25
တဖန် အာဗြဟံ သည်၊ ကေတုရ အမည် ရှိသောမိန်းမ နှင့် စုံဘက် ၍၊ ထိုမိန်းမ သည် ဇိမရံ ၊ ယုတ်ရှန် ၊ မေဒန် ၊ မိဒျန် ၊ ဣရှဗက် ၊ ရှုအာ တို့ကို ဘွားမြင် လေ၏။ ယုတ်ရှန် သား ကား ၊ ရှေဘ နှင့် ဒေဒန် တည်း။ ဒေဒန် သား ကား ၊ အာရှုရိမ် လူ၊ လေတုရှိမ် လူ၊ လုမ်မိမ် လူတည်း။ မိဒျိန် သား ကား ၊ ဧဖါ ၊ ဧဖေရ ၊ ဟာနုတ် ၊ အဘိဒ ၊ ဧလဒါ တည်း။ ထို သူအပေါင်း တို့ကား ကေတုရ အနွယ် ဖြစ်ကြသတည်း။ အာဗြဟံ သည်၊ မိမိ ဥစ္စာရှိသမျှ ကို ဣဇာက် အား ပေး လေ၏။ မယားငယ် တို့၌ ရသောသား တို့အား လည်း ၊ မိမိ အသက် ရှင်စဉ်တွင်ဆုလပ် များကိုဝေပေး ၍ ၊ သား ဣဇာတ် ထံမှ အရှေ့ ပြည် သို့ လွှတ် လိုက်လေ၏။ ထိုနောက် အာဗြဟံ သည် အသက် ကြီးရင့်၍ ၊ အိုမင်း ခြင်း၊ နေ့ရက် ကာလပြည့်စုံ ခြင်းနှင့်တကွ ၊ အသက် ပေါင်း တရာ ခုနစ် ဆယ်ငါး နှစ် ရှိသော်၊ အသက်ချုပ် ၍ အနိစ္စ ဖြစ်သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။ သား ဣဇာက် နှင့် ဣရှမေလ တို့သည်၊ မံရေ မြို့ ရှေ့မှာ ၊ ဟိတ္တိ အမျိုးသား၊ ဇောရ သား ဧဖရုန် ၏လယ်ပြင် တွင် ၊ မပ္ပေလ မြေတွင်း ၌ အဘကို သင်္ဂြိုဟ် ကြ၏။ 10  ဟေသ အမျိုးသား တို့အား အဘိုးပေး၍ အာဗြဟံ ဝယ် သောလယ်ပြင် ၌ ၊ အာဗြဟံ နှင့် မယား စာရာ တို့ကို သင်္ဂြိုဟ် ကြသတည်း။ 11  အာဗြဟံ သေ သောနောက် ၊ သား ဣဇာက် ကို ဘုရားသခင် ကောင်းကြီး ပေးတော်မူ၏။ ဣဇာက် သည် ဗေရလဟဲရော မြို့မှာ နေ သတည်း။ 12  စာရာ ၏ကျွန်မ ၊ အဲဂုတ္တု ၊ အမျိုးသားဟာဂရ ဘွားမြင် သော အာဗြဟံ သား ဣရှမေလ ၏ သားစဉ်မြေးဆက် တည်းဟူသော၊ 13  မိမိ အမျိုးအနွယ် အလိုက် ၊ ဣရှမေလ သား များအမည် ဟူမူကား ၊ သား အကြီး နဗာယုတ်။ ထိုနောက် ကေဒါ ၊ အာဒဗေလ ၊ မိဗသံ၊ 14  မိရှမ ၊ ဒုမာ ၊ မာစ ၊ 15  ဟာဒဒ် ၊ တေမ ၊ ယေတုရ ၊ နာဖိရှ ၊ ကေဒမာ တည်းဟူသော၊ 16  ဣရှမေလ သား တည်း။ ထို သို့အမည် ရှိသောသူ တို့ သည်၊ မိမိ မြို့ ၊ မိမိ ရဲတိုက် အလိုက် ၊ အမျိုးမျိုး သော မင်း ဆယ် နှစ် ပါးဖြစ်သတည်း။ 17  ဣရှမေလ သည် အသက် တရာ သုံး ဆယ်ခုနစ် နှစ် ရှိသော်၊ အသက် ချုပ်၍ သေ သဖြင့် ၊ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်လေ၏။ 18  သူတို့သည်လည်း၊ အာရှုရိ ပြည်သို့ သွား ရာလမ်း အရှေ့၊ ရှုရ မြို့ တိုင်အောင် နေ ကြ၏။ ထိုသို့ ဣရှမေလ၏ နေရာသည်၊ မိမိ ညီအစ်ကို အပေါင်း အနား ၌ ကျ သတည်း။ 19  အာဗြဟံ သား ဣဇာက် ၏အဆက်အနွှယ် ဟူမူကား ၊ အာဗြဟံ သား ကား ဣဇာက် တည်း။ 20  ဣဇာက် သည်၊ အသက် လေးဆယ် ရှိ သောအခါ၊ ပါဒနာရံ အရပ်သူ၊ ရှုရိ အမျိုးဗေသွေလ ၏သမီး ၊ ရှုရိ လူ လာဗန် ၏ နှမ ရေဗက္က နှင့် အိမ်ထောင် လေ၏။ 21  ဣဇာက် သည်၊ မိမိ မယား ရေဗက္က မြုံ သောကြောင့် ၊ ထာဝရဘုရား ကို တောင်းပန် ၍ ၊ ထာဝရဘုရား နားထောင် တော်မူသဖြင့် ၊ သူ ၏မယား သည် ပဋိသန္ဓေ စွဲယူလေ၏။ 22  ဝမ်းအတွင်း ၌ တည်သောသူငယ် တို့သည်၊ အချင်းချင်းတိုက်ခိုက် ကြ၏။ အမိကလည်း၊ ထိုသို့ ဖြစ်၍ငါ ၌အဘယ် အမှုရောက်ပါလိမ့်မည်နည်းဟု ဆို သဖြင့် ၊ ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ သွား လေ၏။ 23  ထာဝရဘုရား ကလည်း ၊ သင် ၏ ဝမ်းအတွင်း ၌ လူမျိုး နှစ် မျိုးရှိ၏။ သင် ၏ဝမ်း ထဲက ခြားနား သော လူစု နှစ် စုကို ဘွားရလိမ့်မည်။ လူ တမျိုးသည် တမျိုး ထက် အားကြီး လိမ့်မည်။ အကြီး သည်အငယ် ၌ ကျွန် ခံရလိမ့်မည်ဟု မိန့် တော်မူ၏။ 24  ဘွား ချိန် စေ့ သောအခါ ၊ သူ ၏ဝမ်း ၌ သား အမွှာ ရှိ သဖြင့်၊ 25  အဦး ဘွား သောသားသည်၊ အမွေး ပါသောအဝတ် ကဲ့သို့ ဖြစ်၍ ၊ တကိုယ်လုံး အဆင်းနီ ၏။ သူ့ ကို ဧသော ဟူသောအမည် ဖြင့် မှည့် ကြ၏။ 26  ထိုနောက်မှ သူ့ ညီ သည်၊ အစ်ကိုဧသော ၏ ဖနှောင့် ကို ကိုင် လျက် ဘွား လာ၏။ သူ့ ကိုကား၊ ယာကုပ် အမည် ဖြင့် မှည့် ကြ၏။ ထို သားနှစ်ယောက်ကို ဘွား သောအခါ ၊ ဣဇာက် သည် အသက် ခြောက် ဆယ်ရှိသတည်း။ 27  သူငယ် တို့သည် ကြီးပွား ၍ ၊ ဧသော ကား လိမ္မာ သော တော သား မုဆိုး ဖြစ် လေ၏။ ယာကုပ် ကားတဲ ၌ နေ တတ်၍ စိတ်ကောင်း သောသူ ဖြစ်၏။ 28  ဣဇာက် သည်၊ ဧသော ပေးသောအမဲသား ကို စားလေ့ရှိသောကြောင့် သူ့ ကိုချစ် ၏။ ရေဗက္က မူကား ယာကုပ် ကို ချစ် ၏။ 29  တနေ့သ၌၊ ယာကုပ် သည် စားစရာကို ချက်ပြုတ်စဉ်တွင် ၊ ဧသော သည် တော မှ လာ ၍ မော သောကြောင့်၊ 30  ယာကုပ် အား ၊ ထို နီ သောစားစရာနှင့် ငါ့ ကို ကျွေး ပါလော့၊ ငါ မော ပါသည်ဟုဆို လေ၏။ ထိုကြောင့် သူ ၏နာမည် ကို ဧဒုံ ဟုတွင် သတည်း။ 31  ယာကုပ် ကလည်း ၊ ယနေ့ ပင် သင် ၏သားဦး အရာကို၊ ငါ့ အား ရောင်း ပါဟုဆိုလျှင်၊ 32  ဧသော က၊ ငါ သေ လုပြီ။ သားဦး အရာအားဖြင့် အဘယ် အကျိုး ရှိပါလိမ့်မည်နည်းဟုဆို ၏။ 33  ယာကုပ် ကလည်း ၊ ယနေ့ပင် ငါ့ အား ကျိန်ဆို ခြင်းကို ပြုပါဟုဆိုသော် ၊ သူသည်ကျိန်ဆို သဖြင့် ၊ ယာကုပ် အား မိမိ သားဦး အရာကို ရောင်း လေ၏။ 34  ထိုအခါ ယာကုပ် သည်၊ မုန့် နှင့် ပဲဟင်း ကို ဧသော အား ပေး သဖြင့်၊ သူသည် စားသောက် ပြီးမှ ထ ၍ သွား လေ ၏။ ထိုသို့ ဧသော သည်၊ မိမိနှင့် ဆိုင်သောသားဦး အရာကို မထီမဲ့မြင် ပြုသတည်း။