31
လာဗန်ထံမှယာကုပ်ထွက်ပြေးခြင်း
1 လာဗန်၏သားတို့က``ငါတို့၏ဖခင်ပိုင်သမျှ ပစ္စည်းတို့ကိုယာကုပ်ယူသွားလေပြီ။ ဖခင်ပိုင် ဆိုင်သောပစ္စည်းဖြင့်သူ၌စီးပွားတက်လာပြီ'' ဟူ၍ပြောဆိုသံကိုယာကုပ်ကြားသိရလေ သည်။- 2 ထို့အပြင်လာဗန်သည်ယခင်ကကဲ့သို့သူ့ အားမကြည်ဖြူကြောင်းကိုလည်းတွေ့မြင် ရသည်။- 3 သို့ဖြစ်၍ထာဝရဘုရားက``သင်၏ဘိုးဘေး တို့နှင့်ဆွေမျိုးသားချင်းတို့နေထိုင်ရာပြည် သို့ပြန်လော့။ ငါသည်သင်နှင့်အတူရှိမည်'' ဟု ယာကုပ်အားမိန့်တော်မူ၏။
4 ထို့ကြောင့်ယာကုပ်သည်ရာခေလနှင့်လေအာ တို့ကိုသူ၏သိုး၊ ဆိတ်အုပ်များရှိရာလယ်ထဲ သို့ခေါ်ပြီးလျှင်၊- 5 ``သင်တို့၏ဖခင်သည်ယခင်ကကဲ့သို့ငါ့ အားမကြည်ဖြူကြောင်းငါတွေ့ရသည်။ သို့ ရာတွင်ငါ့အဖ၏ဘုရားသခင်သည်ငါ နှင့်အတူရှိတော်မူ၏။- 6 ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။- 7 သို့သော်လည်းသူသည်ငါ့ကိုလှည့်စား၍ငါ ရထိုက်သောအခကိုဆယ်ကြိမ်မျှပြောင်းလဲ ခဲ့လေပြီ။ သို့ရာတွင်ငါ့ကိုနစ်နာဆုံးရှုံးစေ ရန်ဘုရားသခင်သည်သူ့ကိုအခွင့်ပေးတော် မမူ။- 8 သင်တို့၏ဖခင်ကအပြောက်ပါရှိသောဆိတ် တို့သည်သင်၏အခဖြစ်သည်ဟုဆိုလျှင် ဆိတ် ရှိသမျှတို့သည်အပြောက်ပါရှိသောသား ကောင်များကိုမွေးကြ၏။ သူက`အစင်းပါသော ဆိတ်တို့သည်သင်၏အခဖြစ်သည်' ဟုဆိုလျှင် ဆိတ်ရှိသမျှတို့သည်အစင်းပါရှိသောသား ကောင်များကိုမွေးကြ၏။- 9 ထိုသို့အားဖြင့်ဘုရားသခင်သည်သင်၏ ဖခင်ထံမှဆိတ်အုပ်တို့ကိုယူ၍ငါ့အား ပေးတော်မူပြီ။
10 ``တိရစ္ဆာန်များမိတ်လိုက်ချိန်၌ငါသည်အိပ်မက် မြင်မက်ရာအိပ်မက်ထဲတွင်မိတ်လိုက်နေသော တိရစ္ဆာန်အထီးတို့သည် အကွက်၊ အပြောက်၊ အကျားများပါရှိသည်ကိုငါမြင်ရ၏။- 11 အိပ်မက်ထဲတွင်ဘုရားသခင်၏ကောင်းကင် တမန်က`ယာကုပ်' ဟုခေါ်လျှင်ငါက`ရှိပါ သည်အရှင်' ဟုထူးသော်၊- 12 ကောင်းကင်တမန်က`သင့်အားလာဗန်ပြုမူ သမျှတို့ကိုငါမြင်ရသဖြင့် မိတ်လိုက်နေ သောဆိတ်အထီးအားလုံးတို့သည် အကွက်၊ အပြောက်အကျားများပါရှိစေရန်ငါ စီရင်ပြီ။- 13 ငါသည်ကားဗေသလအရပ်၌သင်ကျောက် တုံးကိုမှတ်တိုင်အဖြစ်တည်၍ သံလွင်ဆီ လောင်းလျက်ဆက်ကပ်ပြီးလျှင်ငါ့အားသစ္စာ ပြုသောအခါ သင်ရူပါရုံတွင်မြင်ရသော ဘုရားဖြစ်တော်မူ၏။ သင်သည်ဤပြည်မှ ထွက်၍သင်၏နေရင်းပြည်သို့ပြန်ရန်ယခု ပြင်ဆင်လော့' ဟုငါ့အားမိန့်တော်မူလေ သည်'' ဟုဆို၏။✡က၊ ၂၈:၁၈-၂၂။
