2
1 သို့ဖြစ်၍သင်တို့သည်ဣသရေလနိုင်ငံ သားချင်းတို့အား``ဘုရားသခင်၏လူစု'' ဟူ၍လည်းကောင်း၊ ``ထာဝရဘုရားသနား ကြင်နာသူများ'' ဟူ၍လည်းကောင်းကင်ပွန်း တပ်ခေါ်ကြလော့။
သစ္စာမဲ့သောဂေါမာသစ္စာမဲ့သောဣသရေလ
2 ငါ၏သားသမီးတို့သင်တို့၏မိခင်အားမေတ္တာ ရပ်ခံလော့။ သူသည်ငါ၏ဇနီးမဟုတ်တော့ ပြီ။ ငါသည်လည်းသူ၏ခင်ပွန်းမဟုတ်တော့ ပြီ၊ သို့ရာတွင်မျောက်မထားသောအကျင့် နှင့်ပြည့်တန်ဆာအလုပ်ကိုစွန့်ရန် သင်တို့ ၏မိခင်အားမေတ္တာရပ်ခံလော့။- 3 ထိုအကျင့်များကိုမစွန့်လျှင်ငါသည်သူ၏ အဝတ်ကိုချွတ်၍ သူမွေးသည့်နေ့ကကဲ့သို့ အဝတ်အချည်းစည်းရှိစေမည်၊ သူ့အားသွေ့ ခြောက်၍အသုံးမကျသောလွင်ပြင်ကဲ့သို့ ဖြစ်စေသဖြင့် သူသည်ရေငတ်၍အသက် ဆုံးရလိမ့်မည်။- 4 သူ၏သားသမီးတို့သည်ပြည့်တန်ဆာမ ၏သားသမီးများဖြစ်လာကြသောကြောင့် ငါသည်သူတို့အားသနားကြင်နာမည် မဟုတ်။- 5 သူတို့မိခင်သည်သစ္စာမဲ့လျက်သူတို့အား အရှက်မဲ့စွာမွေးဖွားခဲ့၏။ သူကိုယ်တိုင် က``ငါ့အားစားစရာအစာရေစာ၊ သိုး မွေး၊ ချည်နှင့်သံလွင်ဆီ၊ စပျစ်ရည်ကို ပေးသောချစ်သူတို့နောက်သို့ငါလိုက် မည်'' ဟုဆို၏။
6 သို့ဖြစ်၍ငါသည်သူမထွက်နိုင်ရန်ဆူး စည်းရိုးခတ်၍ လမ်းရှာမတွေ့နိုင်ရန်တံ တိုင်းဖြင့်ကာရံထားမည်။- 7 သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။
8 သူသည်ဗာလဘုရားကိုဝတ်ပြုရာ၌ ပူဇော်ဆက်သသောဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ရွှေနှင့်ငွေတို့ကိုငါ့ထံမှရရှိ သည်ဟုသူမသိ။- 9 သို့ဖြစ်၍ငါသည်ကောက်ရိတ်သိမ်းချိန်တွင် ငါ၏ဂျုံစပါးနှင့်စပျစ်ရည်ကိုလည်း ကောင်း၊ သူဝတ်ရန်ငါပေးထားသောသိုးမွေး နှင့်ချည်ကိုလည်းကောင်းပြန်၍သိမ်းယူမည်။- 10 ငါသည်သူ၏ချစ်သူများရှေ့တွင်သူ၏ အဝတ်ရှိသမျှကိုချွတ်ပစ်မည်။ ငါ၏လက် တွင်းမှသူ့အားမည်သူမျှမကယ်နိုင်။- 11 သူ၏နှစ်စဉ်ပွဲတော်နှင့်လစဉ်ပွဲတော်များ၊ ဥပုသ် နေ့ပွဲတော်များစသောဘာသာရေးအစည်း အဝေးရှိသမျှတို့ကိုငါရပ်စဲစေမည်။- 12 သူ၏ချစ်သူများကသူ့အားလက်ဆောင် အဖြစ်ပေးသည်ဟုဆိုသောစပျစ်ပင်နှင့် သဖန်းပင်များကိုငါဖျက်ဆီးမည်။ ငါသည် သူ၏စပျစ်ခြံနှင့်သစ်သီးခြံတို့ကိုသားရဲ များကိုက်ဖြတ်ဖျက်ဆီးသဖြင့် ချုံနွယ်ပိတ် ပေါင်းထူသောအရပ်ဖြစ်စေမည်။- 13 သူသည်ငါ့ကိုမေ့လျော့ပြီးလျှင်ဗာလ ဘုရားအားနံ့သာပေါင်းကိုမီးရှို့ပူဇော် လျက် ရွှေငွေတန်ဆာများကိုဝတ်ဆင်၍ ချစ်သူများနောက်သို့လိုက်သည့်အခါများ အတွက်သူ့အားငါဒဏ်ခတ်မည်။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကားဖြစ်၏။
မိမိလူမျိုးတော်အပေါ်ထားသော ထာဝရဘုရား၏မေတ္တာတော်
14 သို့ဖြစ်၍ငါသည်သူ့ကိုတောကန္တာရသို့တစ် ဖန်ခေါ်ဆောင်၍ ထိုနေရာ၌ငါ့ထံသို့ပြန် လာရန်မေတ္တာစကားဖြင့်ဆွဲဆောင်မည်။- 15 သူ၏စပျစ်ခြံများကိုလည်းပြန်လည်ရှင် သန်စေ၍ အာခေါ်ဟူသောဒုက္ခချိုင့်ဝှမ်းကို မျှော်လင့်ရာတံခါးဖြစ်စေမည်။ သူသည် အသက်အရွယ်ငယ်စဉ်အီဂျစ်ပြည်မှထွက် လာသောအခါကကဲ့သို့ ငါ့အားမေတ္တာတုံ့ ပြန်လိမ့်မည်။-✡ယောရှု၊ ၇:၂၄-၂၆။ 16 ထိုအခါသူသည်ငါ့အားဗာလဟုမခေါ် တော့ဘဲခင်ပွန်းဟုတစ်ဖန်ခေါ်လိမ့်မည်။- 17 သူသည်ဗာလဟူသောအမည်ကိုသူ၏နှုတ် မှဖယ်ရှားမည်၊ နောက်တစ်ဖန်မခေါ်စေရ။- 18 ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။
19 ဣသရေလ၊ငါသည်သင့်အားဇနီးအဖြစ် သိမ်းပိုက်မည်။ သင့်အပေါ်၌ငါ၏သစ္စာခိုင်မြဲမည်။
သင့်အားမေတ္တာကရုဏာထား၍တရားဝင် ဇနီးအဖြစ်ရာသက်ပန်သိမ်းပိုက်မည်။
20 ငါ၏ကတိသစ္စာနှင့်အညီသင့်ကိုငါသိမ်း ပိုက်မည်။
သင်သည်ငါ့ကိုထာဝရဘုရားအဖြစ် အသိအမှတ်ပြုလိမ့်မည်။
21-22 ထိုအခါ၌ငါ၏လူမျိုးတော်
ဣသရေလအမျိုးသားတို့၏ဆုတောင်း ပတ္ထနာကို နားညောင်းတော်မူမည်။
ငါသည်မြေကြီးပေါ်တွင်မိုးကိုရွာစေသဖြင့်
မြေကြီးမှစပါး၊ စပျစ်သီးနှင့်သံလွင်သီး များ သီးလိမ့်မည်။
23 ငါသည်ငါ၏လူမျိုးတော်ကိုပြည်တော်တွင်နေ ထိုင်စေ၍ သူတို့အားကြီးပွားတိုးတက်စေမည်။
ငါသည်``မေတ္တာမဲ့'' နာမည်ခံသူတို့ကို ချစ်ခင်မြတ်နိုးမည်။
``ငါ၏လူမျိုးတော်မဟုတ်'' နာမည်ခံသူတို့ကို
ငါက`သူတို့သည်ငါ၏လူမျိုးတော်ဖြစ်သည်' ဟု မိန့်တော်မူ၍
သူတို့က``ကိုယ်တော်သည်အကျွန်ုပ်တို့၏ ဘုရားသခင် ဖြစ်သည်'' ဟုပြန်၍လျှောက်ထားကြလိမ့်မည်။✡ရော၊ ၉:၂၅။ ၁ပေ၊ ၂:၁၀။