14
ထို ရောအခါ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် ၊ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ တို့သည်၊ သောဒုံ မင်းကြီး ဗေရ ၊ ဂေါမောရ မင်းကြီး ဗိရရှ ၊ အာဓမာ မင်းကြီး ရှိနပ် ၊ ဇေဘိုင် မင်းကြီး ရှေမဘာ ၊ ဗေလာ မင်းကြီး တို့နှင့် စစ် တိုက် ကြ၏။ ဗေလပြည်ကား ၊ ဇောရ အမည်လည်းရှိသတည်း။ ထို ပြည်ရှိသမျှ တို့သည်၊ သောဒုံ အိုင် ဖြစ် သော စိဒ္ဒိမ် ချိုင့် တွင် နီးစပ် လျက်ရှိကြ၏။ တဆယ် နှစ် နှစ် ပတ်လုံးခေဒေါရလောမာ မင်းကြီးထံ ကျွန် ခံပြီးလျှင် ၊ တဆယ် သုံး နှစ် မြောက်သောအခါ ပုန်ကန် ကြ၏။ တဆယ် လေး နှစ် မြောက်လျှင် ၊ ခေဒေါရလောမာ မင်းသည်၊ မိမိ ဘက်ကနေသော မင်းကြီး တို့နှင့်တကွ လာ ၍ ၊ အာရှတရုတ်ကာနိမ် မြို့၌ ၊ ရေဖိမ် လူများကို၎င်း ၊ ဟာမ မြို့၌ ဇူဇိမ် လူများကို၎င်း ၊ ကိရယသိမ် ချိုင့်၌ ဧမိမ် လူများကို၎င်း၊ စိရ တောင် ပေါ် မှာဟောရိ လူများကို၎င်း လုပ်ကြံ၍၊ တော နား မှာရှိသော ဧလပါရန် မြို့တိုင်အောင် လိုက်ကြ၏။ တဖန် ပြန် လာ၍ ၊ ကာဒေရှ ပြည်၊ အင်မိရှပတ် မြို့သို့ ရောက် ပြီးလျှင်၊ အာမလက် ပြည် ရှိသမျှ ကို၎င်း ၊ ဟာဇဇုန္တာမာ မြို့၌ နေ သောအာမောရိ လူများကို၎င်း လုပ်ကြံ ကြ၏။ ထိုအခါ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီး ၊ အာဓမာ မင်းကြီး ၊ ဇေဘိုင် မင်းကြီး ၊ ဇောရ တည်း ဟူသော ဗေလာ မင်းကြီး တို့သည် ချီ ထွက်၍ စိဒ္ဒိမ် ချိုင့် ၌ စစ် ပြိုင် ကြ၏။ ထိုသို့ ဧလံ မင်းကြီး ခေဒေါရလောမာ ၊ ဂေါအိမ် မင်းကြီး တိဒလ ၊ ရှိနာ မင်းကြီး အံရဖေလ ၊ ဧလာသာ မင်းကြီး အာရုတ် တည်း ဟူသော၊ မင်းကြီး လေး ပါးနှင့်၊ မင်းကြီးငါး ပါးတို့သည် စစ်ပြိုင်ကြ၏။ 10  စိဒ္ဒိမ် ချိုင့် ၌ ရေညှိ အကျိအချွဲနှင့် ပြည့်သော တွင်း များ ရှိ၏။ သောဒုံ မင်းကြီး ၊ ဂေါမောရ မင်းကြီးတို့သည် ပြေး ၍ ထို တွင်းများ၌ ကျ လေ၏။ ကြွင်း သောသူတို့သည် တောင် သို့ ပြေး ကြ၏။ 11  အောင်သောမင်းတို့သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့၌ ရှိသမျှ သော ဥစ္စာ နှင့် မြို့ရိက္ခါ ရှိသမျှ တို့ကို ယူ ၍ သွား ကြ၏။ 12  သောဒုံ မြို့၌ နေ သောအာဗြံ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ တို့ကိုလည်း သိမ်းယူ ၍ သွား ၏။ 13  ထိုဘေးမှ လွတ် ၍ ပြေးသော သူတယောက်သည်၊ ဟေဗြဲ လူ အာဗြံ နှင့် မိဿဟာယ ဖွဲ့ သောသူ၊ ဧရှကောလ နှင့် အာနေရ ၏အစ်ကို အာမောရိ လူမံရေ ၏ သပိတ်တော နား မှာ နေ သောအာဗြံ ထံသို့ ရောက် ၍ ၊ သိတင်းကြား ပြောလေ၏။ 14  အာဗြံ သည် မိမိ အစ်ကို သားကို ဘမ်း သွား ကြောင်း ကိုကြား လျှင် ၊ မိမိ အိမ် ၌ ဘွား ၍ သွန်သင် သော လူသုံး ရာ တဆယ် ရှစ် ယောက်တို့ကို စီရင် ၍ ၊ ဒန် မြို့ တိုင်အောင် လိုက် လေ၏။ 15  ညဉ့် အခါ၊ မိမိ လူ တို့ကိုခွဲ ၍ တိုက် စေသဖြင့် ၊ လုပ်ကြံ ပြီးလျှင် ၊ ဒမာသက် မြို့မြောက် ဘက် ဟောဘ မြို့ တိုင်အောင် လိုက် ပြန်လေ၏။ 16  ရန်သူတို့သိမ်း သွားသော ဥစ္စာ ရှိသမျှ ကို၎င်း ၊ မိမိ အစ်ကို သား လောတ နှင့် သူ ၏ဥစ္စာ ကို၎င်း ၊ မိန်းမ များ နှင့် လူ များကို၎င်း၊ တဖန် ဆောင် ယူခဲ့လေ၏။ 17  ခေဒေါရလောမာ နှင့် ၊ သူ့ဘက်ကနေသောမင်းကြီး တို့ကို လုပ်ကြံ ရာမှ အာဗြံပြန် လာသောအခါ ၊ သောဒုံ မင်းကြီး သည် ခရီးဦးကြို ပြုခြင်းငှါ ရှာဝေ ချိုင့် တည်းဟူသောမင်းကြီး ချိုင့် သို့ ထွက်သွား ၏။ 18  အမြင့်ဆုံး သော ဘုရား သခင်၏ ယဇ် ပုရောဟိတ်ဖြစ်သော၊ ရှာလင် မင်းကြီး မေလခိဇေဒက် သည်လည်း ၊ မုန့် နှင့် စပျစ်ရည် ကို ဆောင် ခဲ့ပြီးလျှင်၊ 19  ကောင်းကင် မြေကြီး ရှင် ၊ အမြင့်ဆုံး သော ဘုရား သခင်သည် အာဗြံ အား ကောင်းကြီး ပေးတော်မူပါစေသောဟု၊ အာဗြံ ကို ကောင်းကြီး ပေး၍၊ 20  သင် ၏ ရန်သူ တို့ကို သင် ၏လက် ၌ အပ်နှံ တော်မူသော အမြင့်ဆုံး သော ဘုရား သခင်လည်း မင်္ဂလာ ရှိတော်မူစေသတည်းဟု မြွက်ဆို ၏။ အာဗြံသည်လည်း ဥစ္စာ ရှိသမျှတို့ကို၊ ထိုမင်း အား ဆယ် ဘို့တဘို့ လှူ လေ၏။ 21  သောဒုံ မင်းကြီး ကလည်း ၊ လူ တို့ကို ကျွန်ုပ် အား ပြန်ပေး ပါ၊ ဥစ္စာ တို့ကိုကား၊ ကိုယ်တိုင် ယူ ပါလော့ဟု အာဗြံ အား ပြော လိုလျှင်၊ 22  အာဗြံက၊မင်းကြီးသည်အာဗြံ ကိုငါ ရတတ် စေပြီဟုပြော စရာမ ရှိစေခြင်းငှါ 23  ကျွန်ုပ်နှင့်အတူလိုက်လာသောသူ၊အာနေရ၊ဧရှကောလ၊မံရေ တို့သည်မိမိ တို့အဘို့ ကိုယူ စေခြင်းငှါအခွင့်ပေးသဖြင်သူတို့ယူသောအဘို့ ကို၎င်း၊ထား၍၊မင်းကြီး၏ဥစ္စာ၊အပ်ခြည်တမျှင်ဖြစ်စေခြေနင်း ကြိုး တပင်ဖြစ်စေ၊တစုံတခု ကိုငါမ ယူ ဟု 24  ကောင်းကင် မြေကြီး ရှင်၊အမြင့်ဆုံး သောဘုရား သခင်ထာဝရဘုရား ရှေ့တော်၌၊ကျွန်ုပ် သည်လက် ကိုချီ ၍အဓိဌာန်ပြုပါပြီဟု၊သောဒုံ မင်းကြီး အား ပြောဆို လေ၏။