4
ကူ​မ​တော်​မူ​ရန်​ည​နေ​ချိန်​ဆု​တောင်း​ပတ္ထနာ3 * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။
အို ဘု​ရား​သ​ခင်၊
ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ​တော်​မူ​သော​အ​ရှင်၊ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ထူး​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​စဉ်​အ​ခါ​၌​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​ခဲ့​ပါ​၏။
ယ​ခု​အ​ခါ​၌​လည်း​ကျွန်​တော်​မျိုး​အား သ​နား​တော်​မူ​၍
ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​ပါ။
 
အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။
အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍
အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။
 
ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​ဖို့​အ​လို့​ငှာ
သူ​တော်​ကောင်း​အား​ရွေး​ချယ်​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။
ငါ​ခေါ်​သော​အ​ခါ​ကိုယ်​တော်​ကြား​တော်​မူ​၏။
 
သင်​တို့​သည်​ကြောက်​လန့်​လျက်​အ​ပြစ်​ဒု​စ​ရိုက်​ကို ရှောင်​ကြ​လော့။
သင်​တို့​သည်​အိပ်​ရာ​ပေါ်​တွင်​တစ်​ကိုယ်​တည်း ဆိတ်​ငြိမ်​စွာ
ဤ​အ​ချက်​ကို​နက်​နက်​နဲ​နဲ​စဉ်း​စား​ဆင်​ခြင် ကြ​လော့။
ထာ​ဝ​ရ​ဘု​ရား​အား​ထိုက်​လျောက်​သည့်
ယဇ်​များ​ကို​ပူ​ဇော်​၍​ကိုယ်​တော်​ကို ယုံ​ကြည်​ကိုး​စား​ကြ​လော့။
 
``အို ထာ​ဝ​ရ​ဘု​ရား၊
ကောင်း​ချီး​မင်္ဂ​လာ​ကို​ထပ်​မံ​၍​ချ​ပေး​တော်​မူ​ပါ။
ကျွန်​တော်​မျိုး​တို့​အား​က​ရု​ဏာ​စိတ်​ဖြင့်
ကြည့်​တော်​မူ​ပါ'' ဟု​လူ​အ​များ​က​ဆု​တောင်း ကြ​၏။
သို့​ရာ​တွင်​ကျွန်​တော်​မျိုး​အား​ကိုယ်​တော် ပေး​တော်​မူ​သော​ဝမ်း​မြောက်​ခြင်း​သည်
ဂျုံ​စ​ပါး​နှင့်​စ​ပျစ်​ရည်​ပေါ​များ​သူ​တို့​ရ​ရှိ​သည့် ဝမ်း​မြောက်​ခြင်း​ထက်​သာ​လွန်​ပါ​၏။
 
ကျွန်​တော်​မျိုး​သည်​လဲ​လျောင်း​လိုက်​သော​အ​ခါ ငြိမ်​သက်​စွာ​အိပ်​ပျော်​သွား​ပါ​၏။
အို ထာ​ဝ​ရ​ဘု​ရား၊
ကိုယ်​တော်​သာ​လျှင်​ကျွန်​တော်​မျိုး​အား​လုံ​ခြုံ​စွာ နေ​နိုင်​ခွင့်​ကို​ပေး​တော်​မူ​ပါ​၏။

3^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ ဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။