။- 35 ထိုနေ့၌ပင်လာဗန်သည်အပြောက်အကျား ဆိတ်ထီး၊ အကွက်အပြောက်သို့မဟုတ်အဖြူ ပြောက်ပါရှိသောဆိတ်မရှိသမျှတို့ကိုလည်း ကောင်း၊ သိုးအနက်အားလုံးတို့ကိုလည်းကောင်း ရွေးထုတ်ပြီးလျှင်မိမိ၏သားတို့လက်သို့ ပေးအပ်လေ၏။- 36 ထိုနောက်ထိုသိုးဆိတ်များကို ယာကုပ်နှင့်သုံး ရက်ခရီးအကွာအရပ်သို့ပို့ဆောင်ထားစေ၏။ ယာကုပ်ကမူလာဗန်၌ကျန်ရှိသောအခြား သိုးဆိတ်တို့ကိုထိန်းကျောင်းလျက်နေလေသည်။
37 ယာကုပ်သည်ထင်းရှူးပင်၊ ဗာဒံပင်၊ ပိုးဇာပင် တို့၏သစ်စိမ်းကိုင်းများကိုယူ၍ အဖြူတန်း များပေါ်အောင်အခွံကိုခွာပစ်ပြီးနောက်၊- 38 သိုးဆိတ်များ၏ရေသောက်ခွက်များရှေ့တွင် ထိုသစ်ကိုင်းများကိုချထားလေသည်။ တိရစ္ဆာန် တို့သည်ရေသောက်လာသောအခါ မိတ်လိုက် တတ်သောကြောင့်ထိုသို့ချထားခြင်းဖြစ်သည်။- 39 သိုးဆိတ်တို့သည်သစ်ကိုင်းများရှေ့တွင်မိတ် လိုက်ကြသဖြင့် အကွက်အပြောက်အကျား သားကောင်များပေါက်ပွားလာကြသည်။
40 ယာကုပ်သည်သိုးအုပ်နှင့်ဆိတ်အုပ်တို့ကိုခွဲ ခြားထားပြီးလျှင် လာဗန်၏တိရစ္ဆာန်အုပ်ထဲမှ အပြောက်အကျားနှင့်မည်းနက်သောအကောင် တို့ကိုမျက်နှာမူစေသည်။ ထိုနည်းအားဖြင့် သူပိုင်သောသိုးဆိတ်များပွားများလာ၍ လာဗန်၏သိုးဆိတ်အုပ်နှင့်သီးခြားထား ရှိလေသည်။
41 ယာကုပ်သည်သန်စွမ်းသောတိရစ္ဆာန်များမိတ် လိုက်ကြသည့်အခါ သစ်ကိုင်းများကိုမြင်၍ မိတ်လိုက်စေရန်ရေသောက်ခွက်များ၌သစ် ကိုင်းများကိုချထားလေ့ရှိ၏။- 42 ချည့်နဲ့သောတိရစ္ဆာန်များရှေ့၌မူသစ်ကိုင်း များကိုမချထားချေ။ မကြာမီလာဗန် ပိုင်သောသိုးဆိတ်များသည်အားအင်ချည့်နဲ့ ၍ယာကုပ်ပိုင်သောသိုးဆိတ်များသည်သန် စွမ်းကြ၏။- 43 ဤနည်းအားဖြင့်ယာကုပ်သည်ပစ္စည်းဥစ္စာ အလွန်ချမ်းသာလာလေ၏။ သူ၌သိုးအုပ်၊ ဆိတ်အုပ်၊ ကျွန်၊ ကုလားအုတ်၊ မြည်းစသည် တို့တိုးပွားများပြားလာလေသည်။