တော​လည်​ရာ​ကျမ်း
နိ​ဒါန်း
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိ​နာ​တောင်​ပေါ်​မှ​ထွက်​ခွာ​လာ​၍ သူ​တို့​အား​ဘု​ရား​သ​ခင်​ပေး​တော်​မူ​မည်​ဟု​က​တိ​ထား​သည့်​ခါ​နာန်​ပြည်​၏​အ​ရှေ့​ဘက်​နယ်​စပ်​သို့​ရောက်​ရှိ​သည်​အ​ထိ နှစ်​ပေါင်း​လေး​ဆယ်​နီး​ပါး​ခန့်​ကြာ​သည့်​ခ​ရီး​အ​ကြောင်း​ကို​တော​လည်​ရာ​ကျမ်း​တွင်​ဖော်​ပြ​သည်။ ဤ​ကျမ်း​၏​ပေါ်​လွင်​သော​အ​ချက်​မှာ​သူ​တို့​ခ​ရီး​စ​၍ မ​ထွက်​မီ​သိ​နာ​တောင်​၌​လည်း​ကောင်း၊ လူ​မျိုး​ဆက်​တစ်​ဆက်​ခန့်​လွန်​ပြီး​နောက်​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၊ မော​ဘ​လွင်​ပြင်​၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​ခြင်း​ဖြစ်​သည်။ သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း​နှစ်​ကြိမ်​စပ်​ကြား​ကာ​လ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခါ​နာန်​ပြည်​၏​တောင်​ဘက်​နယ်​စပ်​တွင်​တည်​ရှိ​သော ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သို့​ရောက်​ရှိ​နေ​သော်​လည်း ခါ​နာန်​ပြည်​ထဲ​သို့​ထို​အ​ရပ်​မှ​မ​ဝင်​ရောက်​နိုင်​ခဲ့​ကြ​ချေ။ သူ​တို့​သည်​ယင်း​အ​ရပ်​တွင်​နှစ်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​နောက် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ဒေ​သ​သို့​ရောက်​ရှိ​ပြီး​လျှင်​လူ​အ​ချို့​တို့​သည် ထို​ဒေ​သ​၌​အ​ခြေ​ချ​နေ​ထိုင်​၍ ကျန်​လူ​တို့​သည်​ခါ​နာန်​ပြည်​ထဲ​သို့​မြစ်​ကို​ကူး​၍​ဝင်​ရောက်​ရန်​ပြင်​ဆင်​ကြ​သည်။
တော​လည်​ရာ​ကျမ်း​တွင်​ဆင်း​ရဲ​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​သော​အ​ခါ စိတ်​ပျက်​ကြောက်​ရွံ့​လွယ်​၍​ဘု​ရား​သ​ခင်​အား​လည်း​ကောင်း၊ သူ​တို့​ကို​ဦး​ဆောင်​ရန်​ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​သော​မော​ရှေ​အား​လည်း​ကောင်း မ​ကြာ​ခ​ဏ​ပုန်​ကန်​တတ်​သော​လူ​မျိုး​အ​ကြောင်း​ကို​ဖော်​ပြ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​အား​နည်း​ချက်​နှင့်​နား​မ​ထောင်​တတ်​သော​သ​ဘော​ရှိ​သော်​လည်း ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​စောင့်​ရှောက်​မြဲ​စောင့်​ရှောက်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ တစ်​ခါ​တစ်​ရံ​သည်း​ညည်း​မ​ခံ​နိုင်​လောက်​အောင်​စိတ်​ပျက်​စ​ရာ​များ​နှင့်​တွေ့​ကြုံ​ရ​သော်​လည်း မော​ရှေ​သည်​ဘု​ရား​သ​ခင်​နှင့်​ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​အ​ပေါ်​၌​ထား​ရှိ​သော​သစ္စာ​အ​ကြောင်း​ကို​လည်း​ကောင်း ဤ​ကျမ်း​၌​ဖော်​ညွှန်း​ထား​သည်။
အ​ကြောင်း​အ​ရာ​အ​ကျဉ်း​ချုပ်
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သိ​နာ​တောင်​မှ​ထွက်​ခွာ​သွား​ရန်​ပြင်​ဆင်​ကြ​ခြင်း​၁:၁-၉:၂၃
(က) ပ​ထ​မ​ဦး​ဆုံး​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​ခြင်း ၁:၁-၄:၄၉
(ခ) ပ​ညတ်​များ​နှင့်​ဥ​ပ​ဒေ​များ ၅:၁-၈:၂၆
(ဂ) ဒု​တိ​ယ​ပ​သ​ခါ​ပွဲ​တော် ၉:၁-၂၃
သိ​နာ​တောင်​မှ​မော​ဘ​လွင်​ပြင်​သို့ ၁၀:၁-၂၁:၃၅
မော​ဘ​လွင်​ပြင်​၌​တွေ့​ကြုံ​ရ​သော​အ​ဖြစ်​အ​ပျက်​များ ၂၂:၁-၃၂:၄၂
အီ​ဂျစ်​ပြည်​မှ​မော​ဘ​လွင်​ပြင်​အ​ထိ​ခရီး​စဉ်​အ​ကျဉ်း​ချုပ် ၃၃:၁-၄၉
ယော်​ဒန်​မြစ်​ကို​မ​ဖြတ်​ကူး​မီ​ပေး​သော​ပ​ညတ်​များ ၃၃:၅၀-၃၆:၁၃
1
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ပ​ထ​မ​ဦး​ဆုံး​သန်း​ခေါင်​စာ​ရင်း​ကောက်​ခြင်း
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက် ဒု​တိ​ယ​နှစ်၊ ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တော​ကန္တာ​ရ​ရှိ​စံ​တော်​မူ​ရာ​တဲ​တော်​၌​မော​ရှေ​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။- တော၊ ၂၆:၁-၅၁။ 2-3 ``သင်​နှင့်​အာ​ရုန်​သည်​ဣ​သ​ရေလ​အ​မျိုး​သား​တို့​၏​သန်း​ခေါင်​စာ​ရင်း​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​ကောက်​ယူ​ရ​မည်။ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ အ​မျိုး​သား​အား​လုံး​၏​နာ​မည်​စာ​ရင်း​ကို​ကောက်​ယူ​လော့။- အ​နွယ်​တစ်​နွယ်​စီ​မှ​သား​ချင်း​စု​အ​ကြီး​အ​ကဲ​တစ်​ဦး​ကို သင်​တို့​အား​ကူ​ညီ​စေ​လော့'' ဟု​မိန့်​တော်​မူ​၏။- 5-16 သင်​တို့​နှင့်​အ​တူ​ကူ​ညီ​၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊
အ​နွယ် သား​ချင်း​စု​အ​ကြီး​အ​ကဲ
ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ
ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေ​လ
ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန်
ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ
ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ
ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ
မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ
ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန်
ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ
အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ
ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ်
န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ
17 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထို​အ​မျိုး​သား​ခေါင်း​ဆောင်​တို့​၏​အ​ကူ​အ​ညီ​ဖြင့်၊- 18-19 ဒု​တိ​ယ​လ၊ ပ​ထ​မ​နေ့​ရက်​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို​စု​ရုံး​လာ​စေ​၍ သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​သော​အ​မျိုး​သား​အား​လုံး​တို့​ကို စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​လေ​သည်။ မော​ရှေ​သည်​သိ​နာ​တော​ကန္တာ​ရ​ထဲ​တွင်​လူ​များ​ကို​စာ​ရင်း​ကောက်​ယူ​ခဲ့​၏။- 20-46 ယာ​ကုပ်​၏​သား​ဦး​ဖြစ်​သူ​ရု​ဗင်​၏​အ​နွယ်​မှ​အ​စ​ပြု​၍ စစ်​မှု​ထမ်း​နိုင်​သူ​အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​အ​ရွယ်​ရှိ​အ​မျိုး​သား​အား​လုံး​တို့​ကို သား​ချင်း​စု​နှင့်​မိ​သား​စု​အ​လိုက်​စာ​ရင်း​ကောက်​ယူ​လေ​၏။ စု​စု​ပေါင်း​လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။
အနွယ် ဦးရေ
ရု​ဗင် ၄၆၅၀၀
ရှိ​မောင် ၅၉၃၀၀
ဂဒ် ၄၅၆၅၀
ယု​ဒ ၇၄၆၀၀
ဣသ​ခါ ၅၄၄၀၀
ဇာ​ဗု​လုန် ၅၇၄၀၀
ဧ​ဖ​ရိမ် ၄၀၅၀၀
မ​နာ​ရှေ ၃၂၂၀၀
ဗင်္ယာ​မိန် ၃၅၄၀၀
ဒန် ၆၂၇၀၀
အာ​ရှာ ၄၁၅၀၀
န​ဿ​လိ ၅၃၄၀၀
စု​စု​ပေါင်း ၆၀၃၅၅၀
47 လူ​ဦး​ရေ​စာ​ရင်း​ကောက်​ယူ​ရာ​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​မ​ကောက်​ခဲ့​ချေ။- 48-49 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား``သင်​သည်​စစ်​မှု​မ​ထမ်း​နိုင်​သူ​ဦး​ရေ​စာ​ရင်း​ကို​မ​ကောက်​နှင့်။- 50 စစ်​မှု​ထမ်း​စေ​မည့်​အ​စား​ကောက်​ယူ​ရာ​တွင်​လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ငါ​စံ​တော်​မူ​ရာ​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​ထိန်း​သိမ်း​စေ​လော့။ သူ​တို့​သည်​တဲ​တော်​နှင့်​တဲ​တော်​ပစ္စည်း​များ​ကို​သယ်​ဆောင်​ရ​မည်။ သူ​တို့​သည်​တဲ​တော်​တွင်​အ​မှု​တော်​ကို​ထမ်း​၍​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​နေ​ထိုင်​ရ​မည်။- 51 သင်​တို့​သည်​စ​ခန်း​ပြောင်း​ရွှေ့​သည့်​အ​ခါ​တိုင်း​လေ​ဝိ​အ​မျိုး​သား​တို့​က တဲ​တော်​ကို​သိမ်း​၍​စခန်း​သစ်​ချ​ရာ​၌​တဲ​တော်​ကို​ပြန်​ထူ​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​တို့​မှ​လွဲ​၍ အ​ခြား​သူ​တစ်​ဦး​သည် တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။- 52 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​စု​အ​လိုက်၊ အ​ဖွဲ့​အ​လိုက်၊ မိ​မိ​တို့​၏​အ​လံ​အ​နား​မှာ​နေ​ရာ​ယူ​ရ​မည်။- 53 တစ်​စုံ​တစ်​ယောက်​သည်​တဲ​တော်​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ငါ​သည်​အ​မျက်​ထွက်​၍​တစ်​မျိုး​သား​လုံး​ကို​ဒဏ်​ခတ်​မည်​ဖြစ်​သည်။ သို့​ဖြစ်​၍​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​စောင့်​ကြပ်​ရန်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။- 54 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​အ​မိန့်​ပေး​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။

1:1 တော၊ ၂၆:၁-၅၁။