14 ရာခေလနှင့်လေအာတို့က``ကျွန်မတို့သည် ဖခင်ထံမှအမွေရစရာမရှိတော့ပါ။- 15 ဖခင်သည်ကျွန်မတို့အားသူစိမ်းများကဲ့သို့ ဆက်ဆံပါသည်။ ကျွန်မတို့ကိုရောင်းစား၍ရ သမျှငွေကိုသုံးစွဲခဲ့လေပြီ။- 16 ကျွန်မတို့၏ဖခင်ထံမှဘုရားသခင်သိမ်းယူ တော်မူသောဥစ္စာပစ္စည်းရှိသမျှတို့ကို ကျွန်မ တို့၏သားသမီးများပိုင်ပါသည်။ ဘုရားသခင် မိန့်မှာတော်မူသည့်အတိုင်းဆောင်ရွက်ပါလော့'' ဟုယာကုပ်အားပြောကြ၏။
17-18 သို့ဖြစ်၍ယာကုပ်သည်မိမိ၏ဖခင်ရှိရာ ခါနာန်ပြည်သို့ပြန်ရန်ပြင်ဆင်လေသည်။ သူ ၏သားသမီးနှင့်မယားတို့ကိုကုလားအုတ် များပေါ်တွင်စီးစေ၏။ သူသည်မက်ဆိုပိုတေး မီးယားပြည်၌ရရှိခဲ့သမျှသောဥစ္စာပစ္စည်း များကိုယူဆောင်လျက် မိမိ၏သိုးအုပ်၊ ဆိတ် အုပ်များကိုမောင်းနှင်လာခဲ့လေသည်။- 19 လာဗန်သည်သူ၏သိုးများကိုအမွေးညှပ် ရန်သွားနေချိန်ဖြစ်ရာ အိမ်တွင်သူမရှိခိုက် ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုခိုးယူခဲ့လေသည်။- 20 ယာကုပ်သည်လာဗန်အားအသိမပေးဘဲ ထွက်ခဲ့လေသည်။- 21 ဤသို့အားဖြင့်သူပိုင်ဆိုင်သမျှဥစ္စာပစ္စည်းတို့ ကိုယူ၍ အဆောတလျင်ခရီးထွက်ခဲ့ရာ သူ သည်ဥဖရတ်မြစ်ကိုဖြတ်ကျော်ပြီးနောက် ဂိလဒ်တောင်သို့ရှေ့ရှုခရီးဆက်ခဲ့လေ၏။
ယာကုပ်နောက်သို့လာဗန်လိုက်ခြင်း
22 သုံးရက်ကြာသောအခါ လာဗန်သည်ယာကုပ် ထွက်ပြေးကြောင်းကိုကြားသိရလေသည်။- 23 ထိုအခါသူသည်မိမိ၏သားချင်းတို့ကို ခေါ်၍ ယာကုပ်နောက်သို့ခုနစ်ရက်ကြာမျှ လိုက်ခဲ့ရာဂိလဒ်တောင်ဒေသသို့အရောက် တွင်မီလေ၏။- 24 ထိုနေ့ည၌အိပ်မက်ထဲတွင်ဘုရားသခင် သည်လာဗန်ထံသို့ကြွလာတော်မူ၍``သင် သည်ယာကုပ်အားမည်သို့မျှခြိမ်းခြောက်ခြင်း မပြုမိရန်သတိပြုလော့'' ဟုမိန့်တော်မူ၏။- 25 ယာကုပ်သည်တောင်ပေါ်၌လည်းကောင်း၊ လာဗန် နှင့်သားချင်းတို့သည်ဂိလဒ်တောင်ဒေသ၌ လည်းကောင်းစခန်းချကြလေသည်။
