100
ထော​မ​နာ​သီ​ချင်း12 * ဟေ​ဗြဲ​ခေါင်း​စဉ်။ ကျေး​ဇူး​တော်​ချီး​မွမ်း​သော​ဆာ​လံ။
အို ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊
သီ​ချင်း​ဆို​လျက်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော် ကို ချီး​မွမ်း​ကြ​လော့။
ထာ​ဝ​ရ​ဘု​ရား​အား​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ကြ​လော့။
ဝမ်း​မြောက်​ဖွယ်​ရာ​သီ​ချင်း​များ​ဆို​လျက် ရှေ့​တော်​သို့​ဝင်​ကြ​လော့။
 
ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဝန်​ခံ​ကြ​လော့။
ကိုယ်​တော်​သည်​ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​၍ ငါ​တို့​၏​အ​ရှင်​ဖြစ်​တော်​မူ​၏။
ငါ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​ကြ​၏။
ကိုယ်​တော်​စောင့်​ထိန်း​တော်​မူ​သည့်​သိုး​စု​ဖြစ် ကြ​၏။
 
ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​တံ​ခါး​တော် တွင်း​သို့ ဝင်​ကြ​လော့။
ထော​မ​နာ​ပြု​လျက်​တံ​တိုင်း​တော်​တွင်း​သို့​ဝင်​ကြ​လော့။
ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။
 
ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၏။
ကိုယ်​တော်​၏​မေတ္တာ​တော်​သည်
ထာ​ဝ​စဉ်​တည်​မြဲ​၍​သစ္စာ​တော်​သည် ကာ​လ​အ​စဉ်​အ​ဆက်​တည်​သ​တည်း။ ၅​ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊၃၃:၁၁။

12^ * ဟေ​ဗြဲ​ခေါင်း​စဉ်။ ကျေး​ဇူး​တော်​ချီး​မွမ်း​သော​ဆာ​လံ။

100:5 ၅​ရာ၊ ၁၆:၃၄။ ၆ရာ၊ ၅:၁၃၊ ၇:၃။ ဧဇ၊ ၃:၁၁။ ဆာ၊ ၁၀၆:၁၊ ၁၀၇:၁၊ ၁၁၈:၁၊ ၁၃၆:၁။ ယေ၊၃၃:၁၁။