3
ကယ်မတော်မူရန်နံနက်ချိန်ဆုတောင်း ပတ္ထနာ2* ဟေဗြဲခေါင်းစဉ်။ ဒါဝိဒ်၏သားတော်အဗရှလုံထံမှထွက်ပြေး သောအခါစပ်ဆိုသောဆာလံ။
1 ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။
ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။
2 သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကို
ကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
3 သို့ရာတွင် အို ထာဝရဘုရား၊
ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။
ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို
ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
4 ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ
ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ
ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
5 ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ
စောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
6 မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသော
ရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။
7 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။
ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။
ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
8 ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။
ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။