ဟော​ရှေ​အ​နာ​ဂတ္တိ​ကျမ်း
နိ​ဒါန်း
ပ​ရော​ဖက်​ဟော​ရှေ​သည်​ပ​ရော​ဖက်​အာ​မုတ် နောက် ဣ​သ​ရေ​လ​နိုင်​ငံ​မြောက်​ပိုင်း​တွင်​ဟော ပြော​သော​ပ​ရော​ဖက်​ဖြစ်​သည်။ ထို​ခေတ်​ကာ​လ သည်​ဘီ​စီ ၇၂၁ ခု​နှစ်​တွင်​ရှ​မာ​ရိ​ပြည်​မ​ကျ ဆုံး​မီ​တိုင်း​ပြည်​မ​ငြိမ်​မ​သက်​ဖြစ်​နေ​သော အ​ချိန်​ဖြစ်​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရုပ်​တု​ဆင်း​တု​များ​ကို​ကိုး​ကွယ် ၍ ဘု​ရား​သ​ခင်​အ​ပေါ်​သစ္စာ​မ​ရှိ​ခြင်း​ကို အ​ဋ္ဌိ​က​အား​ဖြင့်​သ​တိ​ပေး​နှိုး​ဆော်​လေ သည်။ ဟော​ရှေ​သည်​ထို​ကဲ့​သို့​ဣ​သ​ရေ​လ အ​မျိုး​သား​များ​သစ္စာ​ဖောက်​ဖျက်​ခြင်း​ကို၊ သစ္စာ​မဲ့​သော​မိန်း​မ​နှင့်​ပေါင်း​သင်း​ရ​သ​ဖြင့် မိ​မိ​၏​အိမ်​ထောင်​ရေး​ပျက်​စီး​ရ​ခြင်း​နှင့် ပုံ​ပ​မာ​ဆောင်​၍​ရဲ​ဝံ့​စွာ​ထုတ်​ဖော်​လေ​သည်။ သူ​၏​ဇ​နီး​ဂေါ​မာ​သည်​သူ့​အား​သစ္စာ​မဲ့ သည့်​နည်း​တူ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု သည်​လည်း ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​လေ ပြီ။ ထို​အ​ပြစ်​အ​တွက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ သို့​သော်​လည်း​နောက်​ဆုံး​၌​ဘု​ရား​သ​ခင် ၏​တည်​မြဲ​သော​ကျေး​ဇူး​က​ရု​ဏာ​တော် သည်​အောင်​မြင်​မှု​ရ​၍ ထို​နိုင်​ငံ​ကို​မိ​မိ ထံ​ပြန်​လည်​ခေါ်​ဆောင်​၍​မိတ်​သ​ဟာ​ယ ဖွဲ့​စေ​တော်​မူ​မည်။ ထို​မေတ္တာ​တော်​ကို``အို ဣ​သ​ရေ​လ၊ ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း၊ ငါ​သည်​သင့်​ကို​မည် သို့​ပစ်​ထား​နိုင်​မည်​နည်း၊ သင်​တို့​အ​ပေါ် ၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည်​ကြီး​မား​လှ သော​ကြောင့် ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့ မ​ပြု​ရက်​နိုင်၊'' (၁၁:၈) ဟူ​သော​က​ရု​ဏာ စ​ကား​များ​အ​ရ​ထင်​ရှား​ပေ​သည်။
အ​ကြောင်း​ကြီး​များ
ဟော​ရှေ​၏​မိ​သား​စု​နှင့်​အိမ်​ထောင်​ရေး ၁:၁-၃:၅
ဣ​သ​ရေ​လ​အမျိုး​သား​တို့​အ​တွက်​သ​တိ​ပေး စ​ကား​များ ၄:၁-၁၃:၁၆
နောင်​တ​တ​ရား​နှင့်​က​တိ​တော်​ဆိုင်​ရာ​မိန့်​မှာ ချက်​များ ၁၄:၁-၉
1
ယု​ဒ​နိုင်​ငံ​တွင်​သြ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တွင်​ယော​ရှ​မင်း​၏​သား​ယေ​ရော​ဗောင်​မင်း​တို့ စိုး​စံ​သည့်​လက်​ထက်​၌ ဗေ​ရိ​၏​သား​ဟော​ရှေ ထံ​သို့​ရောက်​ရှိ​လာ​သော​ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​ကပတ်​တော်​ကား​ဤ​သို့​တည်း။ ၄ရာ၊ ၁၄:၂၃-၁၅:၇၊ ၁၅:၃၂-၁၆:၂၀၊ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၆:၁-၂၇:၈၊ ၂၈:၁-၃၂:၃၃။
ဟော​ရှေ​၏​ဇ​နီး​နှင့်​သား​သ​မီး​များ
ထာ​ဝ​ရ​ဘု​ရား​သည်​ဟော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဦး​စွာ မိန့်​တော်​မူ​သည်​မှာ``သင်​သည်​သွား​၍​အ​မျိုး သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​လော့။ သင် ၏​ဇ​နီး​သည်​သစ္စာ​မဲ့​သူ​ဖြစ်​လိမ့်​မည်။ သင်​၏ သား​သ​မီး​များ​သည်​လည်း​သင်​၏​ဇနီး​ကဲ့ သို့​သစ္စာ​မဲ့​သူ​များ​ဖြစ်​လိမ့်​မည်။ ငါ​၏ လူ​စု​သည်​လည်း​ထို​နည်း​တူ​စွာ​ငါ့​ကို စွန့်​၍​သစ္စာ​ဖောက်​ကြ​ပြီ'' ဟု​မိန့်​တော် မူ​၏။- သို့​ဖြစ်​၍​ဟော​ရှေ​သည်​ဒိ​ဗ​လိမ်​၏​သမီး