26
အာဗြဟံ လက်ထက် ထိုပြည် ၌ ဖြစ် ဘူးသော အစာခေါင်းပါး ခြင်းမှတပါး ၊ နောက်တဖန်အစာခေါင်းပါး ခြင်း ရှိပြန်သည်ဖြစ်၍ ၊ ဣဇာက် သည် ဖိလိတ္တိ မင်းကြီးအဘိမလက် နေရာဂေရာ မြို့သို့ သွား လေ၏။ ထာဝရဘုရား သည်လည်း သူ့ အား ထင်ရှား ၍ ၊ သင်သည် အဲဂုတ္တု ပြည်သို့ မ သွား နှင့်၊ ငါပြော လတံ့သော ပြည် ၌ နေ လော့။ ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။ သင် ၏အမျိုးအနွယ် ကို ကောင်းကင် ကြယ် ကဲ့သို့ များပြား စေမည်။ သင် ၏အမျိုးအနွယ် အား လည်း ၊ ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အမျိုးအနွယ် အားဖြင့် လည်း ၊ လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။ အကြောင်းမူကား ၊ အာဗြဟံ သည် ငါ့ စကား ကို နားထောင် ၍ ၊ ငါ စီရင် မှာထားသော ပညတ် တရား အမျိုးမျိုးတို့ကို စောင့်ရှောက် သတည်းဟုမိန့်တော်မူ၏။ ဣဇာက် သည် ဂေရာ မြို့၌ နေ စဉ်တွင် ၊ - မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသောအခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင်ရှိသောကြောင့်၊ ဤပြည် သားယောက်ျား တို့သည် သူ့ အကြောင်းကြောင့် ငါ့ ကိုသတ် မည်ဟုစိုးရိမ် ၍၊ သူသည် ငါ့ မယား ဖြစ်သည်ဟု မ ပြော မဆိုဝံ့၊ ငါ့ နှမ ဖြစ်သည် ဟု ပြော ဆို၏။ ထို မြို့၌ ကာလအတန်ကြာ နေပြီးမှ ၊ တနေ့သ၌၊ ဣဇာက် သည် မိမိ မယား ရေဗက္က နှင့် ကစား သည်။ ဖိလိတ္တိ မင်းကြီး အဘိမလက် သည် ပြတင်းပေါက် ဝက ကြည့် မြင်လျှင်၊ ဣဇာက် ကို ခေါ် ၍ ၊ ထို မိန်းမသည်၊ အကယ်စင်စစ် သင် ၏မယား ဖြစ်၏။ သို့ရာတွင် ၊ သူသည် ငါ့ နှမ ဖြစ်၏ဟု အဘယ် ကြောင့်သင်ပြော ရ သနည်းဟုမေး သော်၊ ဣဇာက် က၊ သူ့ အတွက် ကြောင့် ကျွန်ုပ်သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို ၏။ 10  အဘိမလက် မင်းကလည်း ၊ ငါ တို့၌ သင်ပြု သောအမှု ကား အဘယ်သို့ နည်း။ တစုံတယောက် သောသူသည်၊ သင် ၏မယား နှင့် အမှတ်တမဲ့ သင့် နေလျှင်၊ ငါ တို့ ခေါင်းပေါ် မှာ သင်သည် အပြစ် ရောက် စေလိမ့်မည် တကားဟု ဆိုပြီးမှ၊ 11  ဤ လင် မယားကို ပြစ်မှား သောသူသည် ဆက်ဆက်အသေ ခံရမည်ဟု မိမိလူ အပေါင်း တို့ကို မှာ ထားသနည်း။ 12  ထို ပြည် ၌ ဣဇာက် သည် မျိုးစေ့ကိုကြဲ ၍ ၊ တနှစ် ခြင်းတွင် အဆ တရာ သော အသီးအနှံ ကို ရလေ၏။ ထာဝရဘုရား သည်လည်း ၊ ကောင်းကြီး ပေးတော်မူသဖြင့်၊ 13  သူ သည်ကြီးပွါး ၍ ၊ အလွန် စည်းစိမ် ကြီး သည် တိုင်အောင် တိုးတက် လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။ 14  သိုးစု ၊ နွားစု များ၊ ကျွန် များ နှင့် ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့် ၊ ဖိလိတ္တိ လူတို့သည် သူ့ ကိုငြူစူ ကြ၏။ 15  အဘ အာဗြဟံ လက်ထက် ၌ ၊ အဘ ၏ကျွန် တို့ တူး သော ရေတွင်း ရှိသမျှ တို့ကို မြေ နှင့် ဖို့ ပိတ်ကြ၏။ 16  အဘိမလက် မင်းကလည်း ၊ သင်သည် ငါ့ တို့ထက် တန်ခိုး ကြီး၏။ ငါ တို့ထံမှ ထွက် သွားလော့ဟု၊ ဣဇာက် ကို အမိန့် ရှိသောကြောင့်၊ 17  ဣဇာက် သည် ထို မြို့မှ ထွက်သွား ပြီးလျှင် ၊ ဂေရာ ချိုင့် ၌ တဲ ကို ဆောက်၍ နေ လေ၏။ 18  ထိုအခါ ဣဇာက် သည်၊ အဘ အာဗြဟံ ကျွန်တို့ တူး ၍ ၊ အဘသေ သောနောက် ၊ ဖိလိတ္တိ လူတို့ဖို့သော ရေ တွင်း တို့ကို တူး ဘော်ပြန်၍ ၊ အထက်က အဘ သမုတ် သော အမည် ဖြင့် သမုတ် လေ၏။ 19  ဣဇာက် ကျွန် တို့လည်း ၊ ချိုင့် ထဲ၌ တူး ၍ စမ်း ရေ တွင်း ကို တွေ့ ကြ၏။ 20  ဂေရာ အမျိုးသားနွား ကျောင်းတို့ကလည်း ၊ ဤရေ သည် ငါ တို့ရေဖြစ်၏ဟု၊ ဣဇာက် ၏နွား ကျောင်းတို့ နှင့် လုယက် ပြော ဆိုကြ၏။ ထိုသို့ အချင်းချင်းလုယက် ကြသောကြောင့် ၊ ထိုရေတွင်း ကို ဧသက် အမည် ဖြင့်မှည့် လေ၏။ 21  နောက် တဖန် အခြား သောရေတွင်း ကို တူး ပြန် ကြ၏။ ထို ရေတွင်းကို လည်း တဖန် လု ကြသောကြောင့် ၊ သိတန အမည် ဖြင့် မှည့် လေ၏။ 22  ထို အရပ်မှ နေရာ ပြောင်း၍ ၊ အခြား သော ရေတွင်း ကို တူး ကြ၏။ ထို ရေတွင်းကို အဘယ်သူမျှမ လုယက် သောကြောင့် ၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရား ပေး တော်မူပြီ ဖြစ်၍ ၊ ဤပြည် ၌ ငါ တို့သည် စီးပွါး များကြလိမ့်မည်ဟုဆို လျက် ၊ ထို ရေတွင်းကို ရဟောဘုတ် အမည် ဖြင့် မှည့် သတည်း။ 23  တဖန် ထို အရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်း လေ၏။ 24  ထို နေ့ည မှာ ထာဝရဘုရား သည် ထင်ရှား ၍ ၊ ငါ သည် သင် ၏အဘ အာဗြဟံ ၏ ဘုရား ဖြစ်၏။ မ စိုးရိမ် နှင့်။ ငါ သည်သင့် ဘက် မှာရှိ၏။ ငါသည်ကောင်းကြီး ပေး မည်။ ငါ ၏ကျွန် အာဗြဟံ အတွက် ၊ သင် ၏အမျိုးအနွယ် ကို ငါများပြား စေမည်ဟု မိန့် တော်မူ၏။ 25  ထို အရပ်၌ ယဇ် ပုလ္လင်ကို တည် ၍ ၊ ထာဝရ ဘုရား ၏ နာမတော် ကို ပဌနာ ပြု၏။ တဲ ကိုလည်း တည်ဆောက် ၍ ၊ ကျွန် တို့သည် ရေတွင်း ကို တူး ကြ၏။ 26  ထိုအခါ အဘိမလက် မင်းသည်၊ အဆွေ တော် အဟုဇာတ် နှင့် ဗိုလ်ချုပ် မင်းဖိကောလ တို့ကို ခေါ်၍၊ ဂေရာ မြို့မှ ဣဇာက် ရှိရာသို့ သွား ၏။ 27  ဣဇာက် ကလည်း ၊ သင် တို့သည် ငါ့ ကို မြင်ပျင်း ၍ နှင်ထုတ် ပြီးမှ ၊ အဘယ်ကြောင့် လာ ကြသနည်းဟုမေး လျှင်၊ 28  ထိုသူတို့က၊ ထာဝရဘုရား သည် သင့် ဘက် မှာ ရှိ တော်မူကြောင်း ကို၊ ငါ တို့အမှန် သိမြင် သည်ဖြစ်၍၊ 29  ငါ တို့သည် သင့် ကိုမ ထိ မခိုက်၊ ကျေးဇူး ကိုသာ ပြု ၍ ၊ ငြိမ်ဝပ် စွာလွှတ် လိုက်သည်နည်းတူ ၊ သင် သည်ငါတို့ကို အပြစ် မ ပြုရဟု၊ ငါ တို့တစ်ဖက် ၊ သင့် တစ်ဖက် ၊ နှစ်ဘက်သား တို့သည်၊ သစ္စာ ဂတိထား၍ မိဿဟာယ ဖွဲ့ ကြစို့။ သင် သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါ၏ဟု ဆိုကြလေသော်၊ 30  ဣဇာက်သည်၊ သူ တို့အဘို့ စားသောက်ပွဲ ကို လုပ် ၍ ၊ အတူစား သောက် ကြ၏။ 31  နံနက် စောစော ထ၍ ၊ အချင်းချင်း တ ဦးနှင့် တဦးသစ္စာ ပြုလိုက်ပြီးမှ ၊ ဣဇာက် သည် သူ့ တို့ကို လွှတ် လိုက်၍ ၊ သူတို့သည် ငြိမ်ဝပ် စွာသွား ရကြ၏။ 32  ထိုနေ့ ၌ ပင် ဣဇာက် ကျွန် တို့သည် လာ ၍ ၊ မိမိတို့ တူး သောတွင်း ၌ ရေ တွေ့ ကြောင်းကို ပြော ဆိုကြလျှင်၊ 33  ထို ရေတွင်းကို ရှေဘ အမည် ဖြင့် မှည့် လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ ကို ဗေရရှေဘ မြို့ဟု ယနေ့ တိုင်အောင် တွင်လေသတည်း။ 34  ဧသော သည် အသက် လေးဆယ် ရှိ သောအခါ ၊ ဟိတ္တိ အမျိုးသားဗေရိ ၏သမီး ယုဒိတ် ၊ ဟိတ္တိ အမျိုးသားဧလုန် ၏သမီး ဗာရှမတ် တို့နှင့် အိမ်ထောင် လေ၏။ 35  ထိုမိန်းမတို့သည် ဣဇာက် နှင့် ရေဗက္က ၌ စိတ် နှလုံး ပူပန် စရာအကြောင်း ဖြစ် သတည်း။