26 လာဗန်က``သင်သည်အဘယ်ကြောင့်ငါ့ကို လှည့်စား၍ ငါ၏သမီးများကိုစစ်သုံ့ပန်း များကဲ့သို့ခေါ်ဆောင်သွားရပါသနည်း။- 27 အဘယ်ကြောင့်တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါ့အားအသိပေးခဲ့လျှင်ငါသည်ပတ်သာ စောင်းငြင်းတီးလျက် မြူးတူးပျော်ရွှင်စွာ သင်တို့ကိုစေလွှတ်လိုက်မည်သာဖြစ်၏။- 28 သင်သည်ငါ့မြေးနှင့်သမီးများတို့ကိုပင် နမ်းရှုပ်နှုတ်ဆက်ခွင့်ကိုမပေး။ မိုက်လှသည် တကား။- 29 ငါသည်သင့်အားဘေးဒုက္ခရောက်စေနိုင်၏။ သို့ရာတွင်ယမန်နေ့ည၌ သင့်အဖ၏ဘုရား ကသင့်အားမည်သို့မျှမခြိမ်းခြောက်ရဟု ငါ့ကိုသတိပေးမိန့်မှာတော်မူခဲ့၏။- 30 သင်သည်သင့်မိဘတို့နေရပ်သို့ပြန်ရောက် လိုသည့်စိတ်ဇောကြောင့်ထွက်ခွာခဲ့ကြောင်းကို ငါသိ၏။ သို့ရာတွင်ငါ၏ဘုရားရုပ်တုများ ကိုအဘယ်ကြောင့်ခိုးယူသွားရသနည်း'' ဟု ယာကုပ်အားမေးလေ၏။
31 ထိုအခါယာကုပ်က``သင်သည်သမီးများ တို့ကိုအနိုင်အထက်သိမ်းယူထားမည်ဟု စိုးရိမ်သောကြောင့်ထွက်ပြေးခဲ့ရပါသည်။- 32 သင်၏ဘုရားရုပ်တုများခိုးယူသူကို တွေ့ရှိလျှင်ထိုသူအားဒဏ်ပေးမည်။ ကျွန်ုပ် တို့၏သားချင်းများကိုသက်သေထား၍ သင်ပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာကိုရှာပါလော့။ သင့်ဥစ္စာရှာတွေ့လျှင်ယူပါလော့'' ဟုဆို လေ၏။ လာဗန်၏ဘုရားရုပ်တုများကို ရာခေလခိုးယူခဲ့ကြောင်းယာကုပ်မသိချေ။
33 လာဗန်သည်ယာကုပ်၏တဲထဲသို့ဝင်၍ ရုပ်တုများကိုရှာ၏။ ထိုနောက်လေအာ၏ တဲနှင့်ကျွန်မိန်းမနှစ်ဦး၏တဲတို့တွင်ရှာ သော်လည်းမတွေ့ချေ။ ထို့နောက်ရာခေလ ၏တဲထဲသို့ဝင်လေ၏။- 34 ရာခေလသည်ဖခင်၏ဘုရားရုပ်တုများ ကိုကုလားအုတ်ကုန်းနှီးအိတ်ထဲ၌ထည့်ထား ၍ ထိုအိတ်ပေါ်တွင်ထိုင်နေ၏။ လာဗန်သည်တဲ တစ်တဲလုံးတွင်ရှာပါသော်လည်းရုပ်တုများ ကိုမတွေ့ရချေ။- 35 ရာခေလကလည်း``ကျွန်မသည်မိန်းမတို့၏ ဋ္ဌမ္မတာဖြစ်ပေါ်နေချိန်ဖြစ်၍ဖခင်၏ရှေ့မှာ မတ်တပ်မရပ်နိုင်သည်ကိုသည်းခံခွင့်လွှတ် ပါ'' ဟုဆိုလေ၏။ လာဗန်သည်ဘုရားရုပ်တု များကိုရှာသော်လည်းမတွေ့ရချေ။