ဂေါ​မာ​ဆို​သူ​နှင့်​အိမ်​ထောင်​ပြု​လေ​သည်။ သူ​တို့​တွင်​သား​ဦး​တစ်​ယောက်​ကို​ဖွား မြင်​ပြီး​နောက်၊- ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ​အား``သင်​၏​သား ကို`ယေ​ဇ​ရေ​လ' ဟု​နာ​မည်​မှည့်​လော့၊ အ​ဘယ် ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ​ဘုရင်​၏​ဘိုး​တော် ယေ​ဟု​သည် ယေ​ဇ​ရေ​လ​မြို့​တွင်​သတ်​ဖြတ် လုပ်​ကြံ​ခဲ့​သည့်​လူ​သတ်​မှု​များ​အ​တွက် ငါ သည်​ဣ​သ​ရေ​လ​ဘု​ရင်​ကို​ဒဏ်​ခတ်​မည်။ ယေ​ဟု​မင်း​ဆက်​ကို​တိမ်​ကော​စေ​မည်။- ၄ရာ၊ ၁၀:၁၁။ ထို​အ​ချိန်​ကျ​ရောက်​လျှင်​ငါ​သည်​ယေ​ဇ​ရေ​လ ချိုင့်​ဝှမ်း​တွင် ဣ​သ​ရေ​လ​နိုင်​ငံ​၏​အာ​ဏာ​စက် ကို​ပျက်​သုဉ်း​စေ​မည်'' ဟု​မိန့်​တော်​မူ​သည်။
ဂေါ​မာ​တွင်​ဒု​တိ​ယ​က​လေး​တစ်​ယောက်​ဖွား မြင်​လေ​၏။ ထို​က​လေး​သည်​သ​မီး​မိန်း​က​လေး ဖြစ်​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​ကို နောင်​အ​ခါ​တွင် သ​နား​ကြင်​နာ​၍​အ​ပြစ် လွှတ်​မည်​မ​ဟုတ်​သော​ကြောင့်​ထို​သ​မီး ကို`မေ​တ္တာ​မဲ့' ဟု​နာ​မည်​မှည့်​လော့။- ငါ​သည်​ယု​ဒ​ပြည်​သား​တို့​ကို​မူ​ကား သ​နား​ကြင်​နာ​ဦး​မည်။ သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ အား​ကယ်​တင်​မည်။ သို့​ရာ​တွင်​စစ်​တိုက် ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ လေး၊ မြား၊ ဋ္ဌား၊ မြင်း၊ မြင်း​တပ်​အား​ဖြင့်​လည်း​ကောင်း​သူ တို့​အား​ကယ်​တင်​မည်​မ​ဟုတ်။
ဂေါ​မာ​သည်​သ​မီး​ကို​နို့​ခွဲ​ပြီး​သော​အ​ခါ ပ​ဋိ​သန္ဓေ​စွဲ​၍​သား​တစ်​ယောက်​ကို​ဖွား​မြင် ၏။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​ဟော​ရှေ အား``ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ငါ ၏​လူ​စု​မ​ဟုတ်၊ ငါ​သည်​လည်း​သူ​တို့​၏ ဘု​ရား​သ​ခင်​မ​ဟုတ်​သော​ကြောင့်​ထို​သား ကို`ငါ့​လူ​မျိုး​မ​ဟုတ်' ဟု​နာ​မည်​မှည့်​လော့'' ဟု​မိန့်​တော်​မူ​၏။
ဣ​သ​ရေ​လ​နိုင်​ငံ​တစ်​ဖန်​ကြီး​ပွား​တိုး​တက်​လာ​မည်
10 ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ပင်​လယ်​ထဲ​မှ သဲ​ပွင့်​များ​ကဲ့​သို့ မ​ရေ​မ​တွက်​မ​တိုင်း​မ​တာ နိုင်​လောက်​အောင်​များ​ပြား​ကြ​လိမ့်​မည်။ ယ​ခု အ​ခါ​၌​ဘု​ရား​သ​ခင်​က​သူ​တို့​အား``သင် တို့​သည်​ငါ​၏​လူ​စု​မ​ဟုတ်'' ဟု​မိန့်​တော်​မူ သော်​လည်း​နောင်​တစ်​နေ့​တွင်``သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏ သား​သ​မီး​များ​ဖြစ်​ကြ​၏'' ဟု​မိန့်​တော် မူ​လိမ့်​မည်။- ရော၊ ၉:၂၆။ 11 ယု​ဒ​ပြည်​သား​တို့​နှင့်​ဣ​သ​ရေ​လ​ပြည် သား​တို့​သည်​ပြန်​လည်​ပေါင်း​စည်း​ကြ​လိမ့် မည်။ သူ​တို့​သည်​သူ​တို့​အ​တွက်​ခေါင်း​ဆောင် တစ်​ဦး​ကို​ရွေး​ကောက်​တင်​မြှောက်​ကြ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​တွင်​ကြီး​ပွား တိုး​တက်​လာ​ကြ​လိမ့်​မည်။ ယေ​ဇ​ရေ​လ​နေ့ သည်​နေ့​ကြီး​ရက်​ကြီး​ဖြစ်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

1:1 ၄ရာ၊ ၁၄:၂၃-၁၅:၇၊ ၁၅:၃၂-၁၆:၂၀၊ ၁၈:၁-၂၀:၂၁။ ၆ရာ၊ ၂၆:၁-၂၇:၈၊ ၂၈:၁-၃၂:၃၃။

1:4 ၄ရာ၊ ၁၀:၁၁။

1:10 ရော၊ ၉:၂၆။