13
အာဗြံ သမီး မောင်နှံတို့သည်လည်း ၊ လောတ နှင့်တကွ မိမိ တို့၌ ရှိသမျှ သော ဥစ္စာကိုယူ၍၊ အဲဂုတ္တု ပြည်မှ ထွက်သွား သဖြင့် ၊ ခါနာန်ပြည်တောင် ပိုင်းသို့ ရောက်ကြ၏။ ထိုအခါ အာဗြံ သည်၊ သိုး ၊ နွားစသည်တို့ကို၎င်း၊ ရွှေ ငွေ ကို ၎င်း အလွန် ရ တတ်၏။ တဖန် တောင် ပိုင်းမှ ခရီး သွား ၍ ၊ ဗေသလ နယ် အတွင်း ၊ ဗေသလ မြို့၊ အာဣ မြို့စပ်ကြား ၌ ၊ အထက် က တဲ ကိုဆောက်၍၊ ယဇ် ပလ္လင်ကိုတည် ခဲ့ဘူးသော အရပ် သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြု၏။ အာဗြံ နှင့်အတူ လိုက် လာသောလောတ သည်လည်း သိုး ၊ နွား များနှင့် တဲ အများရှိ သဖြင့်၊ ထိုလူနှစ်ဦးတို့သည် အတူ နေ ခြင်းငှါ ထိုမြေ မ ဆံ့ နိုင်။ ဥစ္စာ များ လွန်း၍ ၊ သူ တို့သည် တ ရပ်တည်း မ နေ နိုင် ကြ။ အာဗြံ ၏ နွား ကျောင်းသား၊ လောတ ၏ နွား ကျောင်းသားတို့သည်လည်း ခိုက်ရန် ပြုကြ၏။ ထိုအခါ ၊ ခါနာန် အမျိုးသား၊ ဖေရဇိ အမျိုးသားတို့သည် ထိုပြည် ၌ နေ ကြသတည်း။ အာဗြံ ကလည်း ၊ ငါ တို့သည် ညီအစ်ကို ချင်းဖြစ်လျက်၊ ငါ နှင့် သင် ၌ ၎င်း၊ ငါ့ နွား ကျောင်းသားတို့နှင့် ၊ သင့် နွား ကျောင်းသားတို့၌ ၎င်း၊ ခိုက်ရန် မ ရှိ ပါစေနှင့်။ မြေ တပြင်လုံး သည် သင့် ရှေ့ မှာရှိသည် မ ဟုတ်လော့။ ငါ နှင့် ခွာ ၍နေပါလော့။ သင်သည် လက်ဝဲ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ျာ ဘက်သို့သွားမည်။ သင်သည် လက်ျာ ဘက်သို့ သွားလျှင် ၊ ငါသည် လက်ဝဲ ဘက်သို့ သွားမည်ဟု ဆို၏။ 10  ထိုကာလအခါ၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို ထာဝရဘုရား ဖျက်ဆီး တော်မ မူမှီ၊ ဇောရ မြို့သို့ သွား သောလမ်း၊ ယော်ဒန် မြစ် ပတ်ဝန်းကျင် အရပ်ရပ် ၌ ရေ များ၍ ထာဝရဘုရား ၏ ဥယျာဉ် တော်ကဲ့သို့ ၎င်း အဲဂုတ္တု ပြည် ကဲ့သို့ ၎င်း ဖြစ်သည်ကို၊ လောတ မြော် ကြည့် ၍ မြင် လျှင်၊ 11  ယော်ဒန် ချိုင့် တရှောက်လုံး ကို ရွေးချယ် ၍ ၊ အရှေ့ သို့ ပြောင်း သွားသဖြင့် ၊ အချင်းချင်း တ ဦးနှင့် တဦးကွဲပြား ကြ၏။ 12  အာဗြံ သည် ခါနာန် ပြည် ၌ နေ လေ၏။ လောတ မူကား ၊ မြစ် ပတ်ဝန်းကျင်မြို့ တို့တွင် နေ ၍ ၊ သောဒုံ မြို့ နား မှာ တဲ ကို ဆောက်လေ၏။ 13  သောဒုံ မြို့သား တို့သည် ဆိုး သောသူ၊ ထာဝရဘုရား ရှေ့ ၌၊ အလွန် အပြစ် များသောသူဖြစ် ကြသတည်း။ 14  လောတ သည် အာဗြံ နှင့် ခွါ ၍ သွားပြီးမှ ၊ ထာဝရဘုရား သည် အာဗြံကိုခေါ်၍၊ သင် ရှိသော အရပ် က၊ တောင် ၊ မြောက် ၊ အရှေ့ ၊ အနောက် သို့ မြော် ကြည့် လော့။ 15  သင် မြင် သော မြေ တပြင်လုံး ကို၊ သင် နှင့် သင် ၏ အမျိုး အနွယ်အား ၊ ငါသည်ကာလ အစဉ်အမြဲပေး မည်။ 16  သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင် ၊ သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။ 17  သင်ထ ၍မြေ ကို အလျား အားဖြင့် ၎င်း ၊ အနံ အားဖြင့် ၎င်း ရှောက် သွားလော့။ သင် အား ငါပေး မည်ဟု မိန့် တော်မူ၏။ 18  တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။