36 ထိုအခါယာကုပ်သည်ဒေါသထွက်လျက်``ကျွန်ုပ် သည်အဘယ်အပြစ်ကိုကူးလွန်မိပါသနည်း။ အဘယ်ပြစ်မှုကြောင့်သင်သည်ကျွန်ုပ်နောက်သို့ အပြင်းအထန်လိုက်ရပါသနည်း။- 37 ယခုသင်သည်ကျွန်ုပ်၏ပစ္စည်းရှိသမျှကိုရှာ ဖွေပြီးပြီဖြစ်ရာသင်ပိုင်သောပစ္စည်းတစ်စုံတစ် ရာကိုရှာတွေ့ပါသလော။ သင်ပိုင်သောပစ္စည်းကို ရှာတွေ့လျှင်သင်၏သားချင်းနှင့်ကျွန်ုပ်၏သား ချင်းတို့ရှေ့မှောက်တွင်ထားပါ။ မည်သူ့ပစ္စည်းဖြစ် သည်ကိုသူတို့ကအဆုံးအဖြတ်ပေးပါစေ။- 38 ကျွန်ုပ်သည်သင်နှင့်အတူနှစ်ပေါင်းနှစ်ဆယ်နေ ထိုင်ခဲ့ပါသည်။ သင်၏သိုးမနှင့်ဆိတ်မတို့သည် သားမပေါက်ကြဟူ၍မရှိ။ သင့်သိုးထီးဆိတ် ထီးတို့ကိုကျွန်ုပ်သတ်၍မစား။- 39 သိုးတစ်ကောင်ကိုတောသားရဲကကိုက်သတ် လျှင် ကျွန်ုပ်သာလျှင်အမြဲအစားထိုးပေး ပါသည်။ သိုးသေရခြင်းမှာကျွန်ုပ်၏တာဝန် မရှိကြောင်းသက်သေထူရန်ထိုအသေကောင် ကိုသင့်ထံသို့မယူဆောင်ခဲ့ပါ။ နေ့အချိန် ၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေတိရစ္ဆာန်အခိုး ခံရလျှင်သင်သည်ကျွန်ုပ်အားထိုတိရစ္ဆာန် အတွက်အစားပေးလျော်စေ၏။- 40 ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။- 41 သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။- 42 အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
ယာကုပ်နှင့်လာဗန်တို့ပဋိညာဉ်ပြုကြခြင်း
43 လာဗန်က``ဤသမီးတို့သည်ငါ၏သမီးများ ဖြစ်၍ သူတို့၏သားသမီးများသည်လည်း ငါ၏သားသမီးများဖြစ်ကြ၏။ ဤသိုးအုပ် ဆိတ်အုပ်များသည်လည်းငါ၏တိရစ္ဆာန်များ ဖြစ်၏။ စင်စစ်အားဖြင့်သင်မြင်သမျှသော ဥစ္စာပစ္စည်းတို့ကိုငါပိုင်၏။ သို့သော်လည်းငါ ၏သမီးများနှင့်သူတို့၏သားသမီးတို့ ကိုငါစောင့်ရှောက်ထားရန်မဖြစ်နိုင်တော့ သဖြင့်၊- 44 သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
