2
အ​နွယ်​လိုက်​စ​ခန်း​ချ​ပုံ
ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို​ပေး​တော်​မူ​၏။- ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​စ​ခန်း​ချ​သော​အ​ခါ လူ​တိုင်း​မိ​မိ​တပ်​နှင့်​ဆိုင်​သော​အ​လံ​နှင့် မိ​မိ​သား​ချင်း​စု​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တဲ​တော်​ပတ်​လည်​တွင်​စ​ခန်း​ချ​ရ​မည်။
3-9 အ​ရှေ့​ဘက်​မျက်​နှာ​တွင် ယု​ဒ​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။
အ​နွယ် ခေါင်း​ဆောင် ဦး​ရေ
ယု​ဒ အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ၇၄၆၀၀
ဣ​သ​ခါ ဇု​အာ​၏​သား​နာ​သ​နေ​လ ၅၄၄၀၀
ဇာ​ဗု​လုန် ဟေ​လုန်​၏​သား​ဧ​လျာ​ဘ ၅၇၄၀၀
စု​စု​ပေါင်း ၁၈၆၄၀၀
ယု​ဒ​တပ်​သည်​ရှေ့​ဆုံး​မှ​ချီ​တက်​ရ​မည်။
10-16 တောင်​ဘက်​မျက်​နှာ​တွင်​ရု​ဗင်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။
အ​နွယ် ခေါင်း​ဆောင် ဦး​ရေ
ရု​ဗင် ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ၄၆၅၀၀
ရှိ​မောင် ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေ​လု​မျေလ ၅၉၃၀၀
ဂဒ် ဒွေ​လ​၏​သား​ဧ​လျာ​သပ် ၄၅၆၅၀
စု​စု​ပေါင်း ၁၅၁၄၅၀
ရု​ဗင်​တပ်​သည်​ဒု​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။
17 အ​ရှေ့​မှ​ချီ​တက်​သော​တပ်​နှစ်​တပ်​နှင့်​အ​နောက်​မှ ချီ​တက်​သော​တပ်​နှစ်​တပ်​တို့​၏​အ​ကြား​တွင် လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​တဲ​တော်​ကို​သယ်​ဆောင်​၍​ချီ​တက်​ရ​ကြ​မည်။ တပ်​တစ်​တပ်​စီ​သည်​စ​ခန်း​ချ​သည့်​အ​ခါ မိ​မိ​တို့​အ​လံ​အ​နီး​တွင်​နေ​ရာ​ယူ​သည့်​အ​စီ​အ​စဉ်​အ​တိုင်း​ချီ​တက်​ရ​မည်။
18-24 အ​နောက်​ဘက်​မျက်​နှာ​တွင်​ဧ​ဖ​ရိမ်​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အစု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။
အ​နွယ် ခေါင်း​ဆောင် ဦး​ရေ
ဧ​ဖ​ရိမ် အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ ၄၀၅၀၀
မ​နာ​ရှေ ပေ​ဒါ​ဇု​ရ​၏​သား​ဂါ​မ​လျေ​လ ၃၂၂၀၀
ဗင်္ယာ​မိန် ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ၃၅၄၀၀
စု​စု​ပေါင်း ၁၀၈၁၀၀
ဧ​ဖ​ရိမ်​တပ်​သည်​တ​တိ​ယ​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။- 25-31 မြောက်​ဘက်​မျက်​နှာ​တွင်​ဒန်​၏​တပ်​နှင့်​ဆိုင်​သော​အ​လံ​အ​နီး​တွင် အောက်​ဖော်​ပြ​ပါ​အ​တိုင်း​အ​စု​လိုက်​မိ​မိ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​စ​ခန်း​ချ​ရ​မည်။
အ​နွယ် ခေါင်း​ဆောင် ဦး​ရေ
ဒန် အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ၆၂၇၀၀
အာ​ရှာ သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ၄၁၅၀၀
န​ဿ​လိ ဧ​နန်​၏​သား​အ​ဟိ​ရ ၅၃၄၀၀
စု​စု​ပေါင်း ၁၅၇၆၀၀
ဒန်​၏​တပ်​သည်​နောက်​ဆုံး​နေ​ရာ​မှ​လိုက်​၍​ချီ​တက်​ရ​မည်။
32 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​တပ်​အ​လိုက်​နှင့်​သား​ချင်း​စု​အ​လိုက်​လူ​ဦး​ရေ​စာ​ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​သိန်း​သုံး​ထောင့်​ငါး​ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။- 33 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို​စာ​ရင်း​ကောက်​၍​မှတ်​တမ်း​တင်​ထား​ခြင်း​မ​ရှိ​ချေ။
34 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​နှင့်​သက်​ဆိုင်​ရာ​အ​လံ​အ​နီး​တွင်​စ​ခန်း​ချကြ​၏။ ချီ​တက်​သည့်​အ​ခါ​သား​ချင်း​စု​အ​လိုက်​ချီ​တက်​ကြ​၏။