99
ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​သော ဘု​ရား​သ​ခင်
ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ လူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။
ကိုယ်​တော်​သည်​ခေ​ရု​ဗိမ်​တို့​အ​ထက်​စံ​တော် မူ​၏။ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။ ထွ၊ ၂၅:၂၂။
ဇိ​အုန်​တောင်​ပေါ်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​၏။
ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို အ​စိုး​ရ​တော်​မူ​၏။
လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏
ကြီး​မြတ်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။
 
တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်၊
ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို မြတ်​နိုး​နှစ်​သက်​တော်​မူ​ပါ​၏။
ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် တ​ရား​မျှ​တ​မှု​စိုး​မိုး​စေ​တော်​မူ​ပါ​ပြီ။
အ​မှန်​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​ကို တည်​မြဲ​စေ​တော်​မူ​ပါ​ပြီ။
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။
ကိုယ်​တော်​၏​ရာ​ဇ​ပလ္လင်​တော်​ရှေ့​၌ ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။
ကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​တော် မူ​၏။
 
မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ကိုယ်​တော်​၏ ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​၏။
ရှ​မွေ​လ​သည်​လည်း​ကိုယ်​တော်​အား​ဆု​တောင်း ပတ္ထ​နာ​ပြု​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။
သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား
ဆု​တောင်း​ပတ္ထနာ​ပြု​သော​အ​ခါ​ကိုယ်​တော် သည် နား​ညောင်း​တော်​မူ​၏။
သူ​တို့​အား​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက်​ထဲ​က မိန့်​မှာ​တော်​မူ​၏။
သူ​တို့​သည်​လည်း​ကိုယ်​တော်​ပေး​တော်​မူ​သော
တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ကြ​၏။ ထွ၊ ၃၃:၉။
အို ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊
ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​ခေါ်​သော အ​ခါ ထူး​တော်​မူ​ပါ​၏။
ထို​သူ​တို့​ပြု​သည့်​အ​ပြစ်​များ​အ​တွက် ဒဏ်​ခတ်​တော်​မူ​သော်​လည်း
သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။
သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။
ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​၏။

99:1 ထွ၊ ၂၅:၂၂။

99:7 ထွ၊ ၃၃:၉။