45 ထို့ကြောင့်ယာကုပ်သည်ကျောက်တုံးတစ်တုံး ကိုယူ၍ မှတ်တိုင်အဖြစ်စိုက်ထူလေသည်။- 46 ထိုနောက်သူ၏သားချင်းတို့အားကျောက်တုံး များကိုထပ်ဆင့်၍ပုံစေ၏။ ထိုနောက်သူတို့ သည်ကျောက်ပုံနားတွင်စားသောက်ကြလေသည်။- 47 လာဗန်ကယင်းကျောက်ပုံကိုယေဂါသဟာ ဒုသ11* ယေဂါသဟာဒုသ။ အာရမေဘာသာဖြင့်အမှတ်တရ ကျောက်ပုံဟုဆိုလိုသည်။ ဟူ၍လည်းကောင်း၊ ယာကုပ်ကဂိလဒ်12* ဂိလဒ်။ ဟေဗြဲဘာသာဖြင့်အမှတ်တရကျောက်ပုံ ဟုဆိုလိုသည်။ ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလေ သည်။- 48 ထိုနောက်လာဗန်က``ယနေ့၌ဤကျောက်ပုံ သည်သင်နှင့်ငါတို့နှစ်ဦးအတွက်သက်သေ ဖြစ်စေမည်'' ဟုယာကုပ်အားဆိုလေ၏။ ထို အကြောင်းကြောင့်ဤအရပ်ကိုဂိလဒ်ဟု ခေါ်တွင်စေကြ၏။- 49 လာဗန်ကဆက်၍``ငါတို့အချင်းချင်းတစ် ယောက်နှင့်တစ်ယောက်ခွဲခွာနေရစဉ်ထာဝရ ဘုရားသည်ငါတို့အားစောင့်ရှောက်တော်မူပါ စေသော'' ဟုဆိုလေသည်။ ထိုကြောင့်ဤအရပ် ကိုမိဇပါဟူ၍မှည့်ခေါ်လေသည်။- 50 လာဗန်ကတစ်ဖန်ဆက်၍``သင်သည်ငါ၏ သမီးတို့ကိုညှင်းဆဲလျှင်ဖြစ်စေ၊ အခြား သောမိန်းမများကိုထိမ်းမြားလျှင်ဖြစ်စေ ငါသည်ထိုအကြောင်းကိုမသိစေကာမူ ဘုရားသခင်သည်ငါတို့စပ်ကြားသက်သေ ဖြစ်တော်မူကြောင်းသတိရလော့။- 51 ဤကျောက်တုံးများသည်သင်နှင့်ငါတို့စပ် ကြားတွင် ပုံထားသောကျောက်ပုံဖြစ်၍ဤ ကျောက်သည်အမှတ်တရမှတ်တိုင်ဖြစ်၏။- 52 ငါသည်ဤကျောက်ပုံနှင့်မှတ်တိုင်ကိုကျော် လွန်၍ သင့်အားအန္တရာယ်ပြုမည်မဟုတ်ကြောင်း ကိုလည်းကောင်း၊ သင်သည်လည်းဤကျောက်ပုံ နှင့်မှတ်တိုင်ကိုကျော်လွန်၍ ငါ့အားအန္တရာယ် ပြုမည်မဟုတ်ကြောင်းကိုလည်းကောင်း ဤ ကျောက်ပုံနှင့်ဤမှတ်တိုင်သည်သက်သေ ဖြစ်ပါစေသား။- 53 အာဗြဟံ၏ဘုရားနှင့်နာခေါ်၏ဘုရား သည်ငါတို့နှစ်ဦးစပ်ကြားတွင်စီရင်တော် မူစေသတည်း'' ဟုသစ္စာအဋ္ဌိဋ္ဌာန်ပြုလေ၏။ ထိုနောက်ယာကုပ်သည်လည်းသူ၏ဖခင် ဣဇာက်ကိုးကွယ်သောဘုရားသခင်၏နာမ တော်ကိုတိုင်တည်၍သစ္စာအဋ္ဌိဋ္ဌာန်ဆို၏။- 54 သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။- 55 နောက်တစ်နေ့နံနက်စောစော၌လာဗန်သည် သူ၏မြေးများနှင့်သမီးတို့ကိုနမ်းရှုပ်နှုတ် ဆက်၍ ကောင်းချီးပေးပြီးလျှင်မိမိနေရပ် သို့ပြန်လေ၏။