13
1 ပညာ ရှိသောသား သည် အဘ  ၏ သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင် ပြုသောသားမူကား ၊ အပြစ်တင် ခြင်းကို နား  မ ထောင်တတ်။  
2 လူ သည် မိမိနှုတ် ၏အသီး တည်းဟူသော ကောင်း သောအရာကို စား  ရ၏။ ပြစ်မှားတတ်သော သူ မူကား  ၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။  
3 မိမိ နှုတ် ကိုစောင့် သောသူသည် မိမိ  အသက် ကို စောင့် ၏။ မိမိ  နှုတ် ကို ကျယ်ကျယ် ဖွင့်သောသူမူကား၊ ပျက်စီး ခြင်းသို့ရောက်တတ်၏။  
4 ပျင်းရိ သောသူသည် အဘယ်အရာကိုမျှ တောင့်တ  ၍  မ ရတတ်။ လုံ့လဝိရိယ  ပြုသောသူမူကား ၊ မိမိအလို  ဆန္ဒပြည့်စုံ ရ၏။  
5 ဖြောင့်မတ် သောသူသည် မုသာ  စကား ကို မုန်း  တတ်၏။ မ  တရားသောသူမူကား ၊ စက်ဆုပ် ဘွယ်ဖြစ်၍ ၊ အရှက် ကွဲခြင်းသို့ ရောက်တတ်၏။  
6 ဖြောင့်မတ် ခြင်းတရားသည် လမ်း မလွှဲသောသူကို စောင့် တတ်၏။ ဒုစရိုက် တရားမူကား ၊ အပြစ် ရှိသောသူကိုလှဲ တတ်၏။  
7 အလွန် ဆင်းရဲလျက် နှင့် ရတတ် ဟန်ဆောင်သော သူရှိ ၏။ အလွန် ရ တတ်လျက် နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်းရှိ၏။  
8 စည်းစိမ် သည် ရတတ်သောသူ ၏အသက် ကို ရွေး ဘို့ဖြစ်၏။ ဆင်းရဲ သောသူမူကား ၊ အပြစ်တင် သော စကားကို မ  ကြား ဘဲနေ၏။  
9 ဖြောင့်မတ် သောသူ ၏အလင်း သည် ရွှင်လန်း ၏။ မ  တရားသောသူ ၏မီးခွက် မူကား ၊ သေ ရလိမ့်မည်။  
10 မာန ကြောင့်သာ  ရန်တွေ့ ခြင်းဖြစ် ၏။ သတိပေးသော စကားကို  နားခံ သောသူမူကား  ပညာ ရှိ၏။  
11 လျှပ်ပေါ် ခြင်းအားဖြင့် ဥစ္စာ သည်လျော့ တတ် ၏။ ကြိုးစား အားထုတ် ၍  ဆည်းဖူး သောသူ ၏ဥစ္စာမူကား  ၊ ပြန့်ပွား တတ်၏။  
12 မြော်လင့် သောအရာသည် ဖင့်နွဲ လျှင်၊ စိတ် နှလုံးကို ပူပန် စေတတ်၏။ အလို  ပြည့်စုံ သောအခါမူကား  အသက် ပင် ဖြစ်၏။  
13 နှုတ်ကပတ် တော်ကို  မထီမဲ့မြင် ပြုသောသူသည် ပျက်စီး လိမ့်မည်။ ပညတ် တရားတော်ကိုခန့်ညား သော သူမူကား  ၊ ချမ်းသာ ရလိမ့်မည်။  
14 ပညာရှိ သောသူ၏တရား သည် အသေခံ  ရာ ကျော့ကွင်း တို့မှ ၊ လွှဲ ရှောင်ရာအသက် စမ်းရေ တွင်းဖြစ်၏။  
15 ကောင်း သောဉာဏ် ရှိသောသူသည် မျက်နှာ ရ တတ်၏။ ပြစ်မှား သောသူတို့ လမ်း မူကား ၊ ခက် သော လမ်းဖြစ်၏။  
16 သမ္မာ သတိရှိသော သူအပေါင်း တို့သည် ပညာ  အတတ်နှင့် ပြုမူ တတ်ကြ၏။ မိုက် သောသူမူကား ၊ မိမိမိုက်  သော အပြစ်ကို ထင်ရှား စေတတ်၏။  
17 မ တရားသောအစေခံ သည် မိမိစောင့် သောအမှု ကို  ဖျက် တတ်၏။ သစ္စာ  ရှိသော သံတမန် မူကား ၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။  
18 သွန်သင် ခြင်းကို ငြင်းပယ် သောသူသည် ဆင်းရဲ ခြင်းနှင့် ရှက်ကြောက် ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမ  သော စကားကို နားထောင် သော သူမူကား  ၊ ဂုဏ် အသရေကို ရလိမ့်မည်။  
19 အလိုဆန္ဒ ပြည့်စုံ ခြင်းအရာသည် ချိုမြိန် ၏။ ဒုစရိုက် ကို  ရှောင် သောအရာမူကား ၊ မိုက် သောသူတို့ စက်ဆုပ် သော အရာဖြစ်၏။  
20 ပညာရှိ တို့နှင့် ပေါင်းဘော် သောသူသည် ပညာ  ရှိတတ်၏။ လူမိုက် တို့နှင့် ပေါင်းဘော် သောသူမူကား ၊ ပျက်စီး တတ်၏။  
21 အပြစ် ရှိသောသူတို့ ကို ဘေး  လိုက် တတ်၏။ ဖြောင့်မတ် သောသူတို့ မူကား  ၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။  
22 သူတော် ကောင်းသည် သား  မြေးတို့အဘို့ အမွေဥစ္စာကို  ချန်ထားတတ်၏။ အပြစ် ရှိသောသူ ၏စည်းစိမ် မူကား ၊ ဖြောင့်မတ် သောသူတို့ အဘို့  သိုထား လျက်ရှိ၏။  
23 ဆင်းရဲ သား လယ်လုပ် ခြင်းအားဖြင့်စားစရာ ပွါးများ ၏။ သို့ရာတွင် ၊ မ တရား သော အမှုကြောင့်  ပျက်စီး ခြင်းသို့ ရောက် တတ်၏။  
24 ကြိမ်လုံး ကို မ  သုံးသောသူသည် မိမိ  သား ကို မုန်း ရာသို့ ရောက်၏။ သားကိုချစ် သောသူမူကား ၊ ငယ်  သောအရွယ်မှစ၍ဆုံးမ တတ်၏။  
25 ဖြောင့်မတ် သောသူသည် ဝ  စွာစား ရသောအခွင့်ရှိ၏။ မ  တရားသော သူမူကား  ၊ မွတ်သိပ် ခြင်းကိုခံရလိမ့်